Chapter 2

15.1K 1.4K 10
                                    

Unicode ver

magazine shooting ကနေ့လည်ပိုင်းမို့ မနက်ပိုင်းcommercialတစ်ခုရိုက်ပြီးတာနဲ့ အပြေးလာရတယ်။ ဒီshootingမှာပဲစားဖို့ စဥ်းစားထားပြီး ဝယ်ထားတဲ့နေ့လည်စာတွေကလည်း ရောက်တည်းက တို့ကနန်းဆိတ်ကနန်း။
ဒီရက်တွေမှာXiao Zhanသိသိသာသာပိန်ကျသွားတယ်။ ဖြေးဖြေးချင်းလူသိများနေရာကနေ သူရိုက်တဲ့ဇာတ်ကောင်ကို ပရိတ်သက်ကနှစ်သက်ပြီး အားပေးလာတော့ တရှိန်ထိုးအောင်မြင်လာမှုကြောင့်ဒီနှစ်ပိုင်းထဲ အရင်ကထက်အလုပ်တွေပိုပိုများနေတာ။
အောင်မြင်လေ လူသိများလေ အတိုက်ခိုက်များလေလေ ပိုပြီးစိတ်ပင်ပန်းရလေလေဖြစ်သည်။

စားသလောက်ရတဲ့energyတွေကလည်း အကုန်ပြန်သုံးရသလိုဖြစ်နေတော့ Xiao Zhanကတကယ်ကိုပိန်ပိန်လေးဖြစ်နေပြီ။

ဝယ်လာတဲ့သူအကြိုက်ဆုံးမုန့်တွေကိုလည်း မတို့ချင်တော့။ ကောဖီအေးကိုသာ ပိုက်နဲ့စုပ်ရင်းဖိသောက်မိသည်။

သူမစားတော့သူ့staffကလည်း အထုတ်တွေသိမ်းဖို့လုပ်သည်။ စားပွဲပေါ်မှာမုန့်တွေရှင်းသွားတော့ အသင့်စားဘူးနဲ့သပ်သပ်ရပ်ရပ်ထည့်ထားတဲ့ ထမင်းဟင်းတွေကနေရာယူလာသည်။
မော့ကြည့်လိုက်တော့ Wang YiBo.

"ဒီဆိုင်ကကောင်းတယ်စီနီယာ ထမင်းကလည်းသေချာနပ်ပြီးမွှေးနေတာပဲ ဟင်းတွေကအရသာတကယ်ရှိတယ်။ ဒီပုစွန်သုပ်ကိုစားကြည့် ချဥ်စပ်လေး စီနီယာစားချင်သောက်ချင်စိတ်ပြန်ဖြစ်လောက်တယ်"

စကားတွေအများကြီးပြောပြီး သူ့ဟင်းတွေကိုသေချာညွှန်းနေတဲ့ Wang Yiboကမသိရင် အဲ့ဆိုင်နဲ့ပါတနာလို့တောင်ထင်ချင်စရာ။ ကျွန်တော်ကလည်း စားချင်စိတ်ကိုတစ်စက်မှရှိမနေတာမို့ ယဥ်ယဥ်ကျေးကျေးလေး ပြန်ငြင်းလိုက်မယ်လို့ တွေးနေပြီ။

"Geကတကယ့်ကို ပိန်နေပြီ နေ့ခင်းတစ်ပိုင်းလုံးအလုပ်ရှိတာကို မစားပဲနေရင်ပိုဆိုးမှာပေါ့ နည်းနည်းလောက်ဖြစ်ဖြစ်ဝင်အောင် စားကြည့်လေ"

ရင့်ကျက်တည်ငြိမ်နေတဲ့အသံနဲ့ ဖျောင်းဖျသလိုလေးပြောနေတော့ ကျွန်တော်ကဆက်ငြင်းနေပြန်ရင် အငယ်ကိုပြန်ပြီးသက်သက်ဂျစ်တိုက်နေတဲ့ပုံ ပေါက်တော့မယ်။ စိတ်ချမ်းသာပါစေတော့ရယ်ဆိုတဲ့စိတ်နဲ့ပဲ တူကိုကောက်ကိုင်လို့ ပုစွန်တစ်ဖက်ကိုပါးစပ်ထဲကောက်ထည့်လိုက်သည်။ဒါပေမယ့်
Yiboပြောတာလုံးဝမမှားဘူး။ တကယ်အရသာရှိတယ်။

A Gift of Heaven(Completed)Where stories live. Discover now