Chapter 21

10.4K 1.1K 30
                                    

Unicode ver

Xiao Zhan ကဒီလိုပုံစံမျိုးမဟုတ်ဘူး။
မဟုတ်ဘူး။ အဲ့လိုလူမျိုးမဟုတ်ဘူး။

ဒါတစ်နေ့လုံး Xiao Zhanကိုယ်တိုင်ရွတ်နေတဲ့ စကားဖြစ်သည်။ သူကိုယ့်ကိုယ်ကိုယ် မယုံကြည်နိုင်‌လောက်အောင်ထိ သူ့စိတ်ကိုသူပြန်အံ့သြနေရသည်။

သူ Wang Yiboကို မိန်းကလေးတစ်ယောက်နဲ့သဝန်တိုနေသည်လေ။

မဖြစ်သင့်လိုက်တာ။

အရမ်းနုံချာလိုက်တာ။

ငါဘာတွေလျှောက်တွေးနေတာလဲ။

သူကိုယ့်ကိုယ်ကိုယ်စိတ်တိုနေတုန်းမှာပဲ အကြိမ်ပေါင်းမရေနိုင်လောက်အောင် ကြည့်ထားမိတဲ့ videoက မျက်လုံးထဲပေါ်လာပြန်သည်။

သူစိတ်ရှုပ်လွန်းလို့ ပေါင်ပေါ်ကခေါင်းအုံးကို လက်သီးနဲ့ထိုးဆွနေလိုက်သည်။

Wang Yibo hostလုပ်နေတဲ့variety program မှာမိန်းကလေးတစ်ယောက်နဲ့တွဲကတဲ့videoကြည့်ပြီး Xiao Zhanပူလောင်နေရတာ။ Yiboကတော့
dancerပီပီ အဟုတ်တွေကနေပေမယ့်
မဟုတ်တရုတ်တွေတွေးနေတာက သူ။

Yiboကနေရင်းနဲ့ ကောင်မလေးခါးကိုကိုင်လိုက်တဲ့အချိန်တွေ ပုခုံးကိုထိလိုက်တဲ့အချိန်တွေဆို သူကြည့်ရင်းနဲ့ ရင်တွေပါပူလာသည်။

သူကဒီလိုစတိုင်မဟုတ်ပါ။ ဒါပေမယ့် ပူလောင်နေတာတော့ ဝန်ခံပါသည်။
Xiao Zhanကလွဲအခြားသောသူတွေကို စိတ်မဝင်စားတတ်ဘူးဆိုတာသိပေမယ့် ဘာမှမဟုတ်ဘဲ အသားချင်းထိရတာမို့ သူစိတ်တိုနေရတာဖြစ်သည်။

ကြည့်ရှူသူနှုန်းမြင့်ချင်တာနဲ့ သက်သက်သူ့ကလေးကိုရော ဟိုဘက်ကကောင်မလေးကိုပါ ခုတုံးလုပ်တာတော့မဟုတ်သေးဘူးလေ။ အခုလိုတွေခုတုံးလုပ်တော့ သူပါပူလောင်နေရပြီမလား။

ဒီကိစ္စကို ဒီမှာတင်ထားဖို့သာ Xiao Zhanဆုံးဖြတ်လိုက်သည်။ Yiboကို အလကားနေပြသနာရှာမှာ မဟုတ်တာတော့ကျိန်းသေသည်။

........................................................

အလုပ်တွေများနေပြီးတဲ့နောက်မှာ Xiao Zhanပူလောင်နေတဲ့တွေငြိမ်းသွားပြီ။ အေးလေ အခုလောက်လေးနဲ့သူတစ်အားဖြစ်ပျက်ပြနေတာတော့ သူမပီသဘူးလေ။

A Gift of Heaven(Completed)Hikayelerin yaşadığı yer. Şimdi keşfedin