Chapter 8 Unicode

2.1K 126 0
                                    

ပိုင်တယောက်ကျွန်းပေါ်မှာအလုပ်တွေများနေသည်။ နန္ဒါ့ကိုလည်းခေါ်လာရန်စဉ်းစားနေသည်။ ထိုစဉ် သူရဲ့လုံခြုံရေးခေါင်းဆောင်ထံသို့ဖုန်းဝင်လာသည်။
ပိုင်တယောက်ဖုန်းပြောပြီးခနပျောက်သွားပြီးခတည်းကငိုင်ပြီးပြန်လာတာကိုတအိမ်လုံးသတိထားမိကြသည်။ သို့ပေမဲ့ တမင်အဆင်ပြေဟန်ဆောင်နေသည့်သူ့အရိပ်အကဲကြောင့်မသိချင်ယောင်ဆောင်နေကြသည်။ ညကျတော့မြို့ဘက်ကမ်းခြေresort ဆီကိုပြန်လာကြသည်
ထိုညကကမ်းခြေဘေးမှာ ပုခက်ကလေးတခုချပြီးအရက်တွေထိုင်သောက်နေသည်။
ဖြူဖွေးကသူမရှိမှန်းကိုသတိထားမိသည်။ အိမ်မက်ဆိုးကလန့်နိုးလာသည့်ဖြူဖွေးတယောက်ဆေးထသောက်စဉ်အခန်းထဲမှာပိုင်မရှိတာကိုသတိထားမိသည်။
ကြောက်၂နဲ့လိုက်ရှာရမှာတော့အလင်းပြပြတခုနဲ့တွေ့လိုက်ရာပိုင်မှန်းသူသိလိုက်သည်။
ဖြူဖွေးအနားရောက်လာတော့ပိုင်ပုခက်ပေါ်မှာမူးပီးအိပ်ပျော်နေသည်။
ဖြူဖွေးလည်းအသာလေးပတ်ထားတဲ့ပုဝါကိုခြုံပေးလိုက်ရာ ပိုင်နိုးလာခဲ့သည်။
ဖြူဖွေး - ပိုင်နိုးသွားတာလား ဆောရီးနော်
ပိုင် - ရတယ် မဖြူဖွေး ပိုင် မအိပ်သေးဘူးခနလှဲနေတာ မဖြူဖွေးရောမအိပ်သေးဘူးလား
နာရီကိုတချက်ကြည့်လိုက်ရင်း
ပိုင် - ည၂နာရီတောင်ထိုးနေပြီပဲ
ဖြူဖွေး - ဟုတ်တယ် အမ အိပ်ယာကနိုးလို့ဆေးထသောက်တာ
ပိုင် - အမအဲ့ဒီ့စိတ်ငြိမ်ဆေးတွေအခုထိသောက်နေရတုန်းပဲလား
ဖြူဖွေး - အမြဲတမ်းတော့မဟူတ်တော့ပါဘူး အိမ်မက်ပြန်မက်တာတို့အိပ်မပျော်တာတို့မှပါ
ပိုင် - မဖြူဖွေး တခုခုလိုတာရှိရင်ပြောပါ
ဖြူဖွေး - ရပါတယ် ပိုင်အစစအရာရာပြည့်စုံပါတယ် မနက်ဖြန်သန်ဘက်ခါဆိုရင်ပဲရန်ကုန်ပြန်ကြတော့မှာပဲ
ပိုင် - ရန်ကုန်တန်းမပြန်သေးဘူးမဖြူဖွေး ထားဝယ်မှာဝန်ကြီးချုပ်နဲ့ဝင်တွေ့စရာရှိသေးတယ်။
ဖြူဖွေး - အော် ဟုတ်လားကောင်းတာပေါ့ မမလည်းတခါမှမရောက်ဖူးဘူး
ပိုင် - အာ့ဆိုအလုပ်ပီးရင်လျှောက်ကြည့်ကြတာပေါ့
ဖြူဖွေး - ပိုင့်ကိုတခုလောက်မေးလို့ရမလား
ပိုင် - ရတယ်မေးပါ
ဖြူဖွေး - ပိုင်အဆင်ပြေရဲ့လား ပိုင့်ကိုကြည့်ရတာတမျိုးဖြစ်နေလို့
ပိုင် - ပြေပါတယ်မဖြူဖွေး နည်း၂ရင်ထဲမှာဝမ်းနည်းဒေါသထွက်နေတဲ့သဘောပါ
ဖြူဖွေး - ပိုင့်ကိုမမနားလည်ပါတယ် ဒါပေမဲ့ပိုင်ကအခုဆိုလုပ်ငန်းကြီးကိုတောင်ဦးစီးရမှာလေ မမပြောချင်တာကအရာအားလုံးကိုမခံစားနဲ့လို့မပြောဘူး ခံစားရမှာပဲ ဒါပေမဲ့အချိန်ကြာကြာသိမ်းမထားစေချင်တာ မမလည်းဒီနည်းနဲ့ပဲအဖြစ်ဆိုးကြီးတခုကိုကျော်လွှားဖို့ကြိုးစားခဲ့ရတယ် နဂိုကတည်းကအရမ်းကြောက်တဲ့သူဆိုတော့မမပိုထိခိုက်မိတယ်။ အသည်းအသန်ပဲ။ သတ်သေဖို့တောင်ရည်ရွယ်မိတယ်။ ကိုယ့်ကိုလူတယောက်လိုက်သတ်နေသလိုလည်းခံစားရတယ်။ အာ့ကိုယ့်ဘာသာအဲ့အဖြစ်ဆိုးကနေမလွှတ်မြောက်ပေးနိုင်ခဲ့လို့လေ။ ပိုင်မမကိုပြောဖူးတယ်လေ။ အရာအားလုံးကဖြစ်ရမှာမို့ဖြစ်လာတာဆိုတာပေါ့။ အဲ့တော့ကိုယ့်စိတ်ကိုပဲနေနိုင်အောင်နေရမှာလေ။ အမလည်းပိုင့်ကျေးဇူးနဲ့အန်ကယ်တို့ကျေးဇူးကြောင့်အများကြီးပြန်သက်သာလာတယ်။ ပိုင်တခုခုဆိုရင်တောင်ပိုင်ကစိတ်ဝေဒနာခံစားလိုက်ရတဲ့သူတယောက်ကိုတောင်ပြန်ပီးကောင်းအောင်လုပ်ပေးနိုင်တဲ့သူ တန်ဖိုးရှိတဲ့သူလို့တွေးလိုက်ပါ။
ပိုင် - ကျေးဇူးပါမဖြူဖွေး မဖြူဖွေးပြောလိုက်မှပဲနည်း၂နေသာတော့တယ်
ဖြူဖွေးပြုံးနေမိသည်။
ပိုင် - မဖြူဖွေးနာမည်အရင်းကဘယ်သူ ပိုင်မေ့သွားလို့
ဖြူဖွေး - နှင်းဥဖြူဖွေးပါ
ပိုင် - မနှင်းလို့ခေါ်မယ်လေ ရလား
ဖြူဖွေး - အင်းကောင်းတာပဲ ပိုင့်သဘော ဒါနဲ့ပြန်ရအောင်လေပိုင် မနက်လည်းခရီးထွက်ရဦးမှာ
ပိုင် - ခနနေပီးရင်ပြန်မယ်မနှင်း ဒီတခွက်ထက်သောက်မလို့ ပီးရင်ပြန်ကြမယ် လာမနှင်းမတ်တပ်ရပ်ကြီး ဘေးမှာလာထိုင်
ပိုင့်ပုခက်ဘေးမှာထိုင်ရင်း၂ယောက်သားရောက်တတ်ရာရာတွေပြောနေမိသည်။
ဒီညကသူတို့ပိုရင်းနှီးသွားကြသည်။
............
ပိုင်ခရီးသွားနေစဉ် နန္ဒါကျောင်းကလူတွေနဲ့ပိုပေါင်းဖြစ်သည်။
ထိုနေ့ကclubရဲ့VIPဝိုင်း၂ဝိုင်းကိုငှါးပြီးအပြတ်သောင်းကျန်းနေကြသည်။
တော်မီ ကနန္ဒါ့ကိုခေါ်ပြီးအပြင်ထွက်လာသည်။
နန္ဒါ - ပြောတော်မီ ဘာကိစ္စလဲ
တော်မီ - နင်ငါ့ကိုdateပါလား ငါနင့်ကိုအရမ်းကြိုက်လို့ပါ
နန္ဒါ - နင်ကလည်းဟာသူငယ်ချင်းအချင်းချင်းတွေကို
တော်မီ - ဘာလဲဟာ ငါကဘာလဲ ငါ့ကိုဟိုကောင်လောက်မချမ်းသာလို့လား
နန္ဒါ - နင်ဘာတွေပြောနေတာလဲ ပိုင်ချမ်းသာတာ ငါကဘာလုပ်ရမှာလဲ
တော်မီ - နင့်ကိုကျောင်းမှာနောက်ကွယ်မှာ ဟိုကောင်နဲ့တွဲလို့ဝိုင်းပြောနေတာသိလား ဟိုကဘောပြားကောင် ငါကယောင်္ကျားလေးအစစ် ငါအဲ့လိုကောင်မျိုးနဲ့ယှဉ်ပြီးလုရမှာငါရှက်တယ် နင်lesbianလားငါ့ကိုပွင့်၂လင်း၂ပြော
နန္ဒါ - နင်ဘာတွေလာစွပ်စွဲနေတာလဲ သူကငါ့ရဲ့သူငယ်ချင်း ပီးတော့ငါlesbianလည်းမဟုတ်ဘူး ငါဘောပြားတွေကိုမကြိုက်ဘူး ငါသူ့ကိုကြိုက်လည်းမကြိုက်ဘူး
တော်မီ - အေး အာ့ဆိုနင်ငါ့ကိုသက်သေပြ နင်straight မှန်း နင်ငါ့ကိုနမ်းအာ့ဆိုငါstraight လို့သတ်မှတ်မယ်
နန္ဒါ ပြောရင်းနဲ့တော်မီ့ကိုနမ်းလိုက်သည်။
နန္ဒါပီးတော့တော်မီ့ကိုပါးရိုက်ပြီးထွက်သွားသည်။
တော်မီကတော့တန်တယ်ဆိုတော့အပြုံးမျိုးနဲ့ကျန်ခဲ့သည်။
နန္ဒါမသိလိုက်တာက တော်မီကcctvထံမှထိုvideo fileကိုပြန်တောင်းရန်စီစဉ်ပြီးသူနဲ့နန္ဒါကြိုက်နေကြောင်းသတင်းဖွရန်ဖြစ်သည်။
နန္ဒါမသိလိုက်တဲ့နောက်ထပ်တခုက နန္ဒါ့ကိုစောင့်ရှောက်ဖို့ပိုင်လုံခြုံရေး၂ယောက်ထားခဲ့ပြီး သူတို့သွားတဲ့clubကလည်းဘယ်သူမှမသိအောင်ပိုင်shareဝင်ထားတဲ့clubဖြစ်သည်။
CCTV record တွေနဲ့ လုံခြုံရေးတွေဆီကvideo ကိုလာယူတဲ့တော်မီမရလိုက်သည့်အပြင်ထိုနေ့ကသူဆီကမုန့်ဖိုးယူထားသည့်လုံခြုံရေးသမားလည်းအလုပ်ပြတ်သွားသည်။ နန္ဒါအရှက်မကွဲလိုက်သော်လည်းထိုစကားတွေ ထိုvideo file တွေကိုပိုင့်ဆီကိုသတင်းပို့ခံလိုက်ရသည်။ ပိုင့်ကိုစော်ကားပီးပြောသော်လည်း နန္ဒါမသိစေရအမိန့်ကြောင့် တော်မီသက်သာသွားသည်။
ပိုင်ပြန်သိရချိန်မှာပေါ့
ငါကနင့်အတွက်ကာကွယ်ပေးခြင်းမခံရတဲ့သူတယောက်။ နင်ပြောဆိုစော်ကားလို့ရနေတဲ့အကောင်ပေါ့ဟာ။ ငါကတော့ချစ်လိုက်ရတာဟာ။
ထိုကြေကွဲစရာအဖြစ်ပျက်တခုကိုဖြူဖွေးကအကောင်းဆုံးအနားမှာနေပြီးနှစ်သိမ့်ပေးနိုင်ခဲ့သည်။

Unpredictable FortuneWhere stories live. Discover now