Chapter 15

8.6K 985 21
                                    

"ရိပေါ်အရမ်းမူးနေပြီ"

Xiao Zhanကတော့ ကိုယ့်အကြောင်းကို သိတဲ့သူမို့ သိပ်မသောက်ထားဘူး။
Yiboကတော့ စသောက်တည်းက တစ်ခွက်ပြီးတစ်ခွက်မော့နေပုံရတယ်။ရှေ့ကပုလင်းကပြောင်သလင်းခါနေပြီ။

Xiao Zhan ကျန်တဲ့သူတွေကို နှုတ်ဆက်ပြီးတော့မှ Yiboနားကိုသွားနိုင်တော့တယ်။ သူသိပ်အားနာတာပဲ။ သူက ဒီကောင်လေးအပေါ် အားနာစရာတွေ အမြဲတမ်းလုပ်တယ်။ ဒီကောင်လေးကို အရေးမစိုက်နိုင်မှန်းသိရက်နဲ့ ခေါ်လာခဲ့မိတယ်။

သူမနက်အမူးပြေတဲ့အချိန်ကျမှ Yiboကိုတောင်းပန်တော့မယ်။ စားပွဲပေါ် လက်တင်ပြီးခေါင်းမှောက်နေတဲ့ Yiboနားရွက်တွေက အရက်ရှိန်ကြောင့်နီရဲနေတယ်။ ဆံသားအိအိလေးတွေကို လက်နဲ့အသာပွတ်ပေးမိတယ်။ မန်နေဂျာမလာမချင်း ကောင်းကောင်းအိပ်ပျော်ပါစေဆိုတဲ့ အတွေးနဲ့။

Yiboရဲ့ဆံပင်တွေကို ပွတ်ပေးနေတဲ့ Xiao Zhanရဲ့လက်က လက်တစ်ဖက်ရဲ့ဆုပ်ကိုင်ခြင်းကိုခံရတယ်။ Xiao Zhanလန့်သွားပေမယ့် ထိုလက်ကYiboရဲ့လက်ဖြစ်ပြီး Yiboနိုးလာခဲ့တယ်။

Zhan Geကို စိုက်ကြည့်ရင်းနဲ့ ဝမ်းနည်းစိတ်တွေ ဒီရေအလားတရိပ်ရိပ်တက်လာသည်။ ကျွန်တော့်ကို အခုလိုတွေဂရုစိုက်ပေးတာကလည်း သူများတွေကိုဂရုစိိုက်ပေးနေကျမို့ အကျင့်ပါသွားတာပဲလား။

"Ge ကျွန်တော့်ဆံပင်ကို အဲ့လိုလက်လွတ်စပယ်မကိုင်ပါနဲ့"

"အယ် sorry sorry Geအကျင့်ပါနေလို့ပါ"

အကျင့်ပါနေလို့ပါတဲ့။ ကျွန်တော်ကတော့ Geဂရုစိုက်မှုတွေကို ကျင့်သားရရုံမကလို့ မက်မောတဲ့အဆင့်ထိပါဖြစ်နေပြီ။

"Ge သူများတွေအပေါ်ဆက်ဆံနေကျ ပုံစံမျိုးတွေ ကျွန်တော့်အပေါ်မလုပ်ပါနဲ့ ကျွန်တော်မကြိုက်ဘူး"

ခဏလောက်ကြောင်အသွားတဲ့ Xiao Zhanက ဒီအခြေနေကိုအဖြေရှာနေတယ်။ ဒီကောင်လေးရဲ့ဒေါသတွေကို သူနေသားမကျသေးဘူး။

"Yibo ကောကိုစိတ်ဆိုးနေတာလား ဘာလို့လဲ "

"ဘာလို့လဲမသိပေမယ့် Geတောင်းပန်ပါတယ်"

တိုးတိတ်ညင်သာတဲ့ Geရဲ့တောင်းပန်သံမှာ ကျွန်တော်ရူးသွားတော့မလိုပဲ။
ကျွန်တော်ကGeကို အရာရာထက်ပိုလောဘတက်နေတာ။ လိုချင်နေတာ တောင်းပန်မှုတွေမဟုတ်ဘဲ ကျွန်တော့်‌ပေါ်နားလည်ပေးတာကို။

A Gift of Heaven(Completed)Where stories live. Discover now