Chapter 12

13.3K 1.4K 6
                                    

"စားလေ Xiaozhan ဗိုက်မဆာဘူးလား"

"တော်ပြီ ကော၊ ကျွန်တော် ဗိုက်ပြည့်နေပြီ"

"မင်းက တကယ် အစားကို ကောင်းကောင်း မစားတာပဲ။ အဲ့ဒါမို့ အစာအိမ်ရောဂါ ဖြစ်လာတာနေမှာ"

"ကောကလည်း ကျွန်တော် ကလေး မဟုတ်ပါဘူး။ တွေ့တိုင်း တစ်ခုမဟုတ် တစ်ခု ဆူနေတော့တာပဲ။ ဒါနဲ့ ကော ပြောစရာရှိတယ်ဆိုတာ ပြောလေ"

ကော ပုံစံကြည့်ရတာ စိတ်လှုပ်ရှားနေပုံပင်။ ကျွန်တော်တို့ဇာတ်လမ်းက လဝက်ဆို အပြီးသတ်ပြီ ဆိုရမည်။ နောက်ပိုင်းအခန်းတွေ ဇာတ်ရှိန်မြင့်သလောက် ကျွန်တော်နဲ့ Yibo ရဲ့ စစ်အေးတိုက်ပွဲကလည်း ပြင်းထန်သည်မို့ ရိုက်ကွင်းမှာ ဟန်မပျက် နေနေကြရသည်။ ပုံမှန်ကိုက Yibo ပုံစံက ဒီအတိုင်းပဲမို့ ဘယ်သူ့မှ သတိမထားမိတာပင်။ ကောတောင်မှ သတိမထားမိ။

အတွေးများနေတုန်းမှာပဲ ကျွန်တော့်လက်ကို ဆုပ်ကိုင်လိုက်သည့် လက်တစ်စုံကြောင့် ဘေးကို မော့ကြည့်လိုက်ရသည်။ ကောနဲ့ ကျွန်တော်က ဘေးချင်းကပ် ထိုင်နေတာ။ ကောနဲ့ ကျွန်တော် ထမင်းတူတူစားဖြစ်တိုင်း ကောက အမြဲ ကျွန်တော့်ဘေးသာ ထိုင်ပြီး ကလေးကို ထမင်းကျွေးနေသလို အရိပ်တကြည့်ကြည့် စားခိုင်းတတ်သည်။ ကလေးလို သဘောထားနေတာ မဟုတ်မှန်း သိပေမယ့် အမြဲ အလိုက်သင့်သာ နေဖြစ်ခဲ့တယ်။

ဆိုင်မှာ လူရှင်းတယ်ဆိုပေမယ့် သတင်းထွက်မှာစိုးလို့ ကျွန်တော် ပြန်ရုန်းလိုက်ပြီး...

"ကော ပြောလေ၊ ဘာ‌လို့လဲ"

"Xiaozhan ကော မင်းကို ဘယ်လို သဘောထားလဲ ရိပ်မိလောက်တယ်မဟုတ်လား။ အစက အခုလောက် မြန်မြန် ဝန်ခံဖို့ စိတ်မကူးထားပေမယ့် ဒီတိုင်း မင်းကို ဆုံးရှုံးလိုက်ရမှာစိုးလို့၊ မကာကွယ်လိုက်နိုင်မှာစိုးလို့ ဒီလောက်မြန်မြန် ပြောဖြစ်သွားတာ"

ကော ဘာပြောမလဲ သိနေတာမို့ အသက်ရှူသာ အောင့်ထားမိလိုက်ပြီး ကိုယ့်လက်ကိုကိုယ် ဆုပ်ကိုင်ထားမိသည်။ ဒီအခြေအနေကို ဘယ်လိုရှောင်ရမလဲ မသိတော့။

"ကော မင်းကို ချစ်တယ်။ ကောရဲ့ကောင်လေး ဖြစ်ပေးပါလား"

"ကော ကျွန်တော်က"

Because Of You [Completed]Where stories live. Discover now