Unicode ver
Xiao Zhanရဲ့အိမ်အပြန်ခရီးစဥ်က လှပနေခဲ့သည်။ သူဆယ်ကျော်သက်တစ်ယောက်လို ရင်တွေခုန်နေတာကို ငြင်းမရ။ Yiboနဲ့တွေ့ရင် ဘာပြောရမလဲဆိုတာပဲ ခေါင်းထဲမှာပြည့်နေခဲ့သည်။ တကယ်ဆိုရင် သူကတောင်းပန်ရမယ့်သူ။
အချစ်တစ်ခုဟာ လွယ်လွယ်နဲ့မတည်မြဲဘူးလို့ သူထင်ခဲ့သည်။ မှန်တာပြောရရင် Yiboရဲ့အချစ်ဟာ မှားယွင်းနေတယ်လို့ သူထင်ခဲ့သည်။ နှစ်ကာလကြာရှည်နေတဲ့ အမှားတစ်ခုကိုတော့ ဘယ်သူကမှဒီလောက်ထိစွဲစွဲလန်းလန်း သိမ်းမထားလောက်ပါဘူး။ ထိုနှစ်ချီနေတဲ့အစွဲလန်းက အမှားတစ်ခုမဟုတ်ဘဲ အချစ်လို့ရိုးရိုးလေးခေါင်းစဥ်တပ်ကြည့်တဲ့အခါ Xiao Zhanရင်မှာ တသိမ့်သိမ့်နဲ့ကြည်နူးနွေးထွေးရပါတယ်။
တကယ်တော့ Xiao Zhanက Yiboရဲ့အရာရာကိုခေါင်းစဥ်တပ်လွဲမှားခဲ့တာ။ ခံစားချက်တွေကို အချိန်အတိုင်းတာဆိုတဲ့ ပေတံနဲ့ချိန်ကြည့်ခဲ့တာ။ သူသိပ်ကိုမှားခဲ့တာပေါ့။ ခပ်ငယ်ငယ်ကောင်လေးတစ်ယောက်ရဲ့ ရူးသွပ်စွဲလန်းခြင်းတွေမှာလည်း သူထပ်မှားဖို့အဆင်သင့်ဖြစ်နေပြီ။ လူအများက အမှားလို့သတ်မှတ်ပါစေဦး သူ့အတွက်ကတော့ပျော်ရွှင်စရာတွေ ယစ်မူးထုံးလွှမ်းနေတဲ့ အချစ်ဖြစ်ခဲ့ပြီ။
..........................................................
Wang Yiboတစ်ယောက်သူ့တိုက်ခန်းမှာ လုံးဝအနားယူနေရသည်။ မန်နေဂျာရဲ့သည်းမခံနိုင်တဲ့အဆုံး စီစဥ်ပေးမှုအောက်မှာ အလုပ်တွေတတ်နိုင်သမျှနောက်ရွှေ့လို့ သူအနားယူနေရသည်။
နေမကောင်းတဲ့Yiboက တိုက်ခန်းထဲမှာ စားလိုက်အိပ်လိုက်အပြင် လုပ်စရာမရှိဘူး။ အိပ်ရာဘေးပုံနေတဲ့ ဘီယာဘူးခွံတွေကတော့ သူ့ရဲ့ပြိုလဲခြင်းတွေအတွက် သက်သေ။ ဒီအခြေနေနဲ့ Yibo ပါပါးဆီကိုလည်း မပြန်ဖြစ်ဘူး။ လွန်ခဲ့တဲ့နှစ်တွေကလို စိတ်ဓာတ်ကျနေတဲ့ Wang Yiboပုံစံကို ပါပါးဆီတစ်ခါပဲပြရင် တော်ပြီပေါ့။ မိဘကိုစိတ်ဆင်းရဲအောင်လုပ်ဖို့မကောင်းပါဘူး။
ဖြစ်သမျှအကြောင်းအကောင်းချည်းပါပဲ သူ့နှလုံးသားကတော့ အကောင်းတိုင်းမကျန်အောင်မွမွကြေလို့။ Yiboပြိုလဲဦးမှာပါပဲ။ ပြိုလဲပြီးရင်လည်း သူထပ်ပြီးတော့ရှင်သန်ရဦးမှာ။
ဒါပေမယ့် ဒီအခိုက်တန့်လေးမှာ ကောင်းကောင်းကြီးခံစားပေါက်ကွဲလို့ နေဦးမည်။ အရင်ကလိုပဲ Zhan Geကသူ့အတွက် ကြယ်လေးပြန်ဖြစ်သွားခဲ့သည်။ သူမျှော်ကြည့်ရမယ့် သူဘယ်တော့မှမပိုင်ဆိုင်နိုင်မယ့်ကြယ်လေး။
![](https://img.wattpad.com/cover/204921905-288-k667328.jpg)
YOU ARE READING
A Gift of Heaven(Completed)