Chapter 16

8.8K 954 16
                                    

Unicode ver

Xiao Zhan အရွယ်ကအရာရာကို ဆင်ခြင်ချင့်ချိန်ပြီး  သုံးသပ်နိုင်တဲ့အရွယ်။ မငယ်လှတဲ့သူ့အရွယ်မှာ ရည်းစာစကားအပြောခံရတာလောက်နဲ့ မတုန်လှုပ်သင့်ပေမယ့် Xiao Zhanတုန်လှုပ်နေတယ်။

Wang Yibo ဘယ်ကစပြီး ဘာတွေမှားယွင်းသွားလဲမသိပေမယ့် ထိုလူငယ်လေးက သူတွေးထင်သလိုမဟုတ်ခဲ့ဘူး။ အမှန်တရားရဲ့ရိုက်ချက်ကြောင့် Xiao Zhanတစ်ညလုံးအိပ်မပျော်နိုင်။

သူထိုကောင်လေးကို ဘယ်လိုလုပ်ပေးရမလဲ။ မျက်နှာလွှဲခဲပစ်လုပ်လို့ရတဲ့ ဆက်ဆံရေးမျိုးမဟုတ်ခဲ့သလို Xiao Zhan အနေနဲ့Yiboကိုတကယ်သံယောဇဥ်ရှိခဲ့တာ။ သူတို့နှစ်ယောက်ကြားမှာ ညီအစ်ကိုလို သူငယ်ချင်းလို ခိုင်မာတဲ့သံယောဇဥ်တွေရှိခဲ့သည်။ဒါကိုထိုကောင်လေးက ပြောင်းလဲချင်ပါသတဲ့။

သူဘယ်လိုနားလည်ရမလဲလေ။ အမှန်တိုင်းပြောရင် Xiao Zhanတစ်ညလုံးတွေးတယ်။ သူ့ဘက်ကပဲအနေထိုင်တွေမတတ်လို့လား။ သူနဲ့Yiboခင်မင်တဲ့အချိန်ခဏလေးတွင်းမှာ Yibo သူ့အပေါ်ဒီလိုစိတ်ထားနိုင်ဖို့ သူဘာတွေမှားယွင်းခဲ့တာလဲ။ သူမသိတော့ဘူး။

ခက်ခဲလိုက်တာ။ Yiboကိုနားလည်ပေးဖို့ခက်ခဲသလို သူ့ကိုယ်သူလည်းနားလည်နိုင်ဖို့ သိပ်ခက်တာပဲ။ မွန်းကျပ်လွန်းလို့ သူမသောက်နိုင်တဲ့အရက်တွေပါ သောက်ပစ်မိတဲ့ထိ။ မူးနေတဲ့ထိ Yiboရဲ့မျက်နှာနွမ်းလျလျနဲ့ သူ့နာမည်ခေါ်သံကို မှတ်မိနေတုန်းပဲ။အရာအားလုံးက မှားယွင်းနေတယ်ဆိုတာပဲ သူသိတော့တယ်။

အရက်နာကျပြီး နိုးလာတဲ့မနက်ခင်းတွေက စိတ်ညစ်ညူးစရာ။ ရေအေးတွေနဲ့လန်းဆန်းအောင် ချိုးလိုက်တော့ ခေါင်းနည်းနည်းကြည်သွားသည်။

အခန်းဘေးကထောင်ထားတဲ့ စကိတ်ဘုတ်ကိုကြည့်မိပြန်တော့ ရင်မောစွာပဲ Xiao Zhanမျက်နှာလွှဲရသည်။ Yiboကိုပေးဖို့လက်ဆောင်ကို သူပေးဖြစ်တော့မှာ မဟုတ်ပေ။ ထိုကောင်လေးကိုမျှော်လင့်ချက်အမှားတွေ မပေးချင်သလို ဆုံးဖြတ်ချက်အမှားတွေလည်းမချစေချင်။

သူနဲ့ခင်မင်ရင်းနှီးတဲ့ ဒီလောက်ချိန်အတိုင်းတာနဲ့ဆိုရင် Yibo သူ့အပေါ်စိတ်ကစားတာမျိုးဖြစ်နိုင်သည်။ သူ့ဘက်ကသာ ရှောင်ပေးမယ်ဆို Yiboရဲ့စိတ်လည်းတစ်ချိန်မှာ လမ်းမှန်ပြန်ရောက်သွားနိုင်သည်။ အရာရာသူ့အမှားပဲဖြစ်ပါလိမ့်မည်။ Yiboကိုလမ်းမှန်ရောက်စေဖို့ သူ့မှာတာဝန်အပြည့်ရှိသည်။

A Gift of Heaven(Completed)Where stories live. Discover now