Chapter 10

13.9K 1.4K 6
                                    

"ဒါ ဘာတွေလဲ"

Xiaozhan တစ်ယောက် မုန့်ယောင် လာပြသည့် ဖုန်းထဲက ပုံကို တစ်ချက်ကြည့်လိုက်တော့ မနေ့က တိုက်ရှေ့မှာရပ်နေကြတဲ့ Yibo နဲ့ သူ၏ ပုံတွေက ဒီမနက် ပလူပျံနေခြင်းပင်။ ပါပါရာဇီတွေ စောင့်ကြည့်နေတာကို သတိလက်လွတ်ဖြစ်သွားကြမိတာမို့ အခုတော့ တွဲနေပြီလားဆိုတာတွေနဲ့ trending ဖြစ်နေပြီ။

"ဘာမှမဟုတ်ဘူး။ ဒီတိုင်း rumors ပဲ"

"just rumors ပဲ ဟုတ်လို့လား။ ဒါကရော"

Yibo ဆိုင်ကယ်ပေါ်မှာ ကျွန်တော် ထိုင်နေတဲ့ပုံကို မုန့်ယောင် ထပ်ပြလာပြီး...

"Yibo က သူ့ဆိုင်ကယ်နောက်မှာ ဘယ်သူ့မှ မတင်ဘူး။ မင်း ဘယ်လိုရအောင် ကပ်လိုက်တာလဲ။ မင်းက အဲ့လောက် attention လိုချင်တာလား"

"ဟက် ဘာတွေပေါက်ကွဲနေတာလဲ။ သူ့ဆိုင်ကယ်နောက်ကို မရိုးသားတဲ့သူတွေကို မတင်ချင်လို့ နေမှာပေါ့။ ငါတို့က ဘာမှမပတ်သက်ဘူး။ ပြီးတော့ စိတ်ပူမနေနဲ့။ ငါ Yibo ကိုလည်း စိတ်မဝင်စားဘူး"

ပြောပြီး လှည့်ထွက်မည်အပြု မုန့်ယောင် ကျွန်တော့်အင်္ကျီကော်လံစကို လှမ်းဆွဲလာသည်မို့ ဒေါသက ထောင်းခနဲ။

"မုန့်ယောင် မင်း လက်ဖယ်လိုက်နော်။ ပြီးမှ ငါ့အဆိုးမဆိုနဲ့"

"အိုး. . .မင်းက ဘာလုပ်ချင်လို့လဲ။ မင်း သရုပ်အမှန်က ဘာလဲဆိုတာ ငါ မသိဘူး ထင်နေလား။ သနားစရာ ချစ်စရာကောင်းအောင် လုပ်ပြနေပြီး ကောကိုရော Yibo ကိုပါ မင်းဘက်ပါအောင် လုပ်နေတာ။ အထူးသဖြင့် Yibo က တွဲဖက်တွေနဲ့ အဲ့လောက် နီးနီးကပ်ကပ် မနေဖူးဘူး"

"အဲ့တော့? Yibo လည်း လူသားပဲလေ။ သူရော ငါ့အပေါ် ခံစားချက်ရှိလို့မရဘူးလား။ မင်းနဲ့သူက သူငယ်ချင်းအပြင် ဘာမှ မပိုသေးဘူးလေ။ ဘာလို့ ငါ့ကို ဒီလိုလာဆက်ဆံနေတာလဲ၊ မင်း လက်ကို အခုလွှတ်"

မလွှတ်သည့်အပြင် ပိုပို တင်းကျပ်လာသည်မို့ သူ့လက်နှစ်ဖက်ကို ပြန်ဆုပ်ကိုင်ပြီး စောင့်တွန်းရန် အလုပ်...

အားးး

ကျွန်တော်တောင် ဘာမှမလုပ်ရသေးခင် ခွေခွေလေး ပြုတ်ကျသွားသည့် မုန့်ယောင်။

Because Of You [Completed]Where stories live. Discover now