Chapter 2 Unicode Version

4.1K 184 0
                                    

"မေမေ ပိုင်ပိုင်တကယ့်ကိုမိထွေးရတော့မှာလား"
"မရပါဘူး ပိုင်လေးရယ် ဖေဖေ့ကိုယုံလိုက်နော်"
"မေမေ မေမေ့ကိုအရမ်းသတိရတယ် မေမေပိုင့်ဆီကိုတနေ့နေ့တော့ပြန်လာခဲ့ပါနော်"
ပိုင်ပိုင်အိမ်မက်ကနေလန့်နိုးလာသည်။ ပိုင်ပိုင်ကသူ့အဖေကိုဒယ်ဒီလို့ခေါ်ပေမဲ့နူးညံ့ပြီးကြင်နာတတ်တဲ့မေမေ့ကိုတော့မေမေလို့သာခေါ်တတ်သည်။ အမေမဲ့သား ရေနည်းငါးလေးပိုင်ပိုင်ဟာအိမ်မက်ထဲကသူ့အမေပြောသွားတဲ့စကားတွေကိုစဉ်းစားနေမိသည်။ သူ့အကျင့်အတိုင်းနာရီကိုလန်းကြည့်လိုက်တော့မနက်၄နာရီ။ သူအတွေးလွန်နေတုန်းနန္ဒါကညည်းသံလေးထွက်လာသည်။ စောင်ခဏခဏလွတ်တတ်တဲ့နန္ဒာအခုလည်းစောင်လွတ်ပြီးချမ်းနေတာဖြစ်သည်။ သူနန္ဒါ့ကိုစောင်ခြုံပေးနေစဉ် နန္ဒါစကားတိုးတိုးပြောသံသူကြားလိုက်ရသည်။ နန္ဒါလည်းအိမ်မက်ဆိုးတွေမက်နေပုံရသည်။ သူလည်းနန္ဒါ့ခေါင်းကိုအသာလေးပွတ်ပေးရင်းနန္ဒါ့ကိုကြည့်နေစဉ်နန္ဒာသူ့ကိုဆွဲဖက်လိုက်သည်။ ငယ်စဉ်တုန်းကဒီလိုပဲသူဖက်ခွပြီးအိပ်နေကျဟာဘာမှမထူးဆန်းပေမဲ့ပိုင်တယောက်အခုတော့မရိုးသားခြင်းရဲ့အရိပ်အယောင်ကိုစတင်ခံစားနေရလေသည်။ သူတို့၂ယောက်အရမ်းကိုပူးကပ်နေတဲ့အဲ့ခနမှာပိုင်ရင်တွေခုန်နေသည်။ အခုလိုလေးအချိန်ကိုရပ်တန့်ထားချင်သည်။ အရာရာကိုတွေဝေစဉ်းစားရတာမျိုးတွေကိုသူအရမ်းစိတ်ကုန်နေတတ်နေပြီ။ သူနန္ဒါ့မျက်နှာနားကိုဖြေးဖြေးချင်းကပ်နေစဉ်အသံတခုဖျက်ခနဲကြားလိုက်သည်။
"ဟင် ဘာသံပါလိမ့်"
သူအခန်းတံခါးသွားဖွင့်ကြည့်လိုက်တဲ့အခါအခန်းတံခါးဝမှာငိုနေတဲ့ကောင်မလေးကိုတွေ့လိုက်ရသည်။ သူရုတ်တရက်လန့်သွားသည်။
"ဟင် မဖြူဖွေး အိပ်မပျော်ဘူးလား"
ဘာစကားမှမပျော်ဘဲငိုသာငိုနေသည်။ ပိုင်စိတ်တော်တော်ညစ်သွားရသည်။ အရမ်းမိုးချုပ်နေပီးမို့အခုထိလည်းအငိုမတိတ်သေးစကားမေးလည်းမရသဖြင့်နည်းနည်းတော့သူစိတ်ပျက်မိသည်။ သူလည်းဘေးကအသာဝင်ထိုင်ကာချော့နေလိုက်သည်။
"မဖြူဖွေးကလည်းမငိုနဲ့တော့နော် ညနေကတည်းကငိုနေတာမမောဘူးလား တိတ်တော့နော် ဘာအဆင်မပြေတာရှိလို့လဲ လိုချင်တာရှိလည်းပြောနော်"
သူငိုနေတာကိုခနရပ်ပြီးမျက်နှာကိုကွယ်ငိုနေရာကနေအသာလေးမော့ကြည့်သည်။
အဲ့အကြည့်ကိုမြင်လိုက်တဲ့အခါပိုင်တယောက်စိတ်ထဲအလွန်သနားသွားသည်။ ခုနကစိတ်ညစ်တယ်ဆိုတဲ့အတွေးလေးတောင်မရှိတော့ဘဲ ရင်ထဲမှာလိုက်ခနဲဖြစ်သွားသည်။ ရုတ်တရက်ဖြူဖွေးဗိုက်ထဲကဂွီခနဲအသံကိုသူကြားလိုက်ရသည်။ သူဗိုက်ဆာနေမှန်းပိုင်သဘောပေါက်လိုက်ပါပီ။ ဒါနဲ့ပဲ မီးဖိုခန်းထဲခေါ်သွားပီ သူ့ကိုပိုင်ပိုင်ရေခဲသေတ္တာထဲကစားစရာတချို့ကိုနွေးပီးစားပွဲပေါ်ချပေးထားသည်။ သူကဘာမှမပြောဘဲခုံလေးမှာထိုင်ကာပိုင်လုပ်သမျှထိုင်ကြည့်နေသည်။ ပိုင်လည်းသူ့ကိုစားဖို့ပြောလေရာကြောက်ကြောက်နှင့်ပန်းကန်ကိုဆွဲပီးအငမ်းမရစားလေသည်။ စားရင်းနဲ့မျက်ရည်တွေထပ်ကျလာသသည်။ ထမင်းတွေလည်းသီးလေသည်။ ပိုင်ပိုင်တယောက်အပြေးရေခတ်တိုက်ကာ တဟွတ်ဟွတ်သီးနေသည့်သူ့ကိုလုပ်ပေးလေသည်။ သူလည်းရေသောက်ရင်းပိုင့်မျက်နှာကိုကြည့်နေလေသည်။ ပျာယာခတ်နေသည့်ပိုင့်ကိုဖြူဖွေးတယောက်ငေးကြည့်နေမိသည်။ ဖြူဖွေးစားပြီးတော့အခန်းထဲပြန်သိပ်လေသည်။ သို့သော်ဖြူဖွေးကတယောက်တည်းအခန်းဝင်အိပ်ရမှာကြောက်တဲ့ပုံပြနေ၍သူလည်းအန်တီစောအခန်းကိုသွားရလေသည်။
ဒေါက် ဒေါက် ဒေါက်
အန်တီစောရေ ပိုင်ပါတံခါးခနဖွင့်ပါဦး
အန်တီစောအိပ်ချင်မူးတူးနဲ့ထွက်လာသည်။
ပြော ပိုင် ဘာကိစ္စလဲ
မေးရင်းကမျက်လုံးကလည်းကောင်မလေးကိုကြည့်နေလေသည်။
သူကတယောက်တည်းအိပ်ရမှာကြောက်တဲ့သဘောမှာရှိနေတယ် အာ့အန်တီစောအခန်းမှာခနသိပ်ပေးပါလား
အေး အေး ခေါ်ထားလိုက်မယ်
သူအန်တီစောကိုလည်းကြောက်နေပုံရသည်။ သို့သော်အကြောက်ကန်မငြင်းတော့။
သူ့ကိုထားခဲ့ပီးတော့ပိုင်လည်းအခန်းထဲပြန်သွားတော့သည်။
နန္ဒာ့ကိုကြည့်လိုက်တော့ခနကသူမဟုတ်သလိုငြိမ်သက်စွာအိပ်နေသည်။
ပိုင်လည်းအသာလေးဝင်ပြီးပြန်အိပ်ဖို့ကြိုးစားလိုက်သည်။ သို့သော်နန္ဒါ့မျက်နှာပေါ်ကိုသူ့အကြည့်များကအလိုအလျောက်ရောက်နေမိသည်။
ဒီလိုနဲ့ပဲတညကုန်ဆုံးသွားပါတော့တယ်။
Alarmသံစူးစူးကြောင့်ပိုင်နိုးလာခဲ့သည်။  အမှန်ကalarmသံမဟုတ်ဘဲနန္ဒါ့ဖုန်းကမြည်သံဖြစ်သည်။ နန္ဒါကသူ့ဘေးနားမှာအိပ်နေဆဲ။
ပိုင် - hello
နန္ဒာ - Natalie လား ကိုယ် တိုနီပါ
ပိုင် - နန္ဒာအိပ်နေတယ် နောက်မှပြန်ဆက်
တိုနီတယောက်အခုမှကလပ်ကနေလှမ်းဆက်တာဖြစ်ရမည်။ အချိန်ကမနက်၅ခွဲပဲရှိသေးသည်။ ပိုင်အရမ်းဒေါသထွက်ရတာဒါတွေပဲဖြစ်သည်။
နန္ဒါရယ် ငါစိတ်ညစ်တယ်

Unpredictable FortuneWhere stories live. Discover now