Chapter 5

10.9K 1.1K 5
                                    

Unicode ver

ပထမဆုံးအနေနဲ့  ရိပေါ် ကျန့်ကောနဲ့လျှောက်လည်ပြီးတဲ့နေ့မှာ ပထမဆုံးအကြိမ်အဖြစ် ရီပေါ် ကျန့်ကောဆီကိုmessageတစ်စောင်ပို့တယ်။

Good night Zhan Ge!!

ဒီစာတိုလေးကိုပို့အပြီး သူရင်တွေခုန်နေခဲ့တယ်။ကျန့်ကောဆီက ပြန်စာကိုလည်းမျှော်ရတာ ရင်တွေခုန်လို့။

ကျန့်ကောက ကျွန်တော့်ဆီကိုချက်ချင်းပြန်စာမပို့ခဲ့ပါဘူး။
မန်နေဂျာဆီက ပို့တဲ့စာကိုလည်း ကျွန်တော့်မှာကျန့်ကောအမှတ်နဲ့ ရင်တွေခုန်ပြီးဖွင့်ဖတ်မိသေးတယ်။ တကယ့်ကိုတစ်ယောက်တည်းဂယက်တွေပါပဲ။

ဒါပေမယ့် ကျန့်ကောကတစ်နာရီလောက်ကြာတော့ ပြန်ပို့ပါတယ်။

Good night Yibo! အိမ်မက်လှလှမက်ပါစေ တဲ့။

စာတိုလေးတစ်ခုက ရင်ကိုဗြောင်းဆန်နေအောင်ဖြစ်စေပြီး ရယ်မောလို့ကြည်နူးစေမိမယ်လို့ ကျွန်တော်အရင်ကမထင်ခဲ့ဘူး။ အခုတကယ်ခံစားရတော့မှ ပြောမပြတတ်အောင်ဝမ်းသာမှုတွေနဲ့ ကျွန်တော့်မှခြေမကိုင်မိ လက်မကိုင်မိ။

Zhan Geကတကယ်ပြုစားနိုင်သော အိမ်မက်လှလှလေး။

"သား Yiboအဆင်ပြေရဲ့လား"

"ပြေပါတယ် ပါး"

သားအဖနှစ်ယောက်မျက်နှာချင်းဆိုင် စုံမိချိန်ကလက်ချိုးရေလို့တောင်ရပေမယ့် စုံမိတဲ့အခါတွင်လည်း ပါးကသူ့ကိုအခုလို တရေးတယူမေးလေ့ရှိပါတယ်။

လွန်ခဲ့တဲ့နှစ်တွေဆီက ခံစားလွယ်တဲ့ စိတ်နုတဲ့ ကလေးသာသာYiboဖြစ်နေဦးမှာကို ပါပါးကအမြဲတမ်းစိတ်ပူနေတယ်။

အရင်နှစ်တွေတုန်းက Yiboက ကလေးတစ်ယောက်လိုပဲ။ သူ့အတွေးထဲမှာ သူကြိုးစားရင်ကြိုးစားသလိုဖြစ်တယ်လို့ပဲ စိတ်ထဲစွဲနေခဲ့တာ။ ဒါကြောင့် သူဝါသနာပါတဲ့အကကို နေ့နေ့ညည အပြင်းအထန်လေ့ကျင့်တယ်။
ကိုရီးယားကentမှာ traineeဘဝနဲ့နေပြီး သူသေလောက်အောင်ကြိုးစားတယ်။ သူသေလောက်အောင်ကြိုးစားရင် သူ့အတွက်နေရာရမယ် နေရာရှိမယ်လို့သူထင်ခဲ့တယ်။

နောက်ဆုံးတော့ သူပြန်ရလိုက်တာက မရွေးချယ်ခံရခြင်း၊ စွန့်ပယ်ခံရခြင်းနဲ့ အမာရွတ်တွေကျန်နေတဲ့ ခြေထောက်တစ်စုံပဲ။ ပြန်အဆင်ပြေဖို့ သူမနည်းအားယူရတယ်။ အဲ့အချိန်တုန်းကဆို Yiboကမ္ဘာကလုံးဝမှောင်မိုက်သွားသလိုပဲ။ မျှော်လင့်ချက်တွေမရှိတော့ဘူး။ စိတ်အားထက်သန်မှုတွေမရှိတော့ဘူး။

A Gift of Heaven(Completed)Where stories live. Discover now