Chapter 21

12.7K 1.1K 54
                                    


September,2011

" Yibo ..ရော့ မင်းအတွက်..."

" Wow...မိုက်လိုက်တာ။ မင်းတကယ် ပုံဆွဲတော်တာပဲ..."

" Hee...ငါ အခု ပန်းချီသင်တန်း တက်နေတာ။ ပုံတူသိပ်မဆွဲဖြစ်သေးဘူး ...ရှုခင်းတွေ အကောင်တွေပဲ ဆွဲဖြစ်တာ။ ပုံတူက မင်းကို ပထမဆုံးဆွဲပေးတာနော်..."

" တကယ်ကြီးလား...မင်းသူငယ်ချင်းနှစ်ယောက်ကိုတောင် မဆွဲပေးဖူးဘူးလား..."

" သူတို့ကလား...သူတို့မျက်နှာကြီးကိုတော့ မဖျက်ဆီးပစ်ပါနဲ့ဆိုလို့လေ။ ငါ ဒီလောက်ပုံကောင်းကောင်းဆွဲနိုင်တာကို သူတို့တွေက မယုံမကြည်နဲ့။ ငါ သူတို့ကို အမြင်ကတ်လို့ မဆွဲပေးဘူး..."

" ဟက်...ငါ သေချာ သိမ်းထားပါ့မယ်။ မင်းက နူးနူးညံ့ညံ့တွေမှာ ပါရမီ ပါတာနေမယ်နော်။ ငါ မင်းလို ဟင်းလည်း ကောင်းကောင်း မချက်တတ်ဘူး။ သိုးမွှေးထိုးတာ ပုံဆွဲတာတွေဆို ယောင်လို့တောင် လုပ်ဖို့ စိတ်မကူးဖူးတာ..."

" အဲ့ဒါတွေ လုပ်ရဝာာ စိတ်ငြိမ်တယ်ကွ။ မင်း ကျောင်းပြီးရင် ဘာလုပ်မှာလဲ..."

" မင်းရော..."

" ငါက စားသောက်ဆိုင် ဖွင့်ချင်တယ်။ ကိုယ်ပိုင် စီးပွားရေးပေါ့။ ငါ ကိုယ်တိုင် Menu အသစ်တွေ ထွင်ချင်တာ။ ဆိုင်ခွဲတွေ အများကြီး ဖွင့်နိုင်အောင် ကြိုးစားချင်တာ..."

" မင်း စိတ်ကူးက ကောင်းသားပဲ။ ငါက အောင်မြင်တဲ့ သရုပ်‌ဆောင် တစ်ယောက် ဖြစ်ချင်တာ..."

" အယ်...မင်းလို Facial expression မရှိတဲ့သူက Facial expressions အများကြီးသုံးရတဲ့ မင်းသားလုပ်မယ်။ ကြံကြံဖန်ဖန်တွေ ပြောနေပြီ..."

" တကယ်ပါဆို။ ငါ့မှာ တကယ့်အစ်ကိုအရင်းလို သဘောထားရတဲ့ အစ်ကို တစ်ယောက်ရှိတယ်။ အဲ့ရှီးချန်ကောလိုပဲ မင်းသားဖြစ်ချင်တာ။ ငါ ငယ်ငယ်တည်းက အောင်မြင်တဲ့ မင်းသားတစ်ယောက်ဖြစ်အောင် ကြိုးစားဖို့ ဆုံးဖြတ်ပြီးသား။ ငါ ကျောင်းပြီးတာနဲ့ အနုပညာလောကထဲ ဝင်တော့မှာ။ အယ်...မင်းသဘောမကျဘူးလား..."

" မကျပါဘူး။ မင်းသာ...မင်းသားဖြစ်ရင် တစ်ယောက်ပြီး တစ်ယောက်နဲ့ ဖက်လိုက် နမ်းလိုက် လုပ်နေမှာလေ။ အခုတောင် တစ်နေ့တစ်နေ့ မင်းကို လိုက်သဝန်တိုနေရတာ။ အဲ့ကျရင် အလုပ်သဘောအရဆိုပြီး ဘာမှ ပြောလို့လည်း ရမှာ မဟုတ်ဘူး..."

Because Of You [Completed]Where stories live. Discover now