Chapter 7

10.3K 1K 6
                                    

Rehearsalမှာမတွေ့ဖြစ်ပေမယ့် festivalမှာတော့ တွေ့နိုင်တာမို့ Wang Yiboစိတ်လှုပ်ရှားနေမိသည်။

သူလတ်တလော Zhan Geဇာတ်ကားအသစ်ရိုက်ဖို့ လက်ခံလိုက်တဲ့သတင်းကြားတာကလွဲရင် လူချင်းတစ်စက်မှမတွေ့ရသေး။
သူလည်းသူအလုပ်နဲ့သူ၊ Zhan Geလည်းအလုပ်နဲ့.....ဆိုင်လည်းမဆိုင် ပိုင်လည်းမပိုင်သေးတော့ Wang Yiboက မတွေ့ဖြစ်တဲ့အချိန်တွင်း ဘာများတတ်နိုင်မှာလဲ။

သူကhostအဖြစ်ဆောင်ရွက်ရမှာမို့ အစီစဥ်အညွှန်းများကို တစ်ခေါက်ဖတ်ရင်း Zhan Geကိုမယောင်မလည်ရှာမိပြန်သည်။ လူတွေယောက်ယက်ခတ်နေသော stageနောက်မှာ သူZhan Geကိုမတွေ့သေး။  သူစိတ်လှုပ်ရှားနေတယ်ထင်လို့ပဲလားမသိ၊ ဘေးနားမှာရှိတဲ့bodyguardက ရေတိုက်သည်။

"အရမ်းအောင်မြင်နေတော့ ဘဝင်တွေမြင့်နေတာ"

"ဟုတ်ပါ့ လူတွေများ မနေ့တနေ့ကထိ ဖြူစင်ရိုးသားသလိုနဲ့အောက်ကျို့ခဲ့ရတဲ့နေ့ရက်တွေကို မေ့ကုန်ပြီနဲ့တူတယ်"

ကျွန်တော့်ဘေးနား ခပ်လှမ်းလှမ်းကနေ စကားပြောနေကြတဲ့ သူနှစ်ယောက်ရဲ့အသံတွေကအတိုင်းသား။ ကျွန်တော်သူတို့ကိုသိတယ် အနုပညာလောကထဲကပဲ။

"ဘယ်သူ့အကြောင်းကိုပြောနေကြတာလဲ"

"Xiao Zhanလေ အဝင်ဝမှာ ငါတို့ကပြုံးပြတာတောင်မသိချင်ယောင်ဆောင်သွားတယ်။ သူများတွေပြောသလို ဖော်ရွေတယ်မှတ်တာ ဘယ်ဟုတ်လိမ့်မလဲ"

Xiao Zhanဆိုတဲ့အသံအောက်မှာ ကျွန်တော်ဘာမှမစဥ်းစားဘဲ ထိုသူတို့အနားတိုးကပ်သွားမိသည်။

"ဝိုး ဟုတ်လား ဒီXiao Zhanကတော့ သူ့ကိုယ်သူအမြင့်ကနေဘယ်တော့မှပြုတ်မကျတော့ဘူးလို့ ထင်နေတယ်"

"ဒီမှာဗျ...."

သူတို့စကားဝိုင်းကိုဖြတ်ပြောလိုက်မိတဲ့ ကျွန်တော့်ကိုအကုန်လုံးဝိုင်းကြည့်ကြတယ်။

"Xiao Zhan Geက အဝေးမှုန်လေ ပွဲကိုလာတော့မျက်ကပ်မှန်မတပ်ရသေးလို့
အဲ့ဒါကြောင့်အစ်ကိုတို့ပြုံးပြတာကို မမြင်တာပါ"

ကျွန်တော့်စကားရဲ့နောက်မှာ  အနေရခက်သွားဟန်မျက်နှာတွေနဲ့ တစ်ဖက်လှည့်သွားကြတယ်။ ချောင်းဟန့်တဲ့သူကဟန့်။

A Gift of Heaven(Completed)Where stories live. Discover now