Chapter 26

12.9K 1.1K 44
                                    


2 months later...

ဒီနှစ်လအတွင်း တော်တော်များများ ပြောင်းလဲသွားတယ် ဆိုရမယ်။ ဆရာဝန်ကတော့ သူ့စိတ်အခြေအနေက အရင်ထက်ပိုပြီး strong ဖြစ်လာတာမို့ ဒီတစ်ခါကိစ္စကို ဒီလောက်နဲ့ ကျော်လွှားသွားနိုင်တာဟု ဆိုလာသည်။ ဒါပေမယ့် သူ့ကို ဒါမျိုး ခဏခဏ မကြုံစေရန်တော့ ထပ်သတိပေးထားတယ်။ ခဏခဏ ကြုံနေမည်ဆိုလျှင် စိတ်ဒဏ်ရာက အမြစ်မပျက်ဘဲ မွေးထားသလို ဖြစ်လာမည်စိုးတာကြောင့်ပင်။

သူ‌ရော ကျွန်တော်ပါ schedule တွေကြောင့် ညစာသာ ထွက်စားဖြစ်တာမျိုး။ နှစ်ယောက်လုံး public figures တွေ ဖြစ်နေတာမို့ လူရှင်းသည့် နေရာမျိုးတွင် Date ကျတာမျိုးလောက်သာ လုပ်နိုင်သေးသည်။ သူက ကျွန်တော့်ကို စိတ်ဆိုးပြေတယ်လည်း မဟုတ်..မပြေတာလည်း မဟုတ်။ သူ မကျေနပ်တိုင်းတော့ စကားနာထိုးနေတုန်းပင်။ သူလည်း လူကြီး ဖြစ်လာတာမို့ အရင်လို စိတ်ကောက်ဖို့ပဲ ပြင်နေတဲ့ ကောင်လေးမျိုးတော့ မဟုတ်တော့။ ကျွန်တော်တို့နှစ်ယောက် fan တွေကို တစ်ပတ်ရိုက်ပြီး ခိုးခိုးတွေ့တတ်ကြတာမို့ တစ်ခါတလေ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မိတတ်ကြသေးတယ်။ ကျွန်တော်က မမှတ်မိသော်လည်း သူက ငါတို့ရဲ့ အခုပုံစံက  အရင်တုန်းက ငါတို့နှစ်ယောက် ကျောင်းပြေး‌ပြေးကျတုန်းနဲ့ကတောင် တူနေတယ်ဟု ပြောတတ်သည်။

သူနဲ့ ကျွန်တော့်ရဲ့အခြေအနေက ပခုံးဖက် လက်ကိုင်ရုံ ..နဖူးနမ်း ပါးနမ်းရုံ အဆင့်လောက်သာ ရှိသေးသည်ဟု ဆိုရလိမ့်မည်။ သူ့စိတ်ဒဏ်ရာ ဘယ်လောက်ကြီးမှန်းကို အခုလို သူ့အနားပြန်နေရတော့မှ တဖြည်းဖြည်း ပိုသိလာတော့တယ်။ သူ့ကို တစ်ခါတလေ စိတ်မထိန်းနိုင်လို့ နမ်းမိပြီဆိုလျှင် ရုန်းကန်ခြင်း မရှိသော်လည်း ကျွန်တော့်အနမ်းတွေကို သူပြန်မတုံ့ပြန်။ ကျွန်တော်ပြုသမျှကိုသာ ငြိမ်ခံပေးနေတတ်တာ။ နမ်းပြီး လွှတ်လိုက်တာနဲ့ သူ့တစ်ကိုယ်လုံး မသိမသာ တုန်နေတတ်တာကို နှစ်ကြိမ် သုံးကြိမ်လောက် သတိထားမိလာတာမို့ ကျွန်တော် နောက်ပိုင်း အတတ်နိုင်ဆုံး မနမ်းမိအောင် သတိထားနေရတယ်။ ပါးလောက် နဖူးလောက်တော့ သူကြည်ကြည်နူးနူး လက်ခံ ကျေနပ်ပုံရတာမို့ သူ့ကို အဲ့လောက်သာ ကျွန်တော် လုပ်ရက်တော့သည်။

Because Of You [Completed]Where stories live. Discover now