Chapter 12

1.8K 108 6
                                    

ပိုင် - အန်တီစော ဘာလို့မမနှင်းကမလာတာလဲ အရင်ရက်ကမလာပေမဲ့ အခုလိုဆေးရုံဆင်းတဲ့ရက်တော့လာသင့်ပါတယ်
အန်တီစော - အန်တီလည်းပြောထားပါတယ် ပိုင်ဒီနေ့ဆေးရုံဆင်းမယ်လို့ သူမအားလို့နေမှာပါကွယ်
ထိုစဉ် နန္ဒာရောက်လာသည်။
နန္ဒာ - ပိုင် နင်သက်သာပီလား
ပိုင် - သက်သာပါတယ်ဟာ အေးဆေးပေါ့
နန္ဒာ - ငါနင့်ကိုပြောစရာရှိတယ် ငါအမေရိကသွားဖို့ဆုံးဖြတ်လိုက်ပီ နင်ကရောဘာဆက်လုပ်မှာလဲ
ပိုင် - ငါစဉ်းစားတုန်းပဲဟာ
နန္ဒာ - အေးပါဟာ ညကျရင်အေးဆေးစကားပြောကြတာပေါ့ အခုတော့အေးဆေးအိမ်ပြန်လိုက်ပါဦး
အိမ်ပြန်ရောက်ရင်မမနှင်းနဲ့တွေ့ရဖို့မျှော်လင့်ထားသည်။ စကားတွေလည်းပြောချင်နေသည်။ မတွေ့ရတဲ့နေ့တွေမှာ ဖုန်းလည်းမကိုင်တာမို့စိတ်လည်းပူသည်။ အိမ်ရောက်တာနဲ့
ပိုင် - မမနှင်းရှိလား
အကူကောင်မလေး - ဟို သူမနက်ကပဲအိမ်ပြောင်းသွားပါပီ
ပိုင် ဘာမှစဉ်းစားမနေတော့ဘဲ ဖြူဖွေးမိဘတွေထားခဲ့တဲ့ကွန်ဒိုဆိုသည့်အခန်းကိုအမြန်ကားမောင်းထွက်ခဲ့သည်။ ဒဏ်ရာကိုပင်ဂရုမစိုက်နိုင်။
အိမ်ကိုရောက်တာနဲ့ဘဲလ်ကိုတီးသည်။ ဒီအတိုင်းတံခါးလာမဖွင့်မချင်းအိမ်ရှေ့မှာပဲသူခေါင်းမာမာနဲ့ငုတ်တုတ်ထိုင်နေမိသည်။ ဘေးအခန်းကလည်းကွက်ကြည့်ကွက်ကြည့်နဲ့စကားလာပြောကြသည်။
အိမ်နီးချင်း - ဘာကိစ္စများရှိလို့လဲကွယ်
ပိုင် - ဒါအမရဲ့အခန်းပါ အမကအပြင်ခနသွားလို့ထိုင်စောင့်နေတာပါ
အိမ်နီချင်း - အော် အေး၂ သေချာထိုင်စောင့်နော် ဖုန်းတွေဘာတွေလည်းဆက်ကြည့်ပေါ့ကွယ်
ဒီလိုနဲ့ညမိုးချုပ်သွားသည်အထိသူအဲ့အရှေ့မှာပဲ ဖုန်းဆက်ရင်းစောင့်နေမိသည်။ ညကနက်လေခြင်တွေကိုက်လေဖြစ်နေသည်။ သူ့အတွက်အခုအနေအထားကသက်တောင့်သက်သာလုံးဝမဖြစ်။ ခနနေတော့လုံခြုံရေးတွေတက်လာသည်။
လုံခြုံရေး - အကိုရေ မိုးချုပ်နေပါပီနော် နောက်နေ့မှပြန်လာပါလားအရေးမကြီးရင်
ပိုင် - အရေးကြီးလို့ပါ သူမကြာခင်လာမှာပါ
အဲ့အခါကျမှအထဲကနေတံခါးဖွင့်လာလေသည်။
ဖြူဖွေး - ကျေးဇူးပါအကိုတို့ ဒါညီမမောင်လေးပါ
ပိုင်အခန်းထဲရောက်လာသည်။ ယားနေတဲ့ခြင်ကိုက်ဖုတွေကိုဆေးထည့်​ပေးသည်။
ပိုင် - မမနှင်း ပိုင့်ကိုအရမ်းစိတ်ဆိုးနေလားဟင် ဘာလုပ်မိလို့လဲဟင်
ဖြူဖွေး - မင်းမချစ်တဲ့သူတယောက်နားကိုမင်းဘာလာလုပ်နေတာလဲ ဟိုနေ့ကမင်းနဲ့နန္ဒာနဲ့ပြောတာတွေငါအကုန်ကြားတယ်
ပိုင် - ဟုတ်တယ်မမ မမမှတ်မိလား ပိုင့်ကိုပြောခဲ့တဲ့စကားတွေ
ပိုင်အရက်တွေသောက်တဲ့ညကသူတို့၂ယောက်ပဲသိတဲ့ဖြစ်ရပ်တခုရှိသည်။
အရမ်းမူးနေတဲ့ပိုင့်ကိုဖြူဖွေးလာခေါ်သည်။ စကားတွေပြောပီးတခွကိသောက်ပြီးရင်ပြန်ဖို့ဆုံးဖြတ်လိုက်သည်။
ဟိုတယ်အခန်းထဲပြန်ရောက်ပြီးခြေလက်သန့်စင်လိုက်သည်။ အိပ်ဖို့ပြင်နေစဉ်မှာပဲမီးတွေပျက်သွားသည်။ လေတွေကြမ်းလာတာကိုလည်းသတိထားမိသည်။ ပိုင်သတိရလိုက်တာက အခုပဲတဖြေးဖြေးသက်သာခါစမမနှင်းကိုပဲ။
ပိုင်ဓာတ်မီးတခုကိုအမြန်ရှာထွန်းလိုက်သည်။
ပိုင် - မမနှင်းရလား
ကုတင်ပေါ်မှာတအိအိငိုနေသံကိုကြားရသည်။
ပိုင်လည်းကုတင်နားမှာအသာလေးထိုင်ပီး မကြောက်ဖို့ပြောပေးနေသည်။
ဒုန်း.....
ထိုအချိန်တွင်လေပြင်းကြောင့်အသံထွက်လာပီးဖြူဖွေးလန့်သွားကာအနားမှာရှိတဲ့ပိုင့်ကိုလှမ်းဖက်လိုက်သည်။
ပိုင်လည်းပြန်ဖက်ထားပေးရင်းအတတ်နိုင်ဆုံးစိတ်သက်သာရာရအောင်လုပ်ပေးရန်ကြိုးစားသည်။ မီးပြန်လာတော့ဖြူဖွေးကရှက်နေသည်။
ဖြူဖွေး - ဟေ့ မီးပြန်လာပီလေသွားတော့ ဟိုဘက်ကုတင်
ပိုင် - မမနှင်းကိုပဲဒီအတိုင်းလေးဖက်ထားပီးနေလို့ရမလား
ဖြူဖွေး - ပိုင့်သဘော
...............
ထားဝယ်ရောက်တော့ပိုင် နဲ့ဖြူဖွေး၂ယောက်လျှောက်သွားကြသည်။
တနေရာမှာကားအသာလေးရပ်ပီး
ပိုင် - မမနှင်း မျက်စိမှိတ်ပေးစရာရှိတယ်
ဖြူဖွေး - ဘာကြီးလဲ
မျက်လုံးဖွင့်ကြည့်လိုက်တော့
ဖြူဖွေး- ဟာ phone ပဲ
ပိုင် - ဟုတ်တယ် မမနှင်း မမသုံးစရာမရှိမှာစိုးလို့ဝယ်လာပေးတာ
ဖြူဖွေး - ဒီလောက်စျေးကြီးတဲ့I phoneဝယ်လာပေးစရာမလိုပါဘူး
ပိုင် - မကြီးပါဘူးမမနှင်းရဲ့ မမနှင်းအတွက်ပဲ
ဖြူဖွေး - ကျေးဇူးတင်ပါတယ် ပိုင်
ပိုင်- ကဲ ဒယ်ဒီတို့ထမင်းစားစောင့်နေလိမ့်မယ်သွားရအောင်
ထမင်းစားပွဲရောက်တော့စားရင်းစကားပြောကြသည်။
အန်ကယ် - သမီးဖြူဖွေးကဒီလောက်ချောတာ ကျောင်းမှာရည်းစားဘာညာမရှိဘူးလား
ဖြူဖွေး - မရှိပါဘူး ပါပါး အခုလိုကြည့်ကောင်းလာတာလည်း ပိုင်ပြင်ပေးလို့ပါ
အန်တီ - သမီးအနေနဲ့အိမ်ထောင်ဘက်တို့ ချစ်သူတို့ရွေးရင်ရောဘယ်လိုရွေးမယ်စဉ်းစားထားလဲ ကြိုက်တဲ့သူရောရှိလား
ဖြူဖွေး - သမီးနဲ့တူတူထဲကဆရာဝန်မျိုးနဲ့ပဲထားဖြစ်ပဲထင်ပါတယ် အဲ့လိုမျိုးပဲထားဖြစ်နေကြတာဆိုတော့ ဒါပေမဲ့ခေါင်းထဲလည်းသိပ်မရှိပါဘူး ပါပါးတို့မာမားတို့စီစဉ်သလိုပါပဲ
အန်တီ - ကောင်းတယ် သမီးလေးကလိမ်မာတယ်
အဲ့နေ့ညကဟိုတယ်ရောက်တော့သူတံခါးသွားခေါက်လိုက်သည်။
ပိုင် - မမနှင်းပြောစရာရှိလို့
ဖြူဖွေး - ပြောလေ ပိုင် လာအထဲဝင်
ပိုင် - မမနှင်း ကိုယ်နဲ့တူတူဆရာဝန်တွေကိုပဲရွေးမယ်ဆိုတာသေချာလား ပီးတော့မမနှင်းကြိုက်ရမဲ့သူ မမကိုကြိုက်တဲ့သူလုံးဝမရှိဘူးပေါ့ စိတ်ဝင်စားတာလေးတောင်မရှိဘူးပေါ့
ဖြူဖွေး - မရှိဘူးလေ ပိုင်ကလည်းဘာများလဲလို့ ကဲကဲ သွားအိပ်တော့ ညနက်နေပြီ
.............
ပိုင် - အဲ့တုန်းကအဲ့လိုပြောခဲ့တာဘယ်သူလဲမမ အာ့ကိုမမနှင်းကဘာတွေစိတ်ဆိုးနေတာလဲ
ဖြူဖွေးဘာမှမပြောနိုင်။
ပိုင် - မမနှင်းကိုပိုင်ချစ်တယ်။ ပိုင့်ကိုစိတ်မဆိုးပါနဲ့။
ပိုင်ဖြူဖွေးကိုနောက်ကျောကနေသိုင်းပြီးဖက်ထားရင်း
ပိုင် - မမနှင်းဆီမှာပဲတသက်လုံးအခုလိုလေးဖက်ပီးနေလို့မရဘူးလားဟင်
ဖြူဖွေး - ပိုင့်သဘော
အဲ့နေ့ကနေစပြီးသူတို့၂ယောက်ချစ်သူတွေဖြစ်ခဲ့ကြသည်။
..................

Unpredictable FortuneOnde histórias criam vida. Descubra agora