Chapter 9

13.8K 1.3K 25
                                    

Yibo <POV>

ပထမဆုံး ဝင်လာတဲ့ အသိက ကျွန်တော့်တစ်ကိုယ်လုံး ကိုက်ခဲနေတယ် ဆိုတာပဲ။ မျက်လုံးကို ဖွင့်လိုက်တာနဲ့ ဦးစွာတွေ့လိုက်ရတာက ကျွန်တော့်ရင်ခွင်ထဲမှာ နှစ်ခြိုက်စွာ အိပ်မောကျနေတဲ့သူ။ ရင်ခွင်ထဲမှာ ကျွန်တော့်လက်တွေနဲ့ ထွေးပိုက်ထားမိတဲ့ သူ့အား သတိလက်လွတ်‌ ငေးမောနေမိသည်။

သူ လူးလွန့်လာတော့မှ ကျွန်တော် သတိဝင်လာတော့သည်။ သူ နိုးသွားပြီ ထင်လိုက်ပေမယ့် ကျွန်တော့်လက်မောင်းတွေကြားကနေ အောက်ကို လျှောဆင်းပြီး ဟိုဖက်ကို လှည့်အိပ်သွားမှ အသက်ရှူချောင်တော့သည်။

ထို့အတွက် သူ့ခေါင်းအောက်ထဲ ခေါင်းအုံးထည့်ပေးပြီး ကိုယ်လက်သန့်စင်ရန် ရေချိုးခန်းဘက် ထွက်လာလိုက်သည်။ ရေချိုးလိုက်မှပဲ နည်းနည်းလန်းသွားတော့တယ်။ ကျွန်တော် ပြန်ထွက်လာတဲ့အထိ သူ မနိုးသေးတာမို့ နှိုးလိုက်ဖို့ လုပ်ပြီးမှ ညကလည်း ကျွန်တော့်ကြောင့် ကောင်းကောင်း မအိပ်ရလောက်တာမို့ ဒီတိုင်းပေးအိပ်ရန်သာ ထားလိုက်‌တော့တယ်။

ထိုစဉ် သူ့ဖုန်းမြည်သံထွက်လာတာကြောင့် Xiaozhan တစ်ယောက် မျက်လုံးပင် မဖွင့်ဘဲ လျှောက်စမ်းပြီး ဖုန်းကို ကောက်ကိုင်လိုက်သည်။

"ဝေ..."

ဝုန်းခနဲ ထထိုင်လိုက်သည်မို့ ကျွန်တော်ပင် တွန့်ခနဲ ဖြစ်သွားရသည်။

"အခု ကျွန်တော့်အိမ်ရှေ့မှာလား။ ကော အခု ကျွန်တော်က အိမ်မှာ မရှိဘူး။ သူငယ်ချင်းတစ်ယောက်ဆီမှာ။ ကျွန်တော် တကယ်မေ့သွားတယ်။ တောင်းပန်ပါတယ်။ နောက်တစ်ခါဆို သေချာလိုက်ခဲ့ပေးပါ့မယ်"

". . . ."

ကော ပြောနေတာတွေတော့ ကျွန်တော် မကြားရ။ သူ အထပ်ထပ် တောင်းပန်သံသာ ကြားနေရသည်။

သူ ဖုန်းချလိုက်ပြီးမှ ကျွန်တော့်ကို မြင်ပုံရသည်။

"Yibo ဘယ်လိုနေသေးလဲ သက်သာလား"

"အင်း၊ ညတုန်းက ငါ့ကြောင့် ကောင်းကောင်းအိပ်ရရဲ့လား"

"ဘယ်လိုအိပ်ရမှာလဲ။ ငါ မနက်လင်းခါနီးမှ အိပ်လို့ရတာ"

Because Of You [Completed]Where stories live. Discover now