Chapter 11

10.1K 1K 35
                                    

"တစ် နှစ် ဟိုဘက်ကိုလှည့်မယ်"

"ကျန့်ကော လက်ကိုတည့်တည့်ထုတ် ပြီးတော့လှည့်လိုက် တစ်ချိန်တည်းမှာပုခုံးပါလှုပ် အင်း ဟုတ်တယ်"

ဆရာဝမ်ရဲ့ အားတက်သရောသင်ကြားပေးမှုကို ရှောင်းကျန့်ကလည်း သေသေချာချာလေးသင်ယူနေသည်။ မကတာကြာတော့ခန္ဓာကိုယ်တောင့်တင်းနေတာကိုလည်း တကယ့်ကိုစိတ်ရှည်လက်ရှည်လေး သင်ပြပေးနေတော့ အားနာပြီးကျေးဇူးတင်ရတဲ့ကြားမှ Xiao Zhanသဘောကျပြီး ပျော်နေမိသည်။

မှန်ထဲမှာပေါ်နေတဲ့ Xiao Zhanရဲ့ပုံရိပ်။ ကတယ်ဆိုတာပေါ်ရုံလေး လှုပ်ရှားမှုသာသာလေးဆိုပေမယ့် ဒီလိုမျိုးကတဲ့ပုံကိုကXiao Zhanရဲ့ဆွဲဆောင်မှုပင်။
အသည်းယားလွန်းလို့ဆိုကာ မျက်စိမလွှဲချင်လောက်သော ထပ်ခါထပ်ခါကြည့်ချင်မိသော ကဟန်မျိုးပင်။

Yiboကတော့ ခေါင်းခါချလိုက်တာကအစ ခြေထောက်ခွဲလိုက်တာအဆုံး ရူးလောက်စေသည်။ ပျော့ပြောင်းသော တစ်ချိန်တည်းမှာပင် ကြံ့ခိုင်သော ကကွက်များကို Xiao Zhanမှာသင်နေရင်းပင် လိုက်ငေးယူနေရသည်။

"ဒီလိုဆိုအဆင်ပြေလား"

"အင်း Zhan Ge ဒီနားလေးကိုနည်းနည်း ပြန်ကျင့်ရင်ရပြီ"

အဆုံးသတ်အနေနဲ့ နှစ်ယောက်သားhigh five. Xiao Zhanရဲ့လက်ကသေးတော့ Yiboလက်ဖဝါးကြီးကြီးထဲမှာ မြုပ်သွားသည်။

"ငါ့ကိုစိတ်မဆိုးတော့ဘူးမလား"

ရေဘူးကိုခေါင်းမော့လို့ တစ်ဝက်လောက်သောက်ချပြီးတဲ့နောက်မှာ Yiboကခေါင်းခါပြသည်။

"ကျွန်တော်Zhan Geကိုကြာကြာစိတ်မဆိုးပါဘူး"

ရေသန့်ဘူးကိုပိုက်နဲ့စုပ်သောက်ရင်း ပြန်ရယ်ပြတဲ့Zhan Ge.အသည်းယားအောင်လို့ ရေဘူးကိုပိုက်နဲ့သောက်နေတယ်။ Yiboအမြဲတမ်းတစ်ယောက်တည်း ကမ္ဘာတွေပျက်ရတယ် Xiao Zhanရဲ့အပြုမူအဖြာဖြာမှာ။ ဘယ်ဘဝကဆုတောင်းလဲ Zhan Geရယ်...နှုတ်ခမ်းလေးတစ်ချက်လှုပ်သွားတာကအစ ငေးကြည့်ချင်စရာကောင်းတာမျိုး။

"ပေနေတယ်"

ရေသောက်ရင်းစီးကျနေတဲ့ Yiboလည်ပင်းက ရေစီးကြောင်းကိုXiao Zhanကခပ်ဖွဖွလာသုတ်ပေးသည်။ Zhan Geလက် သူ့လည်တိုင်တစ်လျှောက်ပွတ်သပ်သွားတဲ့ တစ်လျှောက်လုံးသူအသက်တောင် မရှူမိဘူး။

A Gift of Heaven(Completed)Where stories live. Discover now