Extra Chapter

13K 1K 112
                                    

Unicode ver

Xiao Zhanဘေးမှာလူတွေ လှုပ်ရှားလို့အလုပ်ရှုပ်နေတယ်။ သူကတော့ဇာတ်ညွှန်းစာအုပ်လေးကိုင်လို့။ ဒါပေမယ့်မကျက်နိုင်သေးဘူး။ လက်တစ်ဖက်က ပန်ကာတစ်လုံးနဲ့အလုပ်ရှုပ်နေလို့။

ပူတာပဲ သိပ်ပူတာပဲ။ ပူအိုက်နေတာက Xiao Zhanတစ်ကိုယ်လုံး အငွေ့ပျံထွက်သွားတော့မလိုပဲ။ နွေရာသီ တောထဲမှာ ပန်ကာတွေ airconတွေကြီးကြီးမားမားမရှိ၊ ချထားတဲ့ဆံပင်ရှည်ကြီးရယ်
သုံးထပ်လောက်ဝတ်ထားရတဲ့ ရှေးခေတ်ဝတ်စုံရယ်။သူခံစားနေရတဲ့ပူလောင်မှုတွေကို စာဖွဲ့ပြရရင်ဖြင့် ကုန်မယ်တောင်မထင်ဘူး။

အရင်ရက်တွေကတော့ Xiao Zhanဘေးမှာ Yiboလေးရှိတယ်။ ခန့်ထည်တဲ့ လန်ဝမ့်ကျီးအသွင် သူ့ရဲ့ကျောက်စိမ်းသလင်းတုံးလေးက အရင်ရက်တွေတုန်းကတော့ဖြင့် မြင်တာနဲ့ရင်အေးအောင်စွမ်းဆောင်နိုင်တာမို့ ပူတာကမေ့ထားလို့ရသည်။ ပြီးတော့အားတာနဲ့ နှစ်ယောက်သားတွန်းထိုးစကားပြောတာဖြစ်ဖြစ်၊ ရိုက်တမ်းသတ်တမ်းကစားတာဖြစ်ဖြစ် လုပ်နေတာမို့ Xiao Zhanပူဖို့ကိုသတိမရပါ။

အခုတော့Xiao Zhanတစ်ယောက်တည်းပါ။ ကျောက်စိမ်းတုံးလေး လန်ကျန့်မပါတဲ့အခန်းတွေရယ် Yiboအလုပ်ရှိတာရယ်မို့ Xiao Zhanတစ်ယောက်တည်းရိုက်ကွင်းမှာဖြစ်နေတာ သုံးရက်လောက်ရှိပြီ။ သူနဲ့အရမ်းကိုခင်မင်နေကြပြီဖြစ်တဲ့ castsအပေါင်းကလည်း ပူကြလို့ထင်တယ် သူ့ကိုတောင်လာမစနိုင်ဘဲ လေပိုက်နားမှာပဲရပ်နေကြသည်။

"ယွီပင်း ပူလိုက်တာကွာ"

"ဝေ့သခင်လေး ကျွန်တော်ယပ်ခတ်ပေးရမလား"

ယွီပင်းက သူ့ဇာတ်ကောင်ပုံစံအတိုင်း Xiao Zhanကိုပြောသည်။ ဒါပေမယ့်Xiao Zhanပြန်စဖို့ စိတ်မပါနိုင်ဘူး။

"မနောက်ပါနဲ့ ယွီပင်းရေ။ တကယ်ရိုက်နေတာသာဆိုရင်တော့ ငါမင်းကိုသေချာပေါက်ခတ်ခိုင်းမှာ"

"ဝေ့သခင်လေး ဝေ့သခင်လေး လန်ကိုကိုလေးမရှိတာနဲ့ ပူရတာနဲ့။ ဗိုက်ဆာရတာနဲ့။ ဇာတ်ညွှန်းကများရတာနဲ့။ အရင်နေ့တွေတုန်းက သတိမရဘူးလား"

"ငါ အဲ့လောက်ညည်းမိသွားတာလား"

"ဟုတ်တယ်လေ အဲ့ဒါတွေပဲတောက်လျှောက်ထိုင်အော်နေတာ"

A Gift of Heaven(Completed)حيث تعيش القصص. اكتشف الآن