Chapter 14

12.9K 1.3K 37
                                    

"ကော ဘယ်လိုတွေ လုပ်နေတာလဲ။ ကော အပိုင်သိမ်းတဲ့နည်းက အဲ့လိုကြီးလား။ အဲ့လိုသာ လုပ်ရင် Xiaozhan ကောကို လန့်သွားလိမ့်မယ်"

"ကော တကယ် စိတ်လွတ်သွားတာ။ သူ့ဆီက ငြင်းခံရတော့ ဘယ်လိုဖြစ်သွားမှန်းမသိဘူး။ သူ့မှာ ချစ်ရမယ့်သူ ရှိမယ်လို့လည်း မထင်ထားဘူး"

"ဟက်...ကောက ပျော့လိုက်တာ။ ကျွန်တော် ပြောခဲ့သားပဲ သူ ကောကို မကြိုက်ပါဘူးလို့။ တစ်ခါလေး ငြင်းခံရရုံနဲ့ ဒီလောက်သောင်းကျန်းပြနေလို့ ဘယ်ဖြစ်မှာလဲ။ Yibo လို ခြောက်နှစ်လုံးမှာ အခါခြောက်ဆယ်လောက် ငြင်းနေတာကိုသာ ကြုံရရင် ကော ရူးများသွားမလားပဲ"

"ခုမှ မင်းကို နားလည်ပေးလို့ရပြီ ထင်တယ်။ ကော တကယ် သူ့ကို လက်မလွှတ်ပေးနိုင်ဘူး။ ကော သူ့ကို တကယ်ချစ်တာ။ ဘယ်လိုဆက်လုပ်ရမလဲ"

"စိတ်ရှည်ပါ။ ကော သူ့ကိုချစ်တယ်ဆို ပေါ်တင်ကြီး မကြမ်းနဲ့လေ။ သူက စိတ်ပျော့ပုံရတယ်၊ အားနာတတ်တယ်၊ သူများကို သနားတတ်တယ်။ အဲ့အချက်တွေကိုသုံး။ သူ့ပုံစံက ကြမ်းကြမ်းတမ်းတမ်း လုပ်လို့မရဘူး။ စိတ်ပျော့ပုံသာရတာ ဆတ်ဆတ်ထိမခံဘူး။

အဲ့လိုသာ ကြမ်းလိုက်ရင် ကောကို သူမုန်းပြီး နောက်ဆို ကပ်လို့တောင်ရမှာ မဟုတ်တော့ဘူး။ သူ ချစ်တဲ့သူ ဘယ်သူလဲ ကော စုံစမ်းထားပေး။ ကျန်တာ ကျွန်တော် ဆက်ရှင်းလိုက်မယ်။ ပြီးတော့ သူ့ကို ပြန်တောင်းပန်လိုက်။ သူ့ရဲ့ အားနာတတ်တဲ့စိတ်ကို အသုံးချကြည့်"

"အင်း"

"ဘယ်သူလဲသိရင် ကျွန်တော့်ကိုပြော။ လွန်ခဲ့တဲ့ ခြောက်နှစ်က ကျွန်တော့်အတွက် ဝေ့ရင်းကို ရှင်းခဲ့ပေးတာမို့ ဒီတစ်ခါ ကောကို အဲ့ကျေးဇူး ပြန်ဆပ်ချင်လို့"

"ဝေ့ရင်း ပြန်ပေါ်လာတယ်ဆို။ အဲ့တုန်းက သေချာလုပ်ခဲ့တာကို"

"ကျွန်တော်လည်း သေချာမသိဘူး။ တကယ်ပဲ ပေါ်လာတာလား၊ ကျွန်တော်တို့ကို ထောင်ချောက်ဆင်နေတာလား မပြောနိုင်သေးဘူး။ အချိန်ဆွဲနေလို့တော့ မရဘူး။ အခုတလော Yibo ကလည်း ပုံမှန် သိပ်မဟုတ်တော့ဘူး။ သူ ဘာတွေသိနေလဲ မပြောတတ်သေးဘူး။ တကယ်ဆို ဟိုနေ့က ရိုက်ကွင်းမှာ သောင်းကျန်းသလိုမျိုး သူ လုပ်ဖို့မှ မလိုတာ။ အရင်လို လျှောက်မြင်နေတာလားပဲ။ သူ တကယ်မြင်တယ်ဆိုရင်တော့ ဒီအတိုင်း လွှတ်ထားလို့မရတော့ဘူး"

Because Of You [Completed]Where stories live. Discover now