Chapter 4 Unicode

2.6K 127 0
                                    

အိမ်ထဲကိုကားရောက်လာတာနဲ့တပြိုင်နက် အဖေရောက်နေမှန်းသိလိုက်သည်။ သူ့တပည့်၃ယောက်နဲ့အဖေ့ကားကိုတွေ့လိုက်တာကြောင့်ဖြစ်သည်။
ဒယ်ဒီ - ဟာ ပိုင်ကလေးပြန်လာပြီလား ကြည့်ပါဦးအရပ်ကိုအရှည်ကြီးပဲဖြစ်လာလိုက်တာ ဆံပင်ရောသေချာပုံသွင်းသေးလား
ဒယ်ဒီ - ကပိုင့်ကိုယောင်္ကျားလေးလိုနေတာကိုသဘောကျသည်။ သူကအချစ်များသည်ကလည်းတကြောင်းပြီးတော့နဂိုကတည်းကတရုတ်သွေးစပ်သူမို့သားယောင်္ကျားလေးလိုချင်တာကတမျိုး အထူးသဖြင့်အားကိုးလိုချင်စိတ်ကလည်းတဖုံကြောင့် သူ့ကိုအဲ့လိုသာနေစေသည်။ အလွန်အလှကြိုက် အသပ်ရပ်ကြိုက်တဲ့အတွက် ပိုင့်ကိုလည်းအမြဲဂရုတစိုက်နဲ့လှလှပပနေစေသည်။
အခုလည်းသူ့ဆံပင်ကိုပုံစံတမျိုးထားထားခြင်းကိုပြောနေခြင်းဖြစ်သည်။
ပိုင်လည်းဒယ်ဒီ့နားမှာဝင်ထိုင်ရင်း
ပိုင် - ဟုတ်ဒယ်ဒီ အစစအရာရာပြေတယ် ဒယ်ဒီရောအစစအရာအရာအဆင်ပြေလား အလုပ်တွေရော
ဒယ်ဒီ - အကုန်ပြေတယ် အခုကမြန်မာနိုင်ငံမှာresortအသစ်ဖွင့်ဖို့ကိစ္စခနပြန်လာတာ ပိုင်ရောအစစအရာရာအဆင်ပြေရဲ့လား
ပိုင် - ပြေတယ် ပိုင် အန်တီစောတို့လည်းရှိနေတာပဲ
အန်တီစောနဲ့ဖြူဖွေးတို့ကအထဲဝင်သွားပြီဖြစ်သည်။
ပိုင် - ဒါနဲ့နန္ဒာရော ပြန်သွားပြီလား
အိမ်အကူ - ပြန်သွားပြီ အကိုလေး မနက်စာစားပြီးတော့သူဟိုဘက်ပြန်ကူးသွားတာ
ဒယ်ဒီ - ကဲလာ ပိုင်လေး စာကြည့်ခန်းထဲသွားပြီးစကားအေးဆေးပြောရအောင်
စာကြည့်ခန်းထဲရောက်သောအခါ သူ့ရဲ့secretary ကိုယ်တိုင်သောက်စရာ၂ခွက်လာချပေးသည်။ ဒယ်ဒီ့ရဲ့အကြိုက်ကိုသူပဲသိသလို ပိုင့်အကြိုက်ကိုပါသိနေသူဖြစ်သည်။ ပိုင်စသောက်တုန်းကလည်းသူပဲသင်ပေးတာဖြစ်သည်။ သောက်စရာချပေးပီးသူထွက်သွားသည်။
ဒယ်ဒီ - ပိုင့်ကိုဒယ်ဒီ ပြောစရာရှိတယ် ပိုင်လည်းhigh school ပြီးတော့မယ် ဘယ်ကိုစာသွားသင်မယ်စိတ်ကူးလဲ ဒယ်ဒီသဘောနဲ့ဆိုငယ်ငယ်ကတည်းကပို့ချင်တာ ပိုင့်မေမေကြောင့်မို့သာ အခုတော့အစစအရာရာပိုင့်သဘောပဲ နန္ဒာနဲ့တူတူသွားချင်လား
ပိုင် - ပိုင်ကစီးပွါးရေးပဲလုပ်ချင်နေပြီ ဒါပေမဲ့ကျောင်းကတက်မှဖြစ်မှာဆိုတော့ကျောင်းကိုအဖြစ်လောက်တော့တက်ရမှာပဲ ဘွဲ့ရအောင်။ အဓိကကတော့ကိုယ့်ဘာသာလေ့လာနေရတာကိုပိုကြိုက်တယ်
ဒယ်ဒီ - ဟ ပိုင်ကစိတ်အားတွေထက်သန်နေပြီပဲ ကျောင်းတော့တက်ပါဦး ပညာလေးတက်လိုက်တော့ ဘွဲ့လေးရတော့ပိုကောင်းတာပေါ့ ၃နှစ်လောက်နဲ့တော့
ပိုင် - ဒယ်ဒီ အဓိကဆိုလိုရင်းကိုပြောဦး
ဒယ်ဒီ - ဖြူဖွေးကိစ္စလား။ သူ့နာမည်အရင်းက နှင်းဥဖြူဖွေး။ သူ့ကိုဒယ်ဒီတာဝန်ယူမှရမယ်။ သူ့အဖေကဒယ်ဒီရဲ့ဥရောပကိုယ်စားလှယ်မန်နေဂျာထဲကတယောက်။ သူတို့မိသားစုပိတ်ရက်ပြင်သစ်ကိုအလည်သွားကြရာကနေ အဲ့မှာသေနတ်ပစ်မှုဖြစ်တဲ့ထဲကိုပါသွားတယ်။ သူကအဲ့မြင်ကွင်းကိုကြည့်ပြီးshockရသွားတယ်။ ဒယ်ဒီလည်းကြားကြားချင်းလိုက်မသွားနိုင်ဘူး။ ဒါပေမဲ့သူ့ကိုစီစဉ်ပေးပီးပြန်ခိုင်းလိုက်တာပဲ။ သူ့မှာဆွေမျိုးသားချင်းကတော့ဒယ်ဒီစုံစမ်းခိုင်းသလောက်တော့မတွေ့သေးဘူး။
ပိုင် - သူဘာဆက်လုပ်မှာလဲဒယ်ဒီ
ဒယ်ဒီ - သူနောက်တပတ်၂ပတ်နေရင် သူ့မိဘတွေရဲ့အာမခံပိုက်ဆံတွေရလိမ့်မယ် သူ့ကိုအဲ့ပိုက်ဆံပေးပြီး သူ့ဘဝစိတ်ချရအောင်စီစဉ်ပေးရမှာပေါ့ အဓိကကအဲ့မတိုင်ခင်မှာ ဒယ်ဒီတို့ကသေချာစောင့်ရှောက်ပေးထားလိုက်ပေါ့။ သူ့အဖေကဒယ်ဒီ့လူယုံလိုရော အကိုလိုပါဖြစ်နေတယ် ဟိုးအရင်ကတည်းကလက်တွဲလာတဲ့သူဖြစ်တာကြောင့် ဒယ်ဒီသေချာကူညီပေးချင်တယ်
ပိုင် - စိတ်ချပါဒယ်ဒီ ပိုင်သေချာလုပ်ပါ့မယ် ဒါနဲ့ဒီresort project ကိုပိုင်လိုက်ကြည့်လို့ရမလား
ဒယ်ဒီ - ကျောင်းကအဆင်ပြေလို့လား ပြီးတော့စာမေးပွဲဖြေရမှာရောပီးပြီလား
ပိုင် - SAT စာမေးပွဲကပြီးနေပြီဒယ်ဒီရဲ့ ပီးခဲ့တဲ့ အခုကresultစောင့်နေတာ လကုန်လောက်မှ အမှတ်ထွက်လာပြီးကျောင်းရွေးရမှာ
ဒယ်ဒီ - ဒါဆိုကောင်းတာပဲပိုင်ရဲ့ ဘာမှပူမနေနဲ့ လိုက်ကြည့်ရုံတင်မဟုတ်ဖူး နေရာပါထည့်ထားပေးမယ် ဟုတ်ပီလား ဒယ်ဒီတောင်ခေါင်းအေးရသေးတယ် တခုပဲ ဖြူဖွေးကိစ္စကိုတော့သေချာတာဝန်ယူပေး ဝန်ထမ်းတွေကြားထဲမှာimageထိခိုက်နိုင်မဲ့ကိစ္စလည်းဖြစ်တယ်လေ
............
အသံလုံအခန်းတခုထဲမှာ အီလက်ထရောနစ်ဂစ်တာသံထွက်ပေါ်လာသည်။ ပိုင်ဂစ်တာတီးနေခြင်းဖြစ်သည်။
နန္ဒါ - ပိုင် ဂစ်တာတီးနေတာလား။ ငါဗိုက်ဆာတယ်။ အပြင်သွားရအောင်။
ပိုင် - အေးသွားမယ်လေ ငါရေခနချိုးလိုက်ဦးမယ် ဒီမှာချွေးတွေရွှဲနေတာအသေပဲ
နန္ဒါ - နင်ကလည်းဟာမြန်၂လုပ်ဟာ
ပိုင် - မြန်မြန်ပြီးစေချင်ရင်နင်ကိုယ်တိုင်လိုက်စောင့်
ပိုင်ရေချိုးခန်းထဲဝင်သွားတုန်း နန္ဒါအခန်းထဲမှာရုပ်ရှင်ကြည့်ရင်းစောင့်နေသည်။
ပိုင် ပြီးသွားတဲ့အခါ နန္ဒါအိပ်ပျော်နေသည်။ အင်္ကျီလဲပြီး နန္ဒါ့ကိုနှိုးရန်ပြင်လိုက်သည်။
နန္ဒါ့မျက်နှာကိုကြည့်ရင်း ပိုင်ရင်ခုန်လာသည်။ နန္ဒါ့ကိုသူတခါမှမရိုးမသားမတွေးဖူးပေမဲ့ သူတို့၂ယောက်ကအနီးကပ်ဆုံးလူတွေဖြစ်သလို နန္ဒါ့ရဲ့သူ့အပေါ်မထိတထိစကားများကသူ့ကိုပိုပြီးခံစားချက်တွေဝေဝါးစေသည်။ ပိုင် နန္ဒါ့နဖူးကိုအသာလေးနမ်းလိုက်သည်။ နန္ဒါမျက်လုံးရုတ်ရက်ဖွင့်လာသည်။ ပိုင် ရုတ်တရက်ကြောင်ပြီးကြည့်နေမိသည်။ ၂ယောက်သားအသံတွေတိတ်ဆိတ်နေပြီးရင်ခုန်သံတွေကိုပဲအတိုင်းသားကြားနေရသည်။
အန်တီစော - ပိုင်ရေ အန်တီဝင်ခဲ့မယ်နော်
၂ယောက်သားအမြန်ထပြီးဖယ်ကြသည်။
ပိုင် - ဟုတ်ကဲ့ အန်တီစော ဝင်ခဲ့ပါ
အန်တီစော- အပြင်သွားကြတော့မလား ဒီမှာမီးပူတိုက်ပီးသားအဝတ်တွေလာထည့်ပေးတာ ကလေးမလေးတွေလွှတ်လိုက်ရင် နန္ဒါလည်းရှိနေလို့ အနှောင့်ယှက်ဖြစ်နေမှာစိုးလို့။  ဒါနဲ့ပိုင် ဘယ်တော့ခရီးထွက်မှာလဲ အဝတ်ပြင်ရအောင်
နန္ဒါ - ဟင် ပိုင် နင်ခရီးသွားမယ်ဟုတ်လား ဘယ်သွားမှာလဲ ဘာကိစ္စလဲ ငါ့ကိုလဲမပြောပါ
ပိုင် - ဒယ်ဒီနဲ့ project အသစ်ကိစ္စပါ သိပ်မကြာပါဘူးဟ တပတ်တည်းပါ
...................

Unpredictable FortuneWhere stories live. Discover now