Chapter 15

1.7K 96 1
                                    

Social Media မှာရော ထိုင်းTV channel တွေမှာပါ သူရဲ့ဇာတ်လမ်းတွဲနာမည်ကြီးလာပြီး သူရဲ့သီချင်းကလည်းယောင်္ကျားလေးပရိသတ်ကပါကြိုက်လာခဲ့သည်။ သို့သော် လူတွေပြောတာကတော့ခံနေရဆဲပင်။
သူနောက်ဆုံးတော့ကျောင်းလည်းပြီးခဲ့လေသည်။ ကျောင်းမပြီးသေးခင်ကလည်း မကြာခနမြန်မာနိုင်ငံကိုပြန်လာခဲ့သော်လည်းဒီတခါကတော့မတူ။
မောင့်ရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အခါမှာတော့ ညကတည်းကdutyတုန်းကမအိပ်ခဲ့ရသမျှပျောက်သွားခဲ့သည်။
အပြေးသွားပြီး မောင်ဟုအော်ခေါ်ကာဖက်ထားမိသည်။ mask ဘယ်လောက်ပဲတပ်ထားထား အောင်ဆိုတာကိုသူသိနေသည်။ အလွမ်းကြောင့်လား ဝမ်းသာခြင်းကြောင့်လားမသိ မျက်ရည်တွေကျလာမိသည်။
ပိုင် - မ မောင်ကမနက်အစောကြီးဆိုတော့မ dutyမထွက်သေးမှာစိုးနေတာ
ဖြူဖွေး - လာရတာပေါ့ တော်ကြာ ဒီကလေးလေးငိုနေမှာစိုးလို့
သူတို့အိမ်ကိုပြန်လာခဲ့သည်။ အားလုံးကဝမ်းပမခးတာကြိုနေကြသည်။ မျက်ရည်တွေနဲ့ကြိုနေသူကအန်တီစောပင်။ သူနန္ဒာကိုသတိရမိတာတော့အမှန်ပင်။ နန္ဒါ့နောက်ကိုမလိုက်မိတာကို နောင်တတွေရမိသည်။ သူသာရှိရင်အခုလိုဖြစ်မည်မဟုတ်။
ဒီလိုနဲ့သူနန္ဒာ့ကိုသတိရတဲ့စိတ်နဲ့ နန္ဒာ့အခန်းဆီသွားကြည့်မိသည်။ နန္ဒါ့အခန်းထဲမှာသူတို့၂ယောက်ပုံတွေ နန္ဒါ့ပစ္စည်းတွေအရာမယွင်းရှိနေခဲ့သည်။
...................
မမနဲ့ပိုင်ကြားမှာပြသနာတွေတစတစကြီးလာခဲ့သည်။ ပိုင်ကစိတ်ကျရောဂါအကြောင်းပြပြီး အရက်ကိုအရင်ထက်သောက်တတ်လာချိန်မှာ မမကလည်းဆေးရုံနဲ့မဟာဘွဲ့ယူရန်မအားအလပ်ဖြစ်လာသည်။ အောင်မြင်ချိန်စန်းကောင်းတော့သီချင်းတွေ တောက်လျှောက်အောင်မြင်နေပြီး အိမ်လည်းမပြန် မြို့ထဲမှာသူဝယ်ထားသည့်condoနဲ့ ပဲနေသည်။ အကြောင်းရင်းကတော့အန်တီစောကမကြိုက်သလို သူ့ဆီကိုမကြာခဏအလုပ်ကိစ္စနဲ့လာသူများကိုအိမ်ကိုမသိစေချင်သောကြောင့်ဖြစ်သည်။ အရက်သောက်တာကလွဲလို့ကျန်တာအကုန်အဆင်ပြေပါစေတော့ဆိုတဲ့စိတ်နဲ့ မမကတော့သူအားတဲ့အချိန်တိုင်းလာပြီးတွေ့လေရှိသည်။
ဖြူဖွေး - မောင် ဘာလို့ညကသောက်တာလဲ မ ဒီမနက်လာမယ်လို့ဖုန်းဆက်ထားတာကို
ပိုင် - မနေ့ကသီချင်းသွင်းပီးတော့after partyလုပ်တာမို့ပါ
ဖြူဖွေး - မောငိဘာဖြစ်နေတာလဲ မလိမ်မာတော့ဘူးလား ပြောင်းလဲသွားလိုက်တာ
ပိုင် - မောင် မပြောင်းလဲပါဘူးမရဲ့ မောင်အရင်အတိုင်းပဲ
ဖြူဖွေး - မောင်မလိမ်နဲ့စမ်း ဟိုးတခေါက်ပြန်လာတုန်းကတောင်ကောင်းနေတာချည်းကို
ပိုင် - မောင်အရင်လိုပဲပြန်နေချင်တယ် မဆီကိုလွမ်းရင်လာတွေ့ချင်တယ် လူတွေအုံလာမှာကြောက်လို့ mediaထဲပါမှာဆိုလို့ ဆိုတာမျိုးတွေကြောင့် မ ဆီကိုလည်းမလာရဘူး မကလည်းအလုပ်ရှုပ်လို့ဆိုပီး လူလည်းမလာ ဖုန်းလည်းမကိုင်
ဖြူဖွေး - မောင်ကလည်းကွာ နိုင်ငံခြားပီးမှတောင်နေလာခဲ့ပီးတော့မှ ခနပဲသည်းခံပါကွာ ပီးတော့ မ ဝင်ခွငိ့ဖြေရတော့မှာ ဂျီမကျနဲ့တော့နော်
............
အိမ်ကိုမကြာခနဝင်လာတဲ့ဧည့်သည်တွေထဲမှာ မိန်းကလေးတွေပါလာတတ်သည်။ မော်ဒယ် အဆိုတော် မင်းသမီးစသဖြင့်။ ဒါကိုအန်တီစောကကြားတော့လိုက်လာသည်။
အန်တီစော - ပိုင်လေး အိမ်မှာပြန်လိုက်နေပါ မနေရင်အန်တီစောတခုခုလုပ်ရလိမ့်မယ် အခုလိုဖြစ်ချင်တိုင်းဖြစ် လူတကာဝင်နေတာမကောင်းဘူး မင်း စည်းကမ်းရှိဖို့လိုပြီ
ပိုင် - ဘာလုပ်လို့လဲအန်တီစောရယ် သူတို့ကအလုပ်သဘောလေ
အန်တီစော - နာမည်ပျက်နဲ့လူမဖြစ်ချင်ပါနဲ့ပိုင်ပိုင် အန်တီစော ပိုင်လေးကိုကာကွယ်ဖို့လုပ်ရလိမ့်မယ်
ထိုနေ့ကစ အိမ်ကိုမန်နေဂျာတယောက်ထပ်ရောက်လာသည်။ လူအဝင်အထွက်ကိုကြီးကြပ်ပေးပီး အရက်လည်းလျှော့ရသည်။ သူအခြေနေပြန်ကောင်းနေပြီဆိုတဲ့အကြောင်း ဝင်ခွင့်ဖြေနေလို့သူဆီမရောက်တဲ့မမကိုပြောရန်ထွက်လာခဲ့သည်။
အိမ်ကိုရောက်တော့မမ မရှိ။ မမဒီနေ့အပြင်သွားနေတာပဲဖြစ်မယ်လို့သူတွေးလိုက်သည်။ သူအိမ်ကပဲနားပြီးစောင့်ဖို့တွေးလိုက်သည်။ သူမမအခန်းထဲကိုဝင်ပီးမမအံဆွဲကိုဖွင့်လိုက်သည်။ သူရေချိုးပြီးအင်္ကျီလဲဖို့ရှာတာဖြစ်သည်။ အမှတ်မထင် မမအံဆွဲထဲကနေတွေ့လိုက်ရတဲ့ပစ္စည်းလေးတွေကြောင့်တအံ့တဩဖြစ်သွားသည်။ Diary စာအုပ်တအုပ်နဲ့ ပစ္စည်းလေးတခု။ သေဆုံးသူနန္ဒာ့ရဲ့ပစ္စည်းပင်ဖြစ်သည်။
ဖြူဖွေးတယောက်အိမ်ကိုပြန်လာသည်။ ဒီနေ့စာမေးပွဲနောက်ဆုံးနေ့။ မောင့်ကိုဖုန်းဆက်လို့လည်းမရ။ သီချင်းသွင်းနေတာဖြစ်မည်လို့တွေးလိုက်သည်။ သူကားမောင်းနေရင်းစဉ်းစားမိသည်။
ဆေးရုံကာလပတ်လုံးရော လူတွေမျက်လုံးတွေကြောင့် မောင်နဲ့ဝေးကွာနေခဲ့ရတာကြာပီဖြစ်သည်။ မိန်းကလေးနဲ့တွဲတာဆိုပြီးဝိုင်းပြောတာတွေ မောင့်ကိုဝိုင်းဝေဖန်ကြတာတွေကိုခံနိုင်ဖို့သူအချိန်ယူရသည်။ သူငယ်ချင်းတွေရှေ့ကိုချပြဖို့ သူရှက်နေသည်ဟု မောင်ယူဆသည်။ မောင်ကနောက်ပိုင်းအလွန်ကလေးဆန်လာသည်။ အရမ်းရင့်ကျက်တဲ့မောငိအခုလိုကလေးဆန်သွားရတာ သူကြောင့်များလား။ အချစ်ခံရတဲ့သူတွေဟာ လူဆိုးဖြစ်သွားကြတာလား။ ဘာပဲဖြစ်ဖြစ် မောင့်ကိုဘာစိတ်မှမပါဘဲ သံယောဇဉ်သပ်သပ်နဲ့ချစ်မိတာမို့ လူတွေဘာပဲမေးမေး ငေါ့ငေါ့ သူလက်မလွှတ်သလို မောင့်ကိုလည်းသက်သေပြတဲ့အနေနဲ့ ဒီညdinnerမှာသူ့အသိုင်းဝိုင်းကြားတရားဝင်ချပြဖို့ဆုံးဖြတ်ထားသည်။
သူအိမ်အောက်ရောက်တော့ ဖုန်းဝင်လာသည်
ဖြူဖွေး - အေး သူငယ်ချင်း ပြော
ဖြူဖွေး - အေးအေး ငါအခုကြည့်လိုက်မယ်
သူငယ်ချင်းပို့လိုက်တဲ့link မှာ မောင်နဲ့နာမည်ကြီးမင်းသမီးတို့ရဲ့ပုံတွေတက်လာသည်။ ကွန်မန့်တွေshareတွေကလည်းအများကြီးဖြစ်လာသည်။ နောက်တော့သူကြည့်နေရင်းlinkပျက်သွားသည်။ မောင်မန်နေဂျာဖြုတ်ချတာဖြစ်မည်။ သို့သော် လူတွေပါးစပ်ကတော့မပေါက်နိုင်ပါ။ ပိုစ့်တွေတင်နေကြသည်။
ဖြူဖွေးဒေါသလည်းထွက်သလိုရှက်လည်းရှက်မိသည်။
သူမောင့်ကားကိုလှမ်းတွေ့လိုက်သည်။ အပေါ်ကိုတက်လာပြီး အခန်းကိုရောက်တာနဲ့သူပိုင့်ကိုတွေ့သည်။
"မောင် နင်လုပ်ရက်လိုက်တာ နင်ပြောတော့သစ္စာရှိပါမယ်ဆို ငါတောင်းဆိုတာတခုတည်းပါ များသွားလို့လား"
" ဘာလဲ လူကိုအပိုင်သိမ်းရတာအားမရသေးဘူးလား ဒီမှာမဖွက်ထားတဲ့ကိစ္စတွေ နန္ဒာ့နောက်ဆုံးမောင့်အတွက်ထားခဲ့တာတွေ"
"ဟုတ်တယ် ပြန်ရောက်ကတည်းကစိတ်ကျနေတဲ့မောင့်ကိုနန္ဒာ့စိတ်နဲ့ပိုမခံစားစေချင်လို့ပဲမောင်"
"ဒါဆို နန္ဒာဒီထဲမှာရေးထားတဲ့အတိုင်း မောင့်ကိုသူဟိုမသွားခင်ဖတ်စေချင်ခဲ့တဲ့စာနဲ့ဆွဲကြိုးကရောဘာလို့မဆီရောက်နေရတာလဲ"
"ဟုတ်တယ် သူအန်တီထားကိုတဆင့်ပေးခဲ့တယ် မ မောင့်ကိုပေးလိုက်ရင် မောင်စိတ်ပြောင်းသွားမှာကြောက်လို့ ပြီးတော့မောင့်ကိုနန္ဒာ့လိုမိန်းကလေးမျိုးနဲ့မချစ်စေချင်လို့ သူမောင့်ကိုနိုင်စားတာကိုမလက်ပိုက်မကြည့်နိုင်ဘူး"
"မ ကြောင့် မ ကြောင့် မောင်သူသေသွားတာကိုမကာကွယ်နိုင်ခဲ့ဘူး သူ့အချစ်တွေကိုမသိလိုက်ရဘူး မ လုပ်ရက်လိုက်တာ မ လိမ်ခဲ့တာ"
"အေး ဟုတ်တယ် မလည်း မောင့်လိုသစ္စာမရှိတဲ့သူနဲ့မတွဲနိုင်တော့ဘူး ရော့ဒီမှာ မင်းအရှုပ်ထုတ်တွေလိင်း မှာဖတ်ကြည့် မင်းလည်းသွားတော့ ထွက်သွား"

Unpredictable FortuneWhere stories live. Discover now