Chapter 18

9.2K 1K 27
                                    

Unicode ver

Xiao Zhanအတွက်သိသိသာသာ စိတ်မချမ်းသာတဲ့နေ့တွေ တိုးတိုးလာခဲ့တယ်။ Xiao Zhanကဟန်ဆောင်ပြုံးနေရတယ်။ အသက်ရှူနေရတဲ့လေထုကအစ သူ့အတွက်ဖိအားပဲ။ သူနေမပျော်တော့ဘူး။

တစ်စုံတစ်ယောက်ကို ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ခံစားချက်ကြီးက ဒီလူသားနဲ့ကျမှပဲ သိပ်ဆိုးရွားနေခဲ့တယ်။ ကောင်လေးဟာ တစ်ချိန်ချိန်ကျရင် သူ့အတွက်ညီလေးတစ်ယောက်လိုပြန်လာဦးမယ်လို့ လောဘတကြီးမျှော်လင့်မိနေတာပါပဲ။

Xiao Zhanသိပ်ကိုအကျင့်မကောင်းလွန်းတာပဲ။ ကိုယ့်ကိုယ်ကိုယ်နာနာကျည်းကျည်း တွေးမိပြီးရင်မောနေခဲ့ရတဲ့နေ့တွေက ငရဲပဲ။

Xiao Zhanရဲ့stylistက ဖုန်းပြောရင်းဆိုတယ်။ ဖြစ်ချင်တော့ Stylist Linnက Xiao Zhanနဲ့မနီးမဝေးမှာ Xiao Zhanကြားအောင်သေချာပြောနေတာ။

"နင်အဆင်မပြေဘူးပေါ့ အဲ့ဒါဆို နင့်boss Wang Yiboကအဲ့လိုဆိုတော့လေ"

Stylist Linnရဲ့သူငယ်ချင်းကလည်း Yiboရဲ့stylistပါပဲ။ Xiao Zhanမှာ Wang Yiboနဲ့ပတ်သက်ပြီး ဖြတ်တောက်မရတဲ့ကြိုးတွေမှအများကြီး။

"အဲ့ဒါဆို ဆရာWangကအရမ်းနေမကောင်းနေတာပေါ့။ အလုပ်တွေပဲဆက်တိုက်လုပ်ပြီး ဘာမှလည်းဟုတ်တိပတ်တိမစားဘူး ဟုတ်လား"

Linnရဲ့အသံအဆုံးမှာ ထိတ်ထိတ်ပြာဖြစ်ဖြစ်သွားတဲ့ Xiao Zhan. သူ့ကလေးကအဲ့လောက်တောင်ပဲ ပြိုလဲနေပြီလား။

"ဟုတ်လား ဆရာWangကဆေးပါသွင်းယူရတာလား အားပျက်နေတာတောင်အလုပ်တွေလုပ်ရတုန်းပဲလား။နင်တော့နှစ်ဆပင်ပန်းမှာပေါ့"

သူငယ်ချင်းနှစ်ယောက်ကြားက သတင်းဖလှယ်မှုကတော့ Xiao Zhanရင်ထဲတည့်တည့်ပဲ။ တကယ်ကိုWang Yiboက သိသိသာသာကိုအားပျက်နေတာ။ သူ့ရဲ့အပူရုပ်ကိုမိတ်ကပ်ဖုံးပြီးဖိတယ်။ ခေါင်းမာမှုနဲ့ဖုံးတယ်။ အစားအသောက်ကို အသက်ရှင်ပြီးရောသဘောနဲ့စားတယ်။ ဒီတိုင်းဆက်သွားရင် အရုပ်ကျိုးပျက်လဲတော့မှာ အသေချာပဲ။ Yiboက ဘယ်သူတရားချချနားမဝင်တော့ဘူး။

Xiao Zhanရင်ထဲမှာလည်း အပူမီးတွေဟုန်းဟုန်းတောက်လို့။ သူကအထိခိုက်အပျက်စီးနည်းနိုင်သမျှ နည်းချင်တာ။ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရပြီလား။ ရင့်ကျက်တည်ငြိမ်လှပါတယ်ဆိုတဲ့ သူ့ရဲ့အတ္တ‌ရောတဲ့ဆုံးဖြတ်ချက်တောင် သူမယုံချင်တော့ဘူး။

A Gift of Heaven(Completed)Where stories live. Discover now