Chapter 14

8.2K 918 6
                                    

Unicode ver

လိုင်းပေါ်ကနေ စကိတ်ဘုတ်တွေတွေ့တော့ Xiao Zhan ကြည့်ရင်းနဲ့Wang Yiboကိုသတိရသွားသည်။ ထိုကောင်လေးအပေါ်ကျေးဇူးတင်စရာတွေများနေသလောက် တစ်ခါမှကျေးဇူးတင်ကြောင်းကို မဖော်ပြပေးနိုင်လို့ Xiao Zhanရင်ထဲအားနာစိတ်ဝင်နေတာကြာပြီ။

Yiboစေတနာကို သူတနည်းနည်းနဲ့ အသိမှတ်ပြုပေးချင်နေတာကြာပြီ။
ဒီကောင်လေးကိုပေးမယ့် စကိတ်ဘုတ်ထဲသူ့စေတနာတွေထည့်ပေးချင်တာတော့ Xiao Zhanရဲ့စိတ်ရင်းအမှန်။

စကိတ်ဘုတ်ကိုXiao Zhanကိုယ်တိုင်ဆင်တယ်။ Yiboအကြိုက်ဆုံးအစိမ်းရောင်ကိုမှ မျက်စိပဒသာဖြစ်အောင် နောက်ထပ်colorတွေနဲ့matchတယ်။

ထိပ်လေးမှာ Yiboနာမည်နဲ့ကိုယ်ပိုင်logoလေးထည့်ဆွဲပေးလိုက်တယ်။ဒါဟာ လောကမှာနှစ်မျိုးမရှိနိုင်တဲ့ designed by Xiao Zhan စကိတ်ဘုတ်ပဲ။ ဒီလက်ဆောင်ကိုမြင်ရင်တော့ ကောင်လေးပျော်လောက်ပါရဲ့။
ကြိုက်စေချင်တယ် ပျော်သွားစေချင်တယ်။ Xiao Zhanရဲ့မေတ္တာအရင်းမှန်တွေပါပဲ။


Xiao Zhan ဇာတ်ကားအသစ်ကရိုက်လက်စပဲ သူ့အနေနဲ့ ဆရာဝန်ဇာတ်ကောင်နေရာမှာ ပီပြင်စွာသရုပ်ဆောင်နိုင်ဖို့ အများကြီးလေ့လာရတယ်။

ဒိုင်ယာလောဂ်တွေမှာပါတဲ့ ဆေးဘက်ဆိုင်ရာအသုံးနှုန်းတွေ ဒါတွေနဲ့အသားကျနေတဲ့ပုံစံဖြစ်အောင်ရော ကြည့်လိုက်တာနဲ့သူ့ကိုထိုဇာတ်ကောင်အဖြစ် လက်ခံဖို့ကို Xiao Zhanအရမ်းကြိုးစားတယ်။ ကြိုးစားပြီးရင်း ကြိုးစားနေတဲ့သူ့လမ်းမှာ ဒါဟာနောက်ထပ်မှတ်တိုင်တစ်ခုပဲ။

Xiao Zhanနဲ့ရိုက်ကူးရေးမှာရှိတဲ့သူ အကုန်လုံးကလည်းသဟဇာတဖြစ်တယ်။ ဒီဇာတ်ကားပြီးတဲ့ထိကိုယသူတို့တွေအကုန်တက်ညီလက်ညီကြိုးစားရမှာ။ Xiao Zhanဆိုအကုန်လုံးက ချစ်ခင်ပေးကြတော့ ဘယ်လောက်ပင်ပန်းပန်း Xiao Zhanကတော့အလုပ်လုပ်ရတာ ပျော်နေရောပဲ။

"ရှောင်းလောင်ရှီး ကျွန်တော်တို့နဲ့အတူ ညနေစာစားရအောင်"

ရိုက်ကူးရေးစောပြီးမှာမို့ အတူတူရိုက်တဲ့ supporting roleမင်းသားနဲ့တခြားသရုပ်ဆောင်တွေက ထမင်းတူတူစားဖို့ ပြောတဲ့အခါ Xiao Zhanကတော့

A Gift of Heaven(Completed)Tempat cerita menjadi hidup. Temukan sekarang