Chapter 34 ( Final )

22.6K 1.3K 217
                                    


🍁 If I know What Is Love , It Is ,Because Of You 🍁

Yibo  <POV>

ဝမ်ချောင်...ဒါ ငါ ပထမဆုံး မင်းဆီလာဖြစ်တာပဲ။ အရမ်းနောက်ကျသွားလို့ စိတ်မဆိုးပါနဲ့နော်။ ငါ မနှစ်ကမှ အတိတ်တွေကို ပြန်သတိရလာခဲ့တာ။ 

ငါ အခု မင်းကို ကတိပေးခဲ့ဖူးသလို ဝေ့ရင်းကို စောင့်ရှောက်ပေးနေတာမို့ မင်း စိတ်ချလက်ချ အနားယူလို့ရပြီနော်။

နောက်ဘဝတွေကျရင်တော့ မင်းအသက်ရှည်ရှည်နေရပြီး ငါတို့သူငယ်ချင်းအဖြစ် ပြန်ဆုံစည်းချင်ပါတယ်ကွာ။ ငါ မင်းနဲ့စတွေ့ခဲ့တဲ့ နေ့ကို အခုထိ မှတ်မိနေတုန်းပဲ။ မင်း ဝေ့ရင်းရှေ့မှာ ငါ့ကို စပ်ဖြီးဖြီး လုပ်ပြနေတာလေ။ နောက်ပိုင်း ဝေ့ရင်းနဲ့ ပက်သက်ပြီးထဲက ငါတို့တွေ သူမသိအောင် ခိုးလုပ်ခဲ့တာတွေ ...ကျောင်းမှာ Wang နှစ် Wang ဂိုဏ်းလုပ်လိုက်ကြသေးတာတွေ...အရက်တွေ ခိုးသောက်ခဲ့တာတွေ။ အဲ့တုန်းက တကယ်ပျော်ဖို့ကောင်းခဲ့ကြတာ။

Flashback.....

🍁 " ဝမ်ချောင် ...အနောက်မှာ ဝေ့ရင်း လာနေပြီ..."

" ဟင်..ဘယ်မှာလဲ..."

" Haha ..."

" Wang Yibo ...မင်း ငါ့ကို နောက်စရာမှတ်နေလား..."

" မင်းပုံစံက ရယ်ရတာကိုး။ မင်း ဝေ့ရင်းကို ဘာလို့ အဲ့လောက်ကြောက်တာလဲ..."

" ကြောက်တာမဟုတ်ဘူးကွ...သူမကြိုက်တာ မလုပ်ချင်လို့။ သူက ကျောင်းပြေးတာသိရင် အရမ်းစိတ်ဆိုးတာ..."

" အဲ့ဒါဆိုလည်း မလုပ်နဲ့ပေါ့။ ပြီးတော့လည်း ခိုးလုပ်နေတာများ..."

" ဟေ့ကောင် မင်း သူ့ကို ပြန်မပြောနဲ့နော်။ ငါ ဟိုဖက်ကျောင်းက ကောင်တွေနဲ့ ချိန်းထားပြီးသားဖြစ်နေပြီ။ သူမသိစေနဲ့နော် ...သွားပြီ ဟေ့ရောင်..."

" ဟက် ...လူမိုက်ဖြစ်ပြီး တစ်ချက်စာလောက်ရှိတဲ့ သူကိုများ ကြောက်နေရတယ်လို့..."

🍁 " Yibo မင်းကွာ ရုံးခန်းရောက်ပေါင်းလည်း များနေပြီ...နောက်တစ်ခါဆို ငါ မင်းမိဘတွေဆီ အကြောင်းကြားမှာနော်...ခုက ဝေ့ရင်းကိစ္စကြောင့်မို့ မင်းကို လာ အာမခံပေးတာ။ ဘယ်နှယ့် နည်းနည်းပါးပါးလည်း ထိန်းပါဦး..."

Because Of You [Completed]Where stories live. Discover now