Unicode ver
သစ်ခွနုရောင်နဲ့အဖြူရောင်ကို ရောစပ်ဖန်တီးထားတဲ့ အပြင်အဆင်က နူးညံ့မှုနဲ့လှပမှုကို အချိုးကျကျရောစပ်ထားသလို။ အရင်တုန်းကလည်း ဒီလိုဆိုင်ပုံစံဒီဇိုင်းတွေ ဆွဲဖူးတဲ့Xiao Zhanက ဆိုင်လေးရဲ့အပြင်ဆင်ကိုကြည့်ပြီး သဘောကျနေမိသည်။
Xiao Zhan ကော်ဖီသောက်ဖို့နေရာအသစ်အနေနဲ့ ဒီဆိုင်လေးကိုတွေ့တာ။
သူ့အတွက် ဒီလိုအေးဆေးတဲ့နေရာလေးတွေက နေ့တိုင်းသောက်ရမယ့်ဗီတာမင်လိုပဲ လိုကိုလိုအပ်သည်။Xiao Zhanဘဝမှာ စိတ်ရှုပ်စရာနဲ့မွန်းကျပ်စရာတွေကို ဖြေလျှော့ဖို့ အေးချမ်းနွေးထွေးတဲ့ နေရာလေးတွေမှာ လာအပန်းဖြေတတ်သည်။ သူစိတ်ပါရင်ပုံတွေထိုင်ဆွဲတတ်သည်။ ဒါမှမဟုတ်ရင် စာအုပ်ဖတ်သည်။ အခုတော့ဒီလိုလှပြီးအေးဆေးတဲ့ နေရာလေးတွေက Xiao Zhanအတွက်အနားယူဖို့အပြင် Yiboနဲ့ချိန်းတွေ့ဖို့ ဖြစ်သွားသည်။
ချိန်းတွေ့ဖို့ဆိုတဲ့ စကားစုလေးနဲ့တင် သူ့လိုနှစ်အတော်ကြာ တစ်ယောက်တည်းဖြစ်ခဲ့တဲ့သူအတွက် ရင်ခုန်စေနိုင်စွမ်းသည်။ တက္ကသိုလ်ကျောင်းသားဘဝက အီစီကလီဇာတ်လမ်းတွေပြီးရင် သူအနုပညာလုပ်တဲ့သက်တမ်းတစ်လျှောက်မှာ အချစ်ဆိုတဲ့အရာကိုသူမကြုံဖူးဘူး။
အောင်မြင်ဖို့လျှောက်လမ်းတဲ့အချိန်မှာ ထိန်းသိမ်းနေထိုင်ရတာတွေနဲ့ သူ့ရဲ့ကြိုးစားလိုစိတ်တွေပဲ ခေါင်းထဲရှိခဲ့တာမို့။
Xiao Zhanအခုချိန်ထိ Yiboနဲ့သူရဲ့ ဆက်ဆံရေးကို အမည်တပ်ဖို့စဥ်းစားနေရဆဲဖြစ်သည်။ သူYiboကိုချစ်သည်။ စဥ်းစားတယ်ဆိုတာက ရှေ့ဆက်သွားမယ့်ဘဝမှာ သူ Yiboရဲ့လက်ကိုမဖြုတ်ပဲ အရာအာလုံးရင်ဆိုင်ပြီး သွားနိုင်လားဆိုတာ။ သူ ဘယ်အခြေနေမှာပဲဖြစ်ဖြစ် Yiboလက်ကိုမဖြုတ်ဘဲ ရှေ့ဆက်လျှောက်နိုင်တဲ့ သတ္တိတွေရှိနိုင်မလားဆိုတာကို သူစဥ်းစားနေမိသည်။ Xiao Zhanအနေနဲ့ ဘယ်နည်းနဲ့မှYiboကို မထိခိုက်စေချင်တာ သေချာသည်။ အညွန့်တလူလူနဲ့ကောင်လေးကို ဘယ်နည်းနဲ့မှ လူတွေအထင်မြင်သေးရှုတ်ချတာကို မခံစေချင်။
အနာဂတ်ဆိုတာမျိုးကို ဘာကြီးပဲဖြစ်ဖြစ် ရင်ဆိုင်လိုက်မယ်ဆိုတာ တစ်ကိုယ်တည်းအတွက်ဖြစ်နိုင်ပေမယ့် ဘဝနှစ်ခုဖြစ်လာတဲ့အခါ သူသိပ်တွေးပူရပါသည်။ Yiboရဲ့ဘဝကိုတော့ အခုထက်ပိုပြီး အောင်မြင်တဲ့ဘဝ လုပ်ချင်တာနဲ့ဖြစ်ချင်တာတွေ တစ်ထပ်တည်းကျပြီး နေပျော်တဲ့ဘဝပဲ ဖြစ်စေချင်သည်။
![](https://img.wattpad.com/cover/204921905-288-k667328.jpg)
YOU ARE READING
A Gift of Heaven(Completed)