Chapter 9

9.1K 1K 14
                                    

Unicode ver

Korea ရဲ့ နာမည်ကြီးent တစ်ခုမှာ Wang Yibo auditionအောင်ခဲ့တယ်။
Traineeဘဝကစလို့ မျှော်လင့်ချက်တွေ စခဲ့တယ်။
သူနေရတဲ့dormက လူအများနဲ့ပေါင်းနေရတာ။ တရုတ်မှာ Yiboကဒိတ်ဒိတ်ကျဲသူဌေးသားပဲမို့ စစချင်းမှာနေရတာ အဆင်မပြေခဲ့ဘူး။ ပါပါးကတော့ ဒုက္ခတွေခံရမှာကို သိရဲ့နဲ့သွားတာမို့ မင်းဖြစ်သမျှမင်းခံလို့ မသွားခင်တည်းက ပြောလိုက်ပြီးသား။
သူကတော့ ဘာအဆင်မပြေမှုတွေပဲလာလာ ကြံ့ကြံ့ခိုင်ရင်ဆိုင်မယ်ဆိုတဲ့ ခိုင်မာတဲ့ဆုံးဖြတ်ချက်တွေနဲ့။

ပင်ပန်းပေမယ့် နေသားကျအောင် နေပျော်အောင် နေရင်းကျွန်တော့်မှာခင်ရတဲ့ သူငယ်ချင်းတွေရှိလာတယ်။
တစ်ခါတစ်လေ တရုတ်ပြည်ကိုလွမ်းတယ် အိမ်ကိုလွမ်းတယ် ပြီးတော့GeGeကိုလွမ်းတယ်။

SNSတွေပေါ်ကတက်လာတဲ့ GeGeရဲ့သတင်းတွေကို အမြဲလိုက်ကြည့်ဖြစ်တယ်။ GeGeရဲ့ပထမဆုံးသီချင်းလည်း ထွက်တယ်။

ဒီနေရာမှာ ကျွန်တော်ဖြစ်ချင်တာတွေ အကောင်ထည်ဖော်နိုင်ပြီးရင် Geဆီကိုပြန်လာလို့ရပြီ။

**********************

traineeကာလ

ပြင်းထန်တဲ့ပြိုင်ဆိုင်မှုတွေနဲ့ မသမာမှုတွေကြားမှာ ကျွန်တော့်ရဲ့ဒုက္ခခံကြိုးစားမှုရလဒ်အကုန် သဲထဲရေသွန်ဖြစ်ခဲ့ရတယ်။
ကျွန်တော့်နေရာအလုခံရတယ်။ ကျွန်တော်ဒီတစ်ခေါက်လည်း ရွေးချယ်ခံရဖို့ သေချာရဲ့သားနဲ့ မရွေးချယ်ခံရဘူးတဲ့။ နောက်ထပ်ကြိုးစားပါဦးဆိုတာက ကျွန်တော်လိုချင်တဲ့အရာမဟုတ်ဘူး။ ဒီအချိန်ထိရောက်ဖို့ ပေးဆပ်ခဲ့ရတဲ၂နှစ်ဆိုတဲ့ကာလက အလကားသက်သက်ပဲလား။

debutဖို့သေချာနေပြီးမှ နောက်ဆုတ်ရသည်၊ ကျွန်တော့်‌နေရာမှာ အစားဝင်သွားတဲ့သူက အဆင်သင့်။ "ဒီလိုပဲဖြစ်တတ်ပါတယ်ဆိုတဲ့ နှစ်သိမ့်စကားတွေကို ကြားလဲမကြားချင်၊ ဘယ်သူ့ကိုမှလည်း မမြင်ချင်မတွေ့ချင်တော့။

စိတ်ဓာတ်တွေကအောက်ဆုံးကို ထိုးကျနေခဲ့ပြီ။

အခန်းထောင့်မှာတစ်ယောက်တည်း ထိုင်ပြီး အရက်တွေခိုးသောက်နေလိုက်သည်။ alcoholပမာဏဝင်လာလေလေ ဝမ်းနည်းမှုအရှိန်ကတက်လာလေလေ။
ဒီအချိန် ကျွန်တော့်ဘေးမှာ အမှောင်ထုကလွဲရင်ဘာမှမရှိသလိုပဲ။ ဘယ်သူမှလဲမရှိဘူး။

A Gift of Heaven(Completed)Where stories live. Discover now