Chapter 16

13.8K 1.4K 17
                                    

လွန်ခဲ့သော 9နှစ် (2010)

ချောင်ကျကျ အခန်းလွတ်တစ်ခု။ တစ်နည်းဆိုရလျှင် ကျောင်းရဲ့ ဆိုးပေမှုတို့ကို သရဖူဆောင်းထားသူတို့၏ နားခိုရာ။ သူတို့ကို ဘယ်သူမှ မထိရဲဘူးဆိုသည့် ဂုဏ်ပုဒ်တွေနဲ့ ကျေနပ်နေကြသူများပင်။ ဆရာများပင် အပြစ်ပေးရလွန်း၍ မနိုင်လွန်းလို့ မျက်နှာလွှဲ ခဲပစ် လုပ်ထားကြရရှာသည်။ အခုလည်း သူတို့ရဲ့ နေရာသို့ ဖမ်းချုပ်ခေါ်ခံလာရသည့် ကောင်လေးတစ်ယောက် ရှိနေပြန်ပေပြီ။ ဒါ တစ်ဖက်လူက သူ့ကို လာကျော်တာနဲ့ နဂါးမှန်းသိအောင် အမောက်ထောင်ပြသော ပထမအဆင့် ခြိမ်းခြောက် သတိ‌ပေးမှု တစ်မျိုးပင်။

"ဟက်. . .Wang Yibo ဆိုတာ မင်းကိုး။ ရုပ်လေး ဗန်းပြပြီး မိန်းကလေးတွေဆီက attention ယူနေတာကိုများ။ ကျောင်းက မိန်းမတွေကလည်း ရုပ်လေးချောတာနဲ့ ကောက်ကောက်ပါချင်နေတာပဲ ဘာမှမမြင်နိုင်ကြဘူး"

"မင်းထက်တော့ ပိုကြည့်ကောင်းတာပဲလေ"

"ဘာလို့ ငါ့လူတွေကို ရန်ရှာတာလဲ။ ငါ ဘယ်သူလဲဆိုတာ မသိဘူးလား"

"မသိဘူး"

"မင်း ငါ့ဒေါသကို ဆွနေတာလား"

"ဪ. . .တကယ်မသိတာပါဆို။ ခု ငါဘာလို့ ဒီအခန်းထဲမှာ မင်း မျက်နှာထိုင်ကြည့်နေရလဲ ဆိုတာတောင် မသိဘူး။ ပြောစရာရှိ မြန်မြန်ပြော။ ရှိုးထုတ်မနေနဲ့။ ငါ မကြောက်တတ်ဘူး"

"တောက်. . .မင်းက တော်တော်အကြောတင်းတာပဲ။ အေး၊ မင်း ဟိုနေ့က ချခဲ့တဲ့ ကောင်တွေက ငါ့လူတွေ။ ဒီကျောင်းမှာ ငါ့လူတွေကို မထိရဲဘူး။ ငါ့နာမည် မှတ်ထား၊ ဝမ်ချောင်။ မင်းက ကျောင်းသားအသစ်မို့ ဒီနေ့တော့ နည်းနည်း ခေါ်ပြီး သတိပေးရုံအဆင့်ပဲ။ နောက်တစ်ခေါက်ဆို ဘာလုပ်မလဲ ငါ အာမမခံဘူးနော်။ ငါ့အကြောင်း မသိသေးရင် ကျောင်းကကြိုက်တဲ့သူကို မေးထားလိုက်"

"မင်းလူတွေ ငါ့သူငယ်ချင်းနှစ်ယောက်ကို လာမထိရင် ငါလည်း ပြန်မထိဘူး။ မင်းသာ ငါနဲ့ကင်းကင်းနေ။ စိတ်ပျက်ဖို့ ကောင်းလို့"

ထိုစဉ် ကောင်လေးတစ်ယောက် အတင်းပြေးဝင်လာသည်။

"ခဏပဲဆို"

Because Of You [Completed]Where stories live. Discover now