Chapter 5

15.4K 1.5K 3
                                    

အခုတလော ရိုက်ကွင်းကို နေ့ရောညပါ မနားတမ်း အချိန်ယူရိုက်နေရသည်။ အခုက wuxi ဘက်ကို ဆယ်ရက် သွားရိုက်ရမှာမို့ လူစုံအောင် စောင့်နေခြင်းပင်။ လူစုံအောင် ဆိုတာထက် ကျွန်တော်ရယ်၊ Xiaozhan ရယ်၊ မုန့်ယောင်နဲ့ ရှီးချန်ကော ကျွန်တော်တို့လေးယောက်က တူတူထွက်မှာမို့ သူတို့ကို စောင့်နေခြင်းပင်။

ထိုစဉ် မုန့်ယောင် အရင်ဆုံး ရောက်လာခဲ့သည်။

"Yibo ရောက်နေတာ ကြာပြီလား"

"သိပ်မကြာသေးဘူး။ ရှီးချန်ကော နဲ့ Xiaozhan ရော။ ငါ မင်းတို့တူတူလာကြမယ် ထင်နေတာ"

"ငါ အရင်ထွက်လာလိုက်တာ။ ကောက Xiaozhan ဗိုက်အောင့်နေတယ်ဆိုလို့ ဆေးလိုက်ဝယ်ပေးနေတယ်။ ခဏနေ ရောက်မယ် ထင်တယ်"

"Xiaozhan?"

"အင်း၊ ဟိုမှာ လာနေကြပြီ"

ကောကြည့်ရတာ Xiaozhan ကို အရိပ်တကြည့်ကြည့်နဲ့ စိုးရိမ်နေပုံရသည်။

"တကယ်ရရဲ့လား Xiaozhan ဆေးခန်းသွားပြမလား"

"ရတယ် ကော။ ဆေးသောက်လိုက်ရင် သက်သာသွားမှာ။ ကျွန်တော်က အစာအိမ်ရောဂါရှိတော့ အဲ့လိုပဲဖြစ်ဖြစ်နေကြ"

ကောကြည့်ရတာ တော်တော် စိတ်ပူနေပုံပင်။Xiaozhan ကို ကြည့်ရတာလည်း မသက်မသာနှင့်။ ကျွန်တော်ကတော့ စောင့်ရတာ စိတ်မရှည်တော့။

"ကောတို့ကလည်း နောက်ကျလိုက်တာ။ စုံပြီဆို ထွက်ရအောင်"

ကျွန်တော်ပြောပြီးတာနဲ့ သူတို့ကို ကြည့်ရတာလည်း မျက်စိနောက်တာမို့ ကားပေါ်သာ အရင်တက်လိုက်သည်။ ကားက အံစာတုံးကားမို့ ကျွန်တော် နောက်ဆုံးခုံမှာပဲ ဝင်ထိုင်လိုက်သည်။ မုန့်ယောင်က ကျွန်တော့်ဘေး လာထိုင်ပြီး ကောတို့က ဒုတိယတန်းကခုံမှာ ဝင်ထိုင်တယ်။ ရှေ့ဆုံးမှာဝောာ့ ဒါရိုက်တာကြီးနဲ့ ဒရိုင်ဘာက စောင့်နေကြတာပင်။

ကားထဲရောက်ရောက်ချင်း ဒါရိုက်တာကြီးက...

"Xiaozhan ရရဲ့လား"

"ရပါတယ်၊ ကျွန်တော် ခဏအိပ်ပြီး လိုက်လာလိုက်ရင် သက်သာသွားမှာ။ စိတ်မပူပါနဲ့။ ကျွန်တော် ဆေးလည်း သောက်ထားပြီးပြီ"

Because Of You [Completed]Where stories live. Discover now