Chapter 8

9.2K 1K 7
                                    

Unicode ver

လွန်ခဲ့တဲ့ခြောက်နှစ်က Wang Yiboကိုဖော်ပြရမယ်ဆိုရင် ပါပါးနဲ့ခဏခဏအတိုက်ခံလုပ်တာရယ်၊ ခေါင်းမာလွန်းတာရယ်နဲ့ ထိလွယ်ရှလွယ် ခံစားလွယ်တာလေးပါထပ်ထည့်ရမယ်။
ပြီးတော့ တစ်စုံတစ်ယောက်ကိုရောပေါ့....




ကျွန်တော့်မှာ ကိုရီးယားကိုtrannieအဖြစ်မသွားခင် အမှတ်ရစရာအဖြစ်ပျက်တစ်ခုရှိဖူးတယ်။
ကျွန်တော်ပါပါးကို အနုပညာပဲလုပ်ချင်တယ်ဆိုတဲ့အကြောင်း၊ အကကိုပဲတစ်စိုက်မက်မက်လုပ်တော့မှာဆိုတဲ့အကြောင်း ဖွင့်ပြောလိုက်တဲ့အချိန်က။

ကျွန်တော့်လိုခေါင်းမာမာကို မွေးထုတ်ထားတဲ့ပါပါးကလည်း ခေါင်းသိပ်မာတယ်။  အလွယ်တကူပြောမရခဲ့ဘူး။ အိမ်မှာလည်း ကျွန်တော်တို့သားအဖရဲ့နေ့တိုင်းသတ်ပွဲပဲ။ ကျွန်တော်ကလည်း လုံးဝကိုအလျှော့မပေး....ကျွန်တော်ဖြစ်ချင်ရာကို သေသေချာချာသိသွားပြီမို့။

"မင်းလုပ်ချင်ရာကိုလုပ် ဒါပေမယ့်ငါ့ဆီကထောက်ပံ့မှုတော့ ဘာမှရမှာမဟုတ်ဘူး"

ဒီစကားနဲ့ ပါပါးကကျွန်တော့်ရဲ့အိမ်မက်တွေ မျှော်လင့်ချက်တွေကို ရိုက်ချိုးဖို့စဥ်းစားခဲ့ပုံပါပဲ။ စိတ်ထိခိုက်ရလွန်းလို့ ထိုနေ့ကအိမ်ကနေအဝေးဆုံး အဝေးဆုံးကို ထွက်ပြေးခဲ့တယ်။

အားးးး

လည်ချောင်းတွေကွဲအက်ပြီးမှ ထွက်လာတဲ့အော်သံ။ အဆုတ်တွေကွဲပြီးပေါက်ထွက်သွားလောက်အောင် အော်ဟစ်သောင်းကျန်းနေပေမယ့် ကျွန်တော့်ကိုတားမယ့်သူမရှိဘူး။

လူရှင်းနေတဲ့လမ်းက ကျွန်တော့်ကိုလုပ်ချင်ရာလုပ်ပါစေတော့လို့ ခွင့်ပြုထားတယ်။ ဦးနှောက်ထဲမှာ စိတ်အလိုမကျတဲ့ဒေါသတွေကလွဲရင် ကျန်တာမရှိဘူး။

ခွပ် ခွပ်

လက်သီးနဲ့နံရံမိတ်ဆက်သွားမှုရဲ့နောက်မှာ သွေးတွေကရဲခနဲ။ အသားတွေကလည်း ပွန်းပဲ့ကုန်တယ်။ သွေးပူနေတုန်းမှာ ဒေါသကလွဲရင် နာကျင်မှုဆိုတာနတ္ထိ။
နောက်ထပ်ကျွန်တော့်လက်သီးတစ်ချက် နံရံပေါ်ကိုရောက်ခါနီးဆဲဆဲမှာ လေထဲကလက်တစ်စုံရဲ့ဟန့်တားခြင်းကို ခံရတယ်။

A Gift of Heaven(Completed)Where stories live. Discover now