Chapter 14

1.8K 104 2
                                    

ဖြူဖွေး - အဲ့တုန်းကဖြူဖွေးလည်းသူ့ကိုသတိထားပီးကြည့်လိုက်တော့ သူအရမ်းမျက်နှာပျက်နေတာ သူတယောက်တည်းသွားရမှာဆိုတော့ ဖြူဖွေးလည်းသနားနေမိတာ ပိုင့်အပေါ်လည်းသံယောဇဉ်ရှိပုံပါပဲ
အန်တီစောနဲ့ဖြူဖွေးတို့ စကားကောင်းနေတုန်း အပေါ်ကနေပိုင်ဆင်းလာသည်။
ပိုင် - အန်တီစောရေ နောက်မှအေးဆေးပြောတော့မနက်လည်းရုံးပိတ်နေတာပဲ မနက်စာတူတူစားရင်းနဲ့ပြောတော့ ဟုတ်ပီလား
အန်တီစော - မတွေ့တာကြာနေလို့ပါကွယ် သမီးကလည်းဒီအိမ်မှာပဲနေလိုက်ရင်ပီးနေတာပဲကို
ဖြူဖွေး - ဆေးရုံနဲ့နီးအောင်ပါအန်တီရယ် အရေးပေါ်ဖြစ်လာရင်လည်းလှမ်းခေါ်ရင်နီးအောင်လို့ပါ
ပိုင် - ကဲ မ လာတော့ အန်တီစောရေ မနက်ကိုသီးသန့်မစီစဉ်နဲ့တော့နော် ပိုင်တို့တူတူဘုရားတက်ရင်းနဲ့မနက်စာစားတာပေါ့
ဖြူဖွေးကိုဆွဲပြီးအခန်းထဲကိုခေါ်လာသည်။
"မမ ရေချိုးရအောင်နော် ရေချိုးကန်ရေဖြည့်ထားတယ်"
"မောင်ကလည်း ချိုးဆိုချိုးပေးမယ် တူတူတော့မချိုးချင်ပါဘူးကွာ"
"မကလည်း ဘာလို့လဲ"
"မ ရှက်တယ် အဲ့လိုမလုပ်ပါနဲ့နော်"
"မသဘောပါ မမကြိုက်ရင်မောင်မလုပ်တော့ဘူးနော်"
မျက်မှာပျက်သွားတဲ့ပိုင့်ကိုကြည့်ရင်း ဖြူဖွေးစိတ်ထဲတမျိုးဖြစ်သွားသည်။
"မောင် ရေကူးချင်လား"
"အင်း ရေကူးလည်းရတာပဲ"
သူတို့ရေကူးကန်ကိုသွားပီးရေကူးကန်ထဲဆင်းသွားသည်။ ရေဆော့ရသည်ကိုအရမ်းသဘောကျသည့်ဖြူဖွေးတယောက် ဆေးရုံမှာတပတ်လုံးကြုံခဲ့ရတဲ့စိတ်ဖိစီးမှုအားလုံးပြေလျော့သွားသလိုခံစားရသည်။
ပိုင်ကရေသိပ်မကူးတတ်သည့် ဖြူဖွေးကိုသင်ပေးနေသည်။
"မ သေချာခတ်နော် ခြေထောက်ကို လွှတ်လိုက်မယ်နော်"
ဖြူဖွေးရေကြောက်ပီးရုန်းလိုက်ပြီးနစ်ခါနီးမှာ ပိုင်လှမ်းဆွဲဖက်ထားလိုက်သည်။
တယောက်မျက်နှာတယောက်ကြည့်နေရင်းအမှတ်မထင်ပိုင် ဖြူဖွေးနှုတ်ခမ်းပေါ်ကိုအနမ်းတပွင့်လှမ်းခြွေလိုက်သည်။
"မ ဖျားနေမယ်နော် လာအပေါ်သွားရအောင်"
အိမ်ထဲကိုရောက်တော့
အန်တီစော - ဟဲ့ ကလေးတွေ ဖျားဦးမယ် ညဘက်ကြီးရေကူးနေကြတာ ပီးတော့အန်တီစောဘာစားစရာလာပို့ပေးရမလဲ
ပိုင် - ရတယ်အန်တီစော အခန်းထဲကရေခဲသေတ္တာထဲကဟာပဲစားလိုက်မယ်
ဖြူဖွေး - မောင် ညနေကလည်းဘာမှသိပ်မစားထားဘူး တခုခုစားလိုက်ပါလား မတခုခုလုပ်ပေးမယ်လေ
အန်တီစော - အမလေး ချစ်နေကြတာ တယောက်ကလည်းချစ်တတ်လိုက်တာ တယောက်ကလည်းအချစ်ခံရလို့ပြုံးဖြီးနေတာပဲ
ပိုင် - ချစ်တာပေါ့ အန်တီစောရယ်
ပြောရင်းနဲ့ပိုင် ဖြူဖွေးကိုမချီလိုက်သည်။ အခန်းထဲရောက်တဲ့အခါ ကုတင်ပေါ်ချလိုက်သည်။
"မောင် ကအရမ်းကဲတာပဲ"
"မကဲပါဘူးကွာ မကလည်း"
ပြောရင်းနဲ့ ပင်ပိုင် ဖြူဖွေးရဲ့နားကိုနှာခေါင်းဖြင့်နမ်းရှုတ်လိုက်သည်။
ဖြူဖွေးတကိုယ်လုံးကြက်သီးများထသွားသည်။ လည်ပင်းကိုဆက်ပီးနမ်းရှုံ့လိုက်ရာ ဖြူဖွေးဆီက အင့်ခနဲညည်းသံလေးထွက်လာသည်။
ဖြူဖွေးအသိဝင်လာပြီးရုန်းလိုက်သည်။
"မောင် မအင်္ကျီသွားလဲလိုက်ဦးမယ်"
ရှက်ပီးထွက်သွားတဲ့ဖြူဖွေးကိုကြည့်ရင်း ပိုင်တယောက်ပြုံးပီးကျန်ခဲ့လေသည်။
ဖြူဖွေးရေချိုးအဝတ်လဲပြီးပြန်ထွက်လာတော့ ကုတင်ပေါ်မှာအိပ်ပျော်နေတဲ့ပိုင်ကိုသူတွေ့လိုက်ရသည်။
"မောင် ထ လာ ရေစိုကြီးနဲ့မအိပ်နဲ့"
အကျီအဝတ်အစားနဲ့ပုဝါတထည်ယူပြီး သူပေးလိုက်သည်။ အကျီလဲပြီးထွက်လာတော့
"မောင် ခေါင်းတွေမမှုတ်ခဲ့ဘူးလား လာ"
ဖြူဖွေးကပိုင့်ကိုခေါင်းသုတ်ပေးနေသည်။ ခေါင်းသုတ်ပေးနေတဲ့ဖြူဖွေးရဲ့ခါးကိုပိုင်ကအသာဆွဲဖက်ထားလိုက်သည်။
"မောင် ဘာတွေပဲဖြစ်ဖြစ် မောင်ပျော်ပျော်ရွှင်ရွှင်နေရမယ်နော်"
............
သူတို့ရဲ့ပျော်ရွှင်စရာနေ့ရက်တွေကိုဖြတ်သန်းလာခဲ့ပြီး ဆေးရုံမှာလည်းသူတို့ဇာတ်လမ်းကိုလူတွေတစစသိလာကြသည်။ ချမ်းသာတဲ့သူနဲ့တွဲနေတဲ့ကျောင်းသူလေးဆိုပြီးသူငယ်ချင်းတွေဆရာမတွေကြားထဲနာမည်ရလာသည်။ မနာလိုပြီးချူစားနေသည်ဟုပြောနေသူများလည်းရှိလာသည် သူငယ်ချင်းတွေကတော့သူ့ဘက်ကနေကာကွယ်ပေးမြဲ။
တရက်....
အန်တီစော - ပိုင်လေးရေ ဖိုးဖိုးဖုန်းဆက်လာတယ် ပြန်ဆက်လိုက်ပါဦးကွယ်
ပိုင် - ရတယ်အန်တီစော ပိုင်မရောက်တာလည်းကြာပီဆိုတော့အိမ်ပဲသွားလိုက်တော့မယ် အလုပ်ကိစ္စပဲဖြစ်မှာပါ
ပိုင်သူ့အဖိုးတွေရှိရာအိမ်ဘက်ကိုထွက်လာခဲ့သည်
ဖိုး - ဟာ ဖွားဖွားရေ ငါတို့မြေးလေးလာတယ်ဟေ့
ပိုင် - ဟုတ်တယ် ဖိုး ဖိုးဖုန်းဆက်တယ်ဆိုလို့
ဖွား - ဟယ် ငါ့မြေးလေး ထမင်းစားသွားနော် အေးဆေးမှပြန်ရမယ်
ပိုင် - ဟုတ်ကဲ့အဖွား
ဖိုး - တို့ရုပ်ရှင်လုပ်ငန်းကို အဖိုးကအပီးခွဲမလို့ မင်းဦးလေးတွေလည်းပြောတော့သူတို့ကမခွဲချင်ဘူး မိသားစုလုပ်ငန်းပဲရှိချင်တယ်တဲ့ အာ့ငါ့မြေးသဘောကရော
ပိုင် - မခွဲပါနဲ့အဖိုးရယ် အဖိုးမကြိုက်လို့လား
ဖိုး - မဟုတ်ဘူးငါ့မြေးရေ အဖိုးကရုပ်ရှင်အပြင်တိုးချဲ့ချင်တာ ဇာတ်လမ်းတွဲနဲ့သီချင်းတွေကခေတ်စားတယ်ကြားတယ်
ပိုင် - အဖိုးငွေလိုလို့လား မြေးထပ်ထည့်မယ်လေ
ဖိုး - ငွေကအရေးမကြီးဘူး အဖိုးကအနုပညာမျိုးဆက်ထားခဲ့ချင်တယ် ငါ့မြေးဘယ်လိုသဘောရလဲ
ပိုင် - မမတို့ကမင်းသမီးလုပ်ကြမှာလား
ဖိုး - မဟုတ်ပါဘူးကွာ အဖိုးဆိုတာအနုပညာဝါသနာပါတာပိုင်ပဲရှိတော့ ပိုင့်ကိုဂီတအလုပ်တွေလုပ်စေချင်တာ
ပိုင် - ဒါတော့မဖြစ်နိုင်ဘူးအဖိုး မြေးလူလုံးပြဖို့ဆိုတာက
ဖိုး - အဖိုးနားလည်ပါတယ် ဒါပေမဲ့အခုငါ့မြေးကစီးပွါးရေးလုပ်မယ်ဆိုပြီးကျောင်းလည်းတက်သေးတာမဟုတ်တော့ ဒါလေးလုပ်ကြည့် လုပ်ပီးအဆင်ပြေရင် ငါ့မြေးကိုလုပ်စေချင်တာ နိုင်ငံခြားကကုမ္ပဏီတွေနဲ့ကိုရိုက်မှာငါ့မြေး လုပ်ကြည့်ပေါ့ နောက်မကြိုက်ရင်ရပ်လိုက်တာပေါ့ကွာ
———————————
ဒီလိုနဲ့ သူရဲ့ဝါသနာ အဖိုးတွေဦးလေးတွေရဲ့တိုက်တွန်းမှုနဲ့ သူဒီလောကထဲရောက်လာသည်။
နာမည်ကြီးproducer directorတို့ရဲ့ မြေး တူမဖြစ်သည့်အပြင် အဖေရဲ့အရှိန်အဝါကြောင့်လူသတိထားမိလာသည်။ လူသတိထားမိတာနဲ့အမျှနောက်ဆက်တွဲကတော့အဆဲခံရခြင်းပင်ဖြစ်သည်။ ပထမသီချင်းထွက်တော့ MTVမှာသူ့ပုံမပါပေမဲ့ သူ့ရဲ့ပုံကိုmediaများကနေလူသိသွားသည်။
မိန်းကလေးပရိသတ်များရှိလာသလို ယောင်္ကျားလေးများကဝိုင်းဆဲ တောိ၂များ၂ရဲ့အပြောက်ုခံရသည်။ ဟိုမရောက်ဒီမရောက် ဘောပြား မိဘအရှိန်နဲ့ပိုက်ဆံဖြုန်းနေတာ စသဖြင့် သူတဘဝလုံးမသိခဲ့မကြားခဲ့တာတွေကိုသိလာရသည်။
သူအရမ်းစိတ်ဓာတ်ကျရသည်။ ဆက်မလုပ်ဖို့ဆုံးဖြတ်မိသော်လည်း
ဖြူဖွေး - မောင်ရယ် မထူးတော့ဘူးလေနော် စိတ်မညစ်နဲ့နော် သေချာကြိုးစား မောင်ကလိမ္မာပါတယ်ကွာ လူတွေကအချိန်တန်ပါးစပ်ပိတ်သွားမှာ
သူဇာတ်လမ်းတွဲရိုက်ဖို့စပြင်ရလေပြီ။ စင်ကာပူနဲ့ထိုင်းမှာရှိတဲ့ကုမ္ပဏီတခုကရိုက်မှာဖြစ်ပြီးဖက်စပ်ရိုက်ကြမည်။ ထိုဇာတ်လမ်းမရိုက်ခင် သူ စင်ကာပူမှာဖြူဖွေးရဲ့တိုက်တွန်းမှုကြောင့်အနုပညာမေဂျာနဲ့ကျောင်းတက်ခဲ့သည်။ မြန်မာနိုင်ငံနဲ့စင်ကာပူ ကူးချည်သန်းချည်နဲ့သီချင်းဆိုရင်း ရုပ်ရှင်ရိုက်ဖို့ပြင်ဆင်ရင်း ကျောင်းတက်ခဲ့ရသည်။ ပုံမှန်လူတွေထက်သူခက်ခဲ့ပင်ပန်းခဲ့သလို သူချစ်တဲ့သူတွေအတွက်အချိန်မပေးနိုင်ခဲ့။ တနှစ်အကြာမှာပဲ သူ့ဆီသတင်းဆိုးနဲ့သတင်းကောင်းရောက်လာခဲ့သည်။
သတင်းကောင်းကမမ ဘွဲ့ယူတော့မည်။ သတင်းဆိုးကတော့အမေရိကန်ကိုရောက်နေတဲ့နန္ဒာနှလုံးရောဂါနဲ့ဆုံးပီတဲ့။
သူကြား၂ချင်း စိတ်မဖြေနိုင်ခဲ့ပါ။ ရိုက်ကူးလက်စဇာတ်လမ်းတွဲ ရိုက်ကူးရေးတွေပင်၃ရက်လောက်နားလိုက်ရသည်။
သူစိတ်ကျရောဂါစဖြစ်နေပြီလို့ ဆရာဝန်ကပြောသည်။ ပင်ပန်းတဲ့ဒဏ်တွေ လူတွေရဲ့အပြောအဆိုတွေ ဆုံးရှုံးမှုတွေ နိုင်ငံရပ်ခြားရဲ့မတူညီမှုတွေမှာ သူပင်ပန်းနေခဲ့သည်။
သူရိုက်ကူးရေးပြန်စသည်။ ဇာတ်သိမ်းပိုင်းမို့ သူနားလိုက်လို့မဖြစ်။ လွှင့်လိုက်စကားမို့ပိုဆိုးသည်။
အဲ့နေ့ကသူရိုက်ကွင်းအပြီး ပြန်လာတော့ အိမ်ထဲဝင်လိုက်တာနဲ့ စားပွဲပေါါကမုန့်ဟင်းခါးကိုမြင်လိုပ်သည်။
ပိုင် -ဟင်
ဖြူဖွေး - surprise မောင်အံ့ဩသွားလား
ပိုင် - ဟာ အံ့ဩတာပေါ့မရယ် မဘယ်လိုရောက်လာတာလဲ ဆေးရုံကရော
ဖြူဖွေး - အားလုံးအဆင်ပြေပါတယ် မောင်ရဲ့ ဘွဲ့ကယူပြီးလို့အခုဆေးရုံတောင်တာဝန်ကျနေပြီ မောင်ကအရမ်းနာမည်ကြီးနေတာသိလား အခုလွှင့်တဲ့ဇာတ်လမ်းတွဲထဲမှာထိုင်းမင်းသမီးနဲ့မောင်နဲ့ကိုအရမ်းကြိုက်ကြတာ စင်ကာပူကမင်းသားရောပဲနာမည်ကြီးနေတာ
ပိုင် - ဟုတ်လား မောင်ကျောင်းနဲ့အလုပ်ရှုပ်နေတာနဲ့မကြည့်ဖြစ်ဘူး
ဖြူဖွေး - နောက်နန္ဒာ့သတင်းလည်းကြားတာနဲ့ မောင်စိတ်မကောင်းမှာစိုးလို့ မ လိုက်လာတာ မတတ်ထားတဲ့ပညာတွေနဲ့ကိုယ်ချစ်တဲ့သူက်ုပြုစုပါရစေဦး
ပြောရင်းနဲ့ပိုင့်ပါးကိုဆွဲလိမ်လိုကါသည် နောက် ရင်ခွင်ထဲမှီရင်း
ဖြူဖွေး - မောင်မရှိတော့သိပ်အထီးကျန်တာပဲ ဖေဖေမေမေတို့မရှိကတည်းကမောင်နဲ့နေလာတာဆိုတော့ မောင်မရှိတဲ့အခါစိတ်ညစ်တယ် မောင်ဝယ်ပေးတဲ့ကားအကောင်းစားနဲ့driverထက်မောင့်ကိုပိုသတိရတာတော့အမှန်ပဲ
ပိုင်လည်းပြန်ဖက်ထားရင်း
ပိုင် - အင်းပါမရယ် မောင်လည်းကျောင်းပိတ်တာနဲ့မောင့်ဆီပြန်လာတော့မှာပါ

Unpredictable FortuneNơi câu chuyện tồn tại. Hãy khám phá bây giờ