Chapter 10 Unicode

2K 118 3
                                    

ဆရာစံလမ်းမပေါ်မှာရုတ်ရုတ်သဲသဲဖြစ်သွားသည်။ ဖြူဖွေးလည်းအန်တီစောကိုဖုန်းလှမ်းဆက်သည်။ ဖြူဖွေး - အန်တီစော​ရေ ဒီမှာပိုင်ကားတိုက်ခံရလို့လာခဲ့ပါဦး
အန်တီစော - ဟေ ဘယ်နားလဲ
ဖြူဖွေးဝက်သားတုတ်ထိုးသည်ကိုနေရာမေးပြီးပြောလိုက်သည်။
ခနကြာတော့နောက်ကားတစီးရောက်လာပြီးချက်ချင်းခေါ်တင်ပြီးဆေးရုံသွားလေသည်။ ဝိတိုရိယဆေးရုံကြီးရဲ့အရေးပေါ်လူနာဆောင်ကိုပိုင်တယောက်ရောက်ရှိသွားလေသည်။
...................
ဖြူဖွေးတယောက်ဆရာဝန်ကြီးနဲ့စကားပြောနေသည်။
ဆရာဝန်ကြီး - လူနာကအခြေနေကောင်းသွားပါပီ operation ကလည်း minor case ပါ ခြေထောက်ပဲနည်း၂ဂရုစိုက်ရမယ် ကဲ အာ့ဆိုဆရာသွားတော့မယ် သမီးလည်းရှိနေတာပဲ
အန်တီစော - ဘာတဲ့လဲသမီး
ဖြူဖွေး - သူခေါင်းချုပ်ရတာနည်း၂ပါပဲတဲ့ အဓိကကခြေထောက်ကတော့နာနေလိမ့်မယ် ကျိုးမသွားတာပဲတော်သေးတာပေါ့ ဒါနဲ့ဒီကိစ္စအန်ကယ်ရောသိပီးပီလား
အန်တီစော - သိပီးပီပေါ့ သူ့အဖေဆေးရုံကိုလည်းဖုန်းလှမ်းဆက်ထားတယ်
......
ဝိတိုရိယဆေးရုံရဲ့nurse နားနေခန်းတွင်ဖြစ်သည်။ nurse များduty ချိန်းရန်ပြင်နေကြသည်။
Nurse 1 - ဟူးပင်ပန်းလိုက်တာ
Nurse 2 - ညကဘယ်လိုလဲ
Nurse 1 - ကောင်းပါတယ် ဟဲ့ဒါနဲ့ငါပြောရဦးမယ် ညကအရေးပေါ်လူနာတယောက်တော့ရောက်လာတယ်
Nurse 2 - ဟဲ့အာ့ဘာဆန်းလို့လဲ
Nurse 1 - ဟဲ့ ဆန်းတာကသူကVIPလူနာဖြစ်မယ်။ ညကoperation ကိုဆရာဝန်ကြီးပါမောက္ခရဲလွင်ကိုယ်တိုင်လာတာ။ သူ့လူနာဖြစ်မယ်။ ဒါပေမဲ့ case က minor ပါပဲ။ အခုလည်း VIP အခန်းထဲမှာ ဆရာဝန်ကြီးမနက်ကကိုလာကြည့်သွားသေးတယ်။
Nurse 2 - ဟင် ဟုတ်လား သူကဘယ်သူလဲ ငါနဲ့တွေ့မယ်ထင်တယ်
Nurse 1 - ဘယ်သူလဲတော့ငါလည်းသေချာမသိဘူး ဒါပေမဲ့ တော်၂တော့အရေးကြီးပုံပဲ။ နင်နဲ့တွေ့မတွေ့တော့မသေချာဘူးဟ sister ကြီးတွေကိုသီးသန့်ငှါးထားတဲ့သဘောမှာရှိတယ် လူသိမခံချင်တဲ့သဘောပဲ
............
ပိုင်သတိရလာသည်။ ခေါ်သံလည်းကြားမိသလို။မျက်လုံးစဖွင့်တာနဲ့ အရင်ဆုံးမြင်လိုက်ရတာမနှင်းရဲ့မျက်နှာလေးကိုပါ။
ဖြူဖွေး - ပိုင် သတိရလာပီလား မမကိုသေချာမြင်ရလား စကားရောသေချာပြောနိုင်ရဲ့လား
ပိုင်ခေါင်းညိမ့်ပြလိုက်ပီးရေတခွက်တောင်းလိုက်သည်။ အခုမှပဲအားလုံးသက်ပြင်းချနိုင်ကြသည်။
ပိုင့်ရဲ့သတိအခြေအနေကိုသိဖို့ ဖြူဖွေးမေးခွန်းတွေမေးနေလေသည်။
ပိုင် - ကဲ မနှင်းရယ် ပိုင်အဆင်ပြေပါတယ် ပိုင်သက်သာနေပါပီ တခုပဲခေါင်းကနာနေတယ်
ဖြူဖွေး - နာမှာပေါ့ကွာ မင်းကအရမ်းကြီးဖြစ်တာကို
ပိုင် - မနှင်းကစိတ်ပူတယ်ပေါ့
ဖြူဖွေးရုတ်တရက်အမ်းသွားသည်။ မျက်နှာလည်းအနည်းငယ်ပျက်သွားမိသည်။
ဖြူဖွေး - ကဲ ဒါဆိုမမ ဆရာဝန်သွားခေါ်လိုက်မယ်
အန်တီစော- မခေါ်နဲ့တော့သမီး အန်တီစောဖုန်းလှမ်းဆက်ထားတယ် စစ်စတာကြီးလာကြည့်လိမ့်မယ်
ပြောနေစဉ်မှာပဲစစ်စတာကြီးဝင်လာသည်။
စစ်စတာ- ပိုင်ပိုင် ကလေးလေးဘယ်လိုဖြစ်တာတုန်း နောက်ဆုံးတုပ်ကွေးကာကွယ်ဆေးထိုးပြီးကတည်းကမတွေ့တာ အခုတွေ့တော့လဲ
ပိုင် - မတော်တဆဖြစ်တာပါ စစ်စတာကြီး နည်း၂ပါး၂ပါ
စစ်စတာ - တခါမှဆေးရုံမတက်ဖူးတဲ့ကလေးက အခုလိုဆေးရုံရောက်လာတယ်ဆိုတော့စစ်စတာကြီးကြားကြားချင်းလန့်နေတာ
ဖြူဖွေး - စစ်စတာကြီးရှင့် ဆရာဝန်ရောလာကြည့်မှာလားမသိဘူး
စစ်စတာ - ဒီနေ့dr ရဲလွင်လာဖို့ရှိပါတယ် သူလာကြည့်ပါလိမ့်မယ် ဒါနဲ့သမီးက
ဖြူဖွေးရုတ်တရက်ဖြေရခက်နေစဉ်......
အန်တီစော - သူက....
ပိုင်ဝင်ပြီးဖြတ်ဖြေလိုက်သည်
ပိုင် - သူကပိုင့်ရဲ့မွေးစားအမပါ အန်ကယ်Richard ရဲ့သမီးလေ
စစ်စတာ - ဟုတ်လား သမီးလေးနာမည်ဘယ်လိုခေါ်လဲ ကျောင်းရောပီးပီလား
ဖြူဖွေး - နှင်းဥဖြူဖွေးပါရှင့် ဆေးကျောင်းတက်နေတာပါ house ဆင်းဖို့တနှစ်ကျန်ပါသေးတယ်
စစ်စတာ - ဘယ်မှာဆင်းမှာလဲသမီး
ဖြူဖွေး - အစကကျောင်းကမန်းလေးဆိုတော့ မန်းလေးဆင်းရမှာ အခုတော့ရန်ကုန်ပြောင်းဖို့ကြိုးစားနေပါတယ်
စစ်စတာ - အင်း၂ သမီးရှိတော့အဆင်ပြေတာပေါ့ ပိုင့်ကိုသေချာကြည့်ပေးလိုက်ဦးနော် ဟုတ်ပီလား စစ်စတာကြီး သွားလိုက်ဦးမယ် ဒါနဲ့နန္ဒာရောမပါဘူးလား
အန်တီစော - မပါဘူး စစ်စတာရေ သူအလုပ်ရှုပ်နေလို့ပါ
စစ်စတာကြီးထွက်သွားသည်။ ဆေးရုံအောက်ထပ်ကိုဆင်းလာတဲ့အခါနန္ဒာ့ကိုတွေ့သည်။
စစ်စတာ - ဟယ် သမီးနန္ဒါ ပိုင့်ဆီလာတာလား
နန္ဒာ - ဟုတ်တယ် စစ်စတာ ပိုင်ရော
စစ်စတာ - VVIP 1မှာသမီး
ချက်ချင်းပဲနန္ဒာဓာတ်လှေကားကနေပြေးတက်သွားသည်။
အန်တီစော - ဟယ်တံခါးခေါက်သံကြားတယ် ဘာလဲမသိဘူး
ထဖွင့်လိုက်တဲ့အခါ ပူပန်နေတဲ့မျက်နှာနဲ့နန္ဒာ့ကိုတွေ့ရသည်။
နန္ဒာအခန်းထဲကိုဝင်လာပြီးစကားပြောလိုက်သည်။
နန္ဒာ- အန်တီနဲ့မဖြူဖွေးခနထွက်ပေးပါလား။ သမီးစကားပြောချင်လို့
အခန်းထဲမှာလူမရှိတော့တဲ့အခါပိုင့်လက်ကိုကိုင်ရင်း
နန္ဒါ - ငါတောင်းပန်ပါတယ်ပိုင် ငါနင့်ကိုအခုလိုနာကျင်အောင်လုပ်ခဲ့မိတာငါ့အပြစ်ပါ
ပိုင် - ငါခွင့်လွှတ်ပါတယ်ဟာ ငါဟိုနေ့ကဒေါသအလျောက်ဆက်ဆံမိတာအတွက်လည်းငါတောင်းပန်ပါတယ်
နန္ဒါ - တကယ်တော့မနေ့ညက နင့်ကိုကားနဲ့တိုက်လိုက်တာငါပါ။
ပိုင် - ငါသိပါတယ် နင့်ကားကိုငါသိပါတယ်နန္ဒာရယ်
နန္ဒါ - ဒီကားကအသစ်လေ နင်ဘယ်လိုသိတာလဲ
ပိုင် - ဒီကားကိုနင်လိုချင်နေတာသိတယ်လေ ဒါနဲ့ငါကိုယ်တိုင်အန်ကယ့်ကိုပြောလိုက်တာ နံပါတ် ကတော့နင့်အတွက်ငါ့လက်ဆောင်ပေါ့
နန္ဒါ - ဟင် ပိုင် နင်ငါ့ကိုဘာလို့မပြောတာလဲ နင်ငါ့ကိုရောစိတ်မဆိုးဘူးလား
ပိုင် - မဆိုးဘူးနန္ဒါ နင့်အပြစ်မှမဟုတ်ဘဲ နင်တမင်လုပ်တာမှမဟုတ်တာ နင်ဆေးသုံးနေတာငါသိတယ်လေ
နန္ဒါ - ဟင် ဘယ်လိုဖြစ်ပီးတော့
ပိုင် - နင်ငါမရှိတဲ့ရက်တွေမှာနင်ဟိုအုပ်စုတွေနဲ့ပေါင်းတုန်းက နင့်ကိုမြှောက်ပီဆေးသုံးခိုင်းတဲ့ကိစ္စကိုငါသိပါတယ် အာ့ကြောင့်နင့်ကိုငါဒေါသထွက်ရခက်နေတာပေါ့ဟာ ငါအစကမသိပါဘူး နင်ရေနစ်တဲ့နေ့ကငါ့ကိုဆရာဝန်ကပြောသွားတယ် နင်ရဲ့လက္ခဏာကိုတမျိုးဖြစ်နေတယ်လို့ပြောတယ် အာ့နဲ့သူနင့်ရဲ့သွေးကိုယူသွားပီးစစ်တာ နင့်သွေးထဲမှာမူးယစ်ဆေးတွေ့တဲ့အကြောင်းငါသိထားတယ် အာ့ကြောင့်ငါနင့်ကိုမနေ့ကအရမ်းစိတ်ဆိုးနေတာ နင်ဆေးကြောင်ပြီးလာရမ်းတယ်ထင်လို့လေ
နန္ဒါ - တကယ်တော့ငါ့မှာလည်းငါသိထားတယ်ရှိတယ် အာ့ကြောင့်ပါ
ပိုင် - ဘာများလဲ
နန္ဒါ - နင်နဲ့မဖြူဖွေးကိစ္စ
........

Unpredictable FortuneWhere stories live. Discover now