Chapter 13

10.5K 982 23
                                    

သစ်ပင်ကြီးရဲ့ အရွက်စိမ်းတွေကြားကနေ ဖြာဆင်းနေတဲ့နေရောင်ကြောင့် လမ်းမပေါ်မှာ အလင်းကွက်တို့ ဟိုတစ်ကွက် သည်တစ်ကွက်။

အေးမြတဲ့သစ်ရွက်စိမ်းရယ် မပြင်းလွန်းတဲ့နေရောင်နုရယ် ပေါင်းစပ်တဲ့အခါ Yiboစကိတ်စီးနေတဲ့နေရာလေးက နွေးထွေးလို့နေတယ်။

ဒီလိုပတ်ဝန်းကျင်အခြေနေကို ပမာပြုရမယ်ဆိုရင်တော့ အင်း Zhan Geအပြုံးလိုပဲ တောက်ပတယ် နွေးထွေးတယ် ကျေနပ်စရာကောင်းတယ်။

Wang Yiboတစ်ယောက်တည်းရယ်မိပြန်ပြီ။ သူအခုဖြစ်နေတဲ့ပုံစံက စားရတဲ့ကလေးပိုငတ်နေသလိုပဲ။
စားလည်းZhan Ge သွားလည်းZhan Ge အရာရာကZhan Geပဲဖြစ်နေတော့တာ။

အိပ်ရာဝင်ခါနီးရင်စဥ်းစားမိတဲ့ အနမ်းဖွဖွတွေကြောင့် အိပ်မပျော်တဲ့ရက်တွေများခဲ့ပြီ Ge ကျွန်တော်လည်းဒီစိတ်နဲ့ ရူးမှာပါပဲ။

ဖုန်းmessageသံကြောင့်ကြည့်လိုက်တော့ မန်နေဂျာဆီမှ။

/ရှေ့နေနဲ့လည်းဆွေးနွေးပြီးပါပြီ အားလုံးအဆင့်သင့်ဖြစ်ပါပြီဆရာဝမ်/

/အဲ့ဒါဆို တရားစွဲဖို့စပြင်တော့/

Yibo ပြန်စာပို့ပြီးမှာ လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ အပူမရှာချင်ပေမယ့် လာရှာနေတဲ့အပူတွေကို ငြှိမ်းရပါဦးမည်။ ကျွန်တော့်အတ္တတွေအတွက် Zhan Geကို အပူတွေပေးရဦးမည်။
မတတ်နိုင် မီးဆိုတာမလောင်ခင်ကြိုတားဖို့ အရေးကြီးသည်။ ကျွန်တော်အမြဲကာကွယ်ချင်တဲ့လူသားက အမြဲအတိုက်ခိုက်တွေ များနေရတာ။ ဒီအခွင့်ရေးကိုအသုံးချလို့ ထိုလူသားအတွက်စူးညှောင့်ခလုတ်ဖြစ်နေသော အရာတွေကို အမြစ်ဖြတ်သုတ်သင်ရမည်။







Wang Yibo သည်သူ့အား mediaစာမျက်နှာများပေါ်တွင် မဟုတ်မမှန် ပုတ်ခတ်ပြောဆိုသူကို တရားစွဲဆို
သည့် သတင်းသည် mediaစာမျက်နှာတွေပေါ် ပလူပျံလျက်ရှိသည်။

ပွထနေတဲ့သတင်းတွေကြည့်ပြီး Xiao Zhanသက်ပြင်းသာ အခါခါချမိသည်။
လောင်ဝမ်က တကယ်ကြီးကိုဒေါသကြီးတာပဲ။ အေးလေ သူ့ကိုအလကားထိတာဆိုတော့ သူ့အနေနဲ့ဘယ်ငြိမ်ခံပါ့မလဲ။

A Gift of Heaven(Completed)Where stories live. Discover now