Chapter 11

13.5K 1.3K 13
                                    

အလင်းရောင်က ပိတ်ထားတဲ့ မျက်ခွံကို လာရောက် ထိုးဖောက်နေသော်လည်း မျက်လုံး မဖွင့်ချင်သေး။ တစ်ကိုယ်လုံးက နူးညံ့အိစက်နေတဲ့ အရာတွေနဲ့ ဝန်းရံထားသလို ခံစားရသည်။ မျက်လုံးကို လက်နဲ့ပွတ်ပြီး အားယူဖွင့်ကြည့်လိုက်တော့ မြင်ကွင်းက ရိပ်ခနဲ။ ရုတ်တရက် ထထိုင်ပြီး အခန်းကို ဝေ့ကြည့်မိတော့ ကုတင်ခြေရင်းရှိ ဆိုဖာခုံတွင် ခြေချိတ်ထိုင်နေသော Yibo က စာအုပ်ကိုသာ စူးစူးစိုက်စိုက် ဖတ်နေတာမို့ ကျွန်တော့်ကို အာရုံထားမိပုံ မပေါ်သေး။

ဘာတွေ ဖြစ်ကုန်တာပါလိမ့်။ ကျွန်တော် ဘယ်လိုလုပ် ဒီရောက်နေတာ‌လဲ။ ဒါ သူ့အိမ်မလား။ သူ ကျွန်တော့်ကို သတိပြုမိလိုက်သည်မို့ စာအုပ်ကိုပိတ်ပြီး ကုတင်နား‌သို့ လျှောက်လာသည်။ ထို့နောက် ကုတင်ပေါ် ဒူးတစ်ဖက်ထောက်ပြီး မျက်ခုံးပင့်ပြလာသည်။

"ငါ ဘယ်လိုလုပ် ဒီရောက်နေတာလဲ"

"ညက ကိစ္စတွေ မမှတ်မိဘူးလား။ မင်းပဲ ငါ့နောက် မလိုက်ရလို့ သောင်းကျန်းနေလို့ ခေါ်လာရတာ"

"ငါက? မဖြစ်နိုင်တာ"

"ငါကပဲ လိမ်စရာလား။ နောက်ဆို မင်း လုံးဝ မသောက်တာ ပိုကောင်းမယ် ထင်တယ်။ မင်း မူးရင် အဲ့လောက် သောင်းကျန်းမယ်လို့ မထင်ထားဘူး"

ကျွန်တော် အသည်းအသန် စဉ်းစားနေမိသည်။

"ဟင်"

Flashback....

Yibo ငါ ‌ဒီည မင်း ပေါင်ပေါ်မှာ အိပ်မှာနော်။ ပြီးတော့ သူ့ပါးကို နမ်းလိုက်မိတယ်။ ထိုအချိန် ကော ကျွန်တော့်ကို Yibo ပေါင်ပေါ်ကနေ လာပွေ့လိုက်တာ မှတ်မိသည်။

"ကော သူ့ကို ပြန်လိုက်ပို့ပေးလိုက်တော့မယ်။ ကောတို့ အရင်ပြန်နှင့်ပြီ"

Passenger seat မှာ ကျွန်တော့်ကို ချပေးလိုက်သည်နှင့် မျက်လုံးတွေ Auto ပြန်ပွင့်လာသည်။
ကောက ကျွန်တော့်ကို ခါးပတ်ပတ်ပေးနေသည်မို့ မျက်လုံးဖွင့်ဖွင့်ချင်း ကော မျက်နှာကို နီးနီးကပ်ကပ် မြင်လိုက်ရတာ‌ကြောင့် ကျွန်တော် ထသောင်းကျန်းမိတော့တယ်။

"Yibo ရော၊ ဒီည သူ့ပေါင်ပေါ်မှာ အိပ်မှာပါဆို။ သူ ဘယ်ရောက်သွားတာလဲ"

Because Of You [Completed]Where stories live. Discover now