Chapter 7

14.4K 1.5K 6
                                    

Xiaozhan <POV>

ဒီရောက်မှ ကျွန်တော် ချူချာနေပုံပင်။ ရောက်ခါစကလည်း ဗိုက်အောင့်လို့ ရိုက်ကွင်းကို တစ်ရက် ဖျက်လိုက်ရတယ်။ အခုလည်း ခေါင်းတွေမူးပြီး ဖျားချင်သလို ဖြစ်နေပြန်ပြီ။ မဟုတ်ဘူး ဖျားနေတယ်ဆို ပိုမှန်လိမ့်မည်။ ဒါပေမဲ့ ကျွန်တော် ဘယ်သူ့ကိုမှ မပြောတော့။ ရှုတင်က သုံးရက်ပဲ ကျန်တော့တာမို့ ထပ်နားလို့ မဖြစ်တော့။ ကျွန်တော့်ကြောင့် ရွှေ့ရွှေ့နေရတာမျိုးတွေ မဖြစ်စေချင်။

ဒီနေ့အခန်းက ကျွန်တော်နဲ့ ကောက အဓိက ရိုက်ရမှာ၊ Yibo နဲ့က တစ်ခန်းသာ ပါသည်။ သူနဲ့ဆို စိတ်ကို ပိုတင်းထားနေရမှာ။ ကောနဲ့ဆိုတော့ နည်းနည်းသက်တောင့်သက်သာ ဖြစ်သည်ဆိုရမည်။

ဒါရိုက်တာကြီးက ကောနဲ့ရိုက်ရမည့် story lines  ပုံစံတွေ ရှင်းပြပေးနေသည်။ Yibo လည်း ရိုက်ကွင်းထဲမှာပဲ ထိုင်နေတယ်။ သူက သူရိုက်ရတဲ့အခန်း မပါရင်တောင် ရိုက်ကွင်းထဲမှာပဲ ရှိနေပေးတတ်သည်။ တစ်ခါတလေ ကျွန်တော်နဲ့ မုန့်ယောင် ရိုက်ရတဲ့ အခန်းတွေကို ဘယ်ရှုထောင့်ကလုပ်ရင် ပိုကောင်းတယ်၊ ဘယ်လိုထပ်ဖြည့်သင့်တယ်ပါ အကြံပေးတတ်သည်။

ကျွန်တော် ဆေးသောက်ထားတာမို့ ပထမ တစ်ခန်း နှစ်ခန်းတော့ အဆင်ပြေနေသား။ တဖြည်းဖြည်း ဆေးအရှိန်ပြလာတာကြောင့် ချွေးပြန်လာပြီ။ ဝတ်ရုံကလည်း ပူတာမို့ ကျွန်တော် မသက်မသာပင်။

"Xiaozhan မင်း ချွေးတွေ တအားထွက်နေပါလား။ အရမ်းပူလို့လား"

"ဟုတ်တယ် ကော။ ဒီနေ့ တော်တော်ပူနေသလိုပဲ။ ကျွန်တော် ခဏ သွားထိုင်လိုက်မယ်နော်"

"အင်း၊ သွားထိုင်ပြီး နားနေလိုက်။ ပြီးမှ ကော လိုက်ခဲ့မယ်"

Yibo ဘေးက ခုံမှာပဲ လာဝင်ထိုင်လိုက်တော့တယ်။ ကျွန်တော် ခုံ‌ရဲ့ နောက်ကျောကို မှီချပြီး မျက်လုံး မှိတ်ထားလိုက်ရသည်။ မြင်ကွင်းတွေက နှစ်ထပ်ဖြစ်လာပြီမို့ အာရုံသိပ်မစိုက်နိုင်တော့။

ခဏအကြာ ကျွန်တော့်လက်ကို ဆုပ်ကိုင်လာသည့် လက်တစ်စုံကြောင့် မျက်စိဖွင့်ကြည့်ဖို့ အားယူမိပေမယ့် မဖွင့်နိုင်အောင် မူးနေပြီ။ ကျွန်တော် ဒီတိုင်းဆို မူးလဲတော့မယ် ထင်ပါရဲ့။ ချွေးတွေက မျက်နှာသစ်ထားသလို ဖြစ်နေပြီမှန်း သိနေပေမယ့် မသုတ်နိုင်တော့။

Because Of You [Completed]Where stories live. Discover now