Chapter 31

12.9K 1.1K 54
                                    

"ဝေ့ရင်း မင်း ဘာတွေလုပ်နေတာလဲ။ ဝင်လိုက် ထွက်လိုက်နဲ့"

"ဒီတိုင်းပဲ၊ မင်းမအိပ်‌သေးဘူးလား"

"မအိပ်ပါဘူး၊ လာလေ ငါ့အနား‌လာနေ၊ လုပ်စရာရှိတာ နောက်မှလုပ်တော့"

"အင်း"

ဝေ့ရင်းက ကုတင်ခြေရင်းမှာပဲ ထိုင်နေသည်။ တစ်လမ်းလုံး သူ အိပ်ပျော်လာတာ ရောက်တဲ့အထိ။ ကျွန်တော်တို့ရောက်တော့ နေဝင်‌နေပြီမို့ ညစာထွက်စားပြီး ဟိုတယ်သို့ ပြန်လာခဲ့လိုက်ကြသည်။ ရောက်ထဲက ရေမိုးချိုးပြီး သူ့ကိုစောင့်ရင်း game ထိုင်ဆော့နေလိုက်သည်။ သူက အထုပ်တွေ နေရာချလိုက်၊ မနက်အတွက် အဝတ်တွေ ပြင်နေလိုက်နဲ့။ ပြီးတော့ ရေချိုးခန်းထဲ ဝင်သွားလိုက်၊ အခန်း ဟိုဖက်သွားလိုက် ဒီဖက်သွားလိုက်နဲ့ ဂနာမငြိမ်ဖြစ်နေသည်။ အနားလာမလား ကြည့်နေပေမယ့် ရောက်မလာသည့်အဆုံး ခေါ်လိုက်တာတောင် ကုတင်ခြေရင်းမှာပဲ ထိုင်နေတာကြောင့် ဖုန်းကိုပိတ်ပြီး သူ့ကို အနောက်ကနေ ကုတင်ခေါင်းရင်းဆီ ဆွဲပွေ့ပစ်လိုက်ရတော့တယ်။

သူလန့်ပြီး ဆတ်ခနဲ တုန်တက်သွားတယ်။

"မင်း ငါ့ကို ရှောင်ပြေးနေတာလား။ ဘာတွေအလုပ်ရှုပ်နေတာလဲ"

ကျွန်တော့်ပေါင်ပေါ် ဆွဲပွေ့ပြီး တင်ထားတာကြောင့် ဝေ့ရင်း ကျွန်တော့်ကို မော့ကြည့်လာတယ်။ သူ့မျက်နှာကို သေချာကြည့်မိမှ သူ့မျက်လုံးတွေ မူမမှန်မှန်း သတိထားမိတော့သည်။

"ဟင် ဝေ့ရင်း မင်းဘာဖြစ်နေတာလဲ။ တစ်ကိုယ်လုံးလည်း အေးစက်နေတာပဲ"

သူ့ခြေဖျားလက်ဖျားလေးတွေ အေးနေမှန်း သတိထားလိုက်မိသည်။

"ရေချိုးတာကြာသွားလို့ နေမယ်" 

သူ မသိမသာ ကျွန်တော့်လက်ထဲက ရုန်းနေတယ်။

"ဝေ့ရင်း မင်း ငါ့ကို ကြောက်နေတာလား။ ငါ မင်းကို တကယ် ဘာမှမလုပ်ပါဘူး"

"ဒါပေမဲ့ ငါ ငါ"

"အင်း၊ သိတယ် သိတယ်။ ဘာမှမဖြစ်ဘူးနော်၊ ငါ့ကိုယုံ"

ခုမှ ဝေ့ရင်း ကျွန်တော့်ရင်ခွင်ထဲ ကလေးလို တိုးဝင်လာပြီး "ငါ့ကို ခဏ စောင့်ပေးပါနော်" ဟုဆိုလာသည်။

Because Of You [Completed]Where stories live. Discover now