Extra ❤️

15.1K 1K 98
                                    

ဒီနေ့က ကျန်းချန်ရဲ့ မင်္ဂလာပွဲနေ့။ သူ့ပွဲအတွက် ကျွန်တော့်ထက် Yibo က ပိုကူညီပေးနေရသည်။ သူတို့နှစ်ယောက် အပြန်အလှန်ဖေးမနေကြတာများ ငယ်ငယ်တည်းက ပေါင်းလာတဲ့ ကျွန်တော်တောင် ဘေးရောက်နေရပြီ။

"ကျန်းချန်"

"ဝေ့ရင်း လာဦး။ မင်းကိုမတွေ့လို့ Yibo လိုက်ရှာနေတယ်။ မင်း ဘယ်တွေသွားနေတာလဲ"

"Toilet"

"အယ် ဝေ့ရင်း မင်းငိုထားတာလား။ ဘာဖြစ်လို့လဲ၊ Yibo နဲ့ ရန်ဖြစ်ထားတာလား။ ပြော ငါ့ကို ငါ အဲ့ကောင့်ကို ဆုံးမရမယ်"

"တော်ပါ အပိုပြောမနေနဲ့၊ ငါ့ကို အရင်လို ဂရုလည်း မစိုက်ဘဲနဲ့များ။ ရန်ဖြစ်စရာလား၊ မင်း မင်္ဂလာဆောင်တော့မှာဆို‌တော့ ဝမ်းနည်းလို့"

"ဟင် ငါက မင်းကို ဒီကြားထဲ နည်းနည်းပစ်ထားသလိုဖြစ်သွားလို့လား။ ငါ တောင်းပန်ပါတယ်၊ ငါ ပွဲအတွက် အလုပ်ရှုပ်နေလို့ပါ။ အဲ့လို ဝမ်းနည်းတော့ ငါ ဘယ်စိတ်ကောင်းပါ့မလဲ"

ပြောနေရင်းပင် မျက်ရည်ကကျလာတာမို့ ကျွန်တော့်မှာ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေရသည်။

""ဟင် ဝေ့ရင်း ဘာလို့ ငိုနေတာလဲ။ ကျန်းချန် မင်း ဘာလို့ သူ့ကို ငိုအောင်လုပ်တာလဲ"

"လာပြန်ပြီ ငါ့ကိုပဲ ပြောမနေနဲ့၊ မင်းလူကို မင်းထိန်းဦး။ ငါ မင်္ဂလာဆောင်မှာမို့ ငိုတာတဲ့၊ အခုပဲ ပွဲဖျက်လိုက်ရတော့မလိုပဲ"

ကျွန်တော် ဝေ့ရင်းဘေး ဝင်ထိုင်လိုက်ပြီး...

"ဟုတ်လား ဝေ့ရင်း။ သူ မင်္ဂလာဆောင်မှာများ ငိုရတယ်လို့။ ဂေါ်မစွံဖြစ်မယ် ထင်ထားတာကို အခုလိုမျိုး မြင်ရတာ မင်းကတောင် ပျော်ပေးနေရဦးမှာ။ မဟုတ်ရင် ငါတို့ကိုပဲ အားကျပြီး အရိုးထုတ်‌နေရရှာမှာ"

"ဟေ့ကောင် မင်းချော့ရင်လည်း ကောင်းကောင်းမွန်မွန်ချော့၊ ငါ့ကို လာမထိခိုက်နဲ့နော်"

"ဝေ့ရင်း မျက်ရည်မကျဖို့ အရေးကြီးတယ်လေ။ ဘာလဲ မင်းက ငြိုငြင်တာလား၊ အဲ့ဒါမို့ ငါ့အချစ်လေး ဝမ်းနည်းရတာလဲ မ‌ပြောနဲ့"

Because Of You [Completed]Where stories live. Discover now