Chapter 22

9.8K 922 10
                                    

Unicode ver




ကျွန်တော့်အတွက် အချစ်ဆိုတာအရာက သူတစ်ယောက်ဆီမှာပဲ ဦးဆုံးဖြစ်တည်ခဲ့ပြီး ထိုအချစ်ဦးကိုပဲ ကျွန်တော်ကံကောင်းလွန်းစွာ ပိုင်ဆိုင်ခွင့်ရခဲ့ပါတယ်။

ရိုးရိုးလေးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့တဲြ Xiao Zhanဆိုတဲ့အကို ကိုသီချင်းဆိုကောင်းတဲ့အကိုတစ်ယောက်အဖြစ်သိတာကနေ သူ့ကိုရူးရူးမူးမူးစွဲလန်းမိတဲ့fan boyလေးဖြစ်လာခဲ့တယ်။
နောက်တော့ သူ့ကိုပိုင်ဆိုင်ချင်တဲ့ အချစ်ရူးဖြစ်လာတယ်။

ကျွန်တော့်အချစ်ဦးက ကျန့်ကောပါပဲလို့ဆိုရင် မူပိုင်ရှက်ပြုံးခပ်ဖွဖွနဲ့ ကျွန်တော့်ကိုတုန့်ပြန်ပါတယ်။
တစ်ချိန်တည်းမှာပဲ ကျွန်တော့်ကိုဘယ်တုန်းကချစ်သွားတာလဲလို့မေးရင် မသိဘူးလို့ငြင်းပါဦးမယ်။

ကျွန်တော်ကတော့ ဘယ်အချိန်မှာချစ်တာလဲ မေးရင်

ကောပြုံးလိုက်တဲ့အချိန်မှာချစ်တယ်

ကောမျက်လုံးကြည်ကြည်လေးကို မြင်တဲ့အချိန်မှာချစ်တယ်

ကောရဲ့နှုတ်ခမ်းပါးလေး ကော့ညွတ်လာချိန်မှာချစ်တယ်

အခုနောက်ပိုင်းမှ ရယ်လိုက်ရင်ပေါ်လာတဲ့ ပါးချိုင့်ရာရှည်သွယ်သွယ်လေးကိုလည်း ချစ်တယ်။

ရှောင်းကျန့်ရယ်လို့ ဖြစ်တည်နေတဲ့ကောကိုချစ်တယ်လို့ ဖြေမယ်။

ဒီထက်ပိုပြီးပြောရရင် ကောပါးစပ်က
Yiboလို့ခေါ်တဲ့အခါတိုင်းကို ချစ်တယ်။





.
.
.
.
.
.
.
..
..
....
......

"ပါပါး ကျွန်တော် Zhan Geဆီသွားမလို့"

ပြန်လှည့်ကြည့်လာသော ပါပါးမျက်လုံးများတွင် ခွင့်ပြုခြင်းတို့ပါသည်။ နားလည်ခြင်းတို့ပါသည်။ Zhan Geကကျွန်တော့်ဘဝအတွက် ဘယ်လောက်အရေးပါကြောင်း ပါပါးမည်မျှနားလည်လက်ခံပေးထားလဲတော့ ကျွန်တော်မသိဘူး။

"ငါကမသွားနဲ့လို့ပြောရင်ရော"

"ကျွန်တော်ကနားထောင်မယ်ထင်လား ပါပါး"

"အကြောတင်းကောင် ငါလဲဘယ်လိုသားမျိုးကိုမွေးထားမိတယ် မသိဘူး"

A Gift of Heaven(Completed)Where stories live. Discover now