Chapter 8

14.1K 1.5K 18
                                    

Yibo  <POV>

ဘာလိုလိုနဲ့ ရိုက်ကွင်းပြီးဖို့ တစ်လသာ လိုတော့သည်။ အကုန်လုံးနီးပါးလည်း ပြီးနေပြီမို့ ဇာတ်ကောင်တွေကို နှုတ်ဆက်ဖို့ပင် နီးနေပြီ။ wuxi ရိုက်ကွင်းက ပြန်လာပြီးကထဲက Magazine cover photo shooting တွေပါ တောက်လျှောက် လက်ခံနေရတာမို့ နားချိန်တောင်မရှိ။

ဇာတ်ကားက trailer ပြပြီးကထဲက hot search ထိပ်ဆုံးတွင် ရောက်နေပေပြီ။ ဒါထက် Xiaozhan ကို ပရိသတ်က အရမ်းကို သဘောကျနေသည် ဆိုရမည်။ သူ့ Visual နဲ့ သရုပ်ဆောင်ချက်တွေကြောင့် နာမည်တော်တော်ရနေပြီ ဖြစ်သည်။

ပိုထူးဆန်းတာက ကျွန်တော့် fan တွေကပင် ကျွန်တော့်ကို သူနဲ့ သဘောတူနေကြတာ။ တကယ် လိုက်တယ်၊ တကယ်တွဲရင်ကောင်းမယ် ဆိုသည်က နေ့တိုင်း တက်လာသော သတင်းများပင်။ အရင်ကားတွေဆို ကျွန်တော့်ကို fan တွေက တွဲဖက်တွေနဲ့ သဝန်တိုကြသလောက် သူနဲ့တော့ အရမ်းကို dating news ထွက်စေချင်နေကြတာ။

အပြင်က fans တွေကသာ ကျွန်တော်တို့နှစ်ယောက်ကို သဘောတူသလောက် ရိုက်ကွင်းထဲက လူတွေကတော့ သူ့ကို ကောနဲ့သာ သဘောတူပြီးသားပင်။

ကောရဲ့ သည်းသည်းလှုပ် ဂရုစိုက်ပြနေမှုနဲ့ သူ့ရဲ့ ကောပေါ်ခင်တွယ်မှုက staff များအကြား သဘောတူချင်စရာပင်။

Wuxi ကပြန်လာထဲက ကျွန်တော်လည်း သူ့ကို အလုပ်သဘောအရမှလွဲလျှင် ရှောင်နေဖြစ်တယ်။ သူနဲ့ နီးကပ်နေလို့ မဖြစ်မှန်း ကျွန်တော် သိပြီးနောက် သူ့ကို အရင်လူတွေလိုသာ ဆက်ဆံလိုက်တော့သည်။ သူကတော့ အရင်တိုင်းပါပဲ ကျွန်တော့်နား တစ်ခါတလေမှသာ ကပ်တာ။ နောက်ပိုင်း kiss ခန်းတွေတောင် တကယ်မရိုက်တော့။ အရင်လို ဟန်ဆောင်ပြီးသာ ရိုက်တော့သည်။ သူ သတိထားမိပေမယ့် ထူးထူးခြားခြားမဆို၊ အစလည်းမဖော်။ အမြဲလိုလို ကော နား‌တွင်သာ သူ နေတတ်တယ်။

သူ ပြောသလို ကျွန်တော်မကြိုက်မှာစိုးလို့ မကပ်တာလို့ ပြောထားကထဲက ကျွန်တော်လည်း အရမ်း ခံစားမနေမိတော့။ ကောအတွက်တော့ အ‌ခြေအနေ‌ကောင်းမှာပါ။ ဇာတ်လမ်းပြီးမယ့် အချိန်ကို ကျွန်တော် ကြောက်နေမိပြီ။ တစ်ခါတလေ ဒီဇာတ်ကားကို လက်မခံခဲ့မိရင် ကောင်းသား အတွေးတွေက နေ့တိုင်းနီးပါး ပေါ်လာနေတယ်။ ဒီလောက် ရှောင်နေပါရက်နဲ့ မြင်နေရတိုင်း ဖမ်းဆုပ်ထားချင်တဲ့စိတ်က ထိန်းမရ။ ကျွန်တော် ရောဂါရင့်နေပြီ ထင်ပါရဲ့။

Because Of You [Completed]Where stories live. Discover now