Chapter 16 Final

4.7K 106 14
                                    

"တိမ်တွေဟာမကြာခဏငိုတယ်
လူတွေဟာတဖြေးဖြေးနဲ့အိုလာကြတယ်
နင့်စိတ်ဟာလည်းအမှတ်ပြောင်းလဲလာတယ်
ငါစိတ်တွေဟာလည်းတဖြေးဖြေးနဲ့ပြိုလဲလာတယ်
ပိုင်ဆိုင်ရမဲ့ထင်လို့တန်ဖိုးမထားခဲ့မိဘူး
သူများယူသွားတာလည်းငါမကြိုက်ဘူး
တသက်လုံးငါ့ကိုနင်ချစ်တဲ့အချစ်ကို
သူ့လိုတခနတွေ့တဲ့သူလောက်တောင်မရေးမပါဘူးလား
သူငယ်ချင်းဆိုတဲ့စည်းကိုမကျော်နိုင်တဲ့နင်
မောင်နှမဆိုတဲ့စည်းကိုကျဖြတ်သန်းသွားတယ်
ကြေကွဲရတဲ့ငါ့ရဲ့နေ့ပေါ့"
နန္ဒာရေးထားတဲ့ကဗျာကိုဖတ်ရင်းပိုင်တယောက်ဂယောက်ဂယက်ဖြစ်လာသည်။ သူအချစ်ဆိုတဲ့အရာထက် အပြစ်ရှိသလိုခံစားနေရတာကြီးကဆိုးသည်။ မနဲ့တွဲပြီးကတည်းက နန္ဒာ့အားအဖတ်မလုပ်ဖြစ်တာ သူသေတဲ့အချိန်ထိပါပဲ။ အထူးသဖြင့်နန္ဒာမလုပ်စေချင်တဲ့အနုပညာအလုပ်တွေလည်းသူလုပ်ခဲ့မိလေသည်။
အခုကိစ္စမှာလည်း ဖွချင်တဲ့မီဒီယာများ ဝင်ဆဲသူများ သူတို့ဘယ်အတိုင်းတာထိလုပ်လိုက်မိလဲသိပုံမရ။ မြန်မာmediaပေါ်မှာရော ထိုင်း စင်ကာပူ mediaတွေမှာပါမြန်မာနဲ့inter ဖန်တွေရန်ဖြစ်ကြသည်။ အခုလိုdating rumorထွက်တော့ဆဲနေတဲ့သူဆဲ သူ့ဘက်ကပြန်တိုက်ခိုက်သူနဲ့ တော်၂မျက်စိနောက်စရာ။ ကြားထဲကဟိုမင်းသမီးလေးကလည်းသူ့ကိုမီပြီးနာမည်ယူလိုက်သေးသည်။ နောက်ကွယ်မှာတမင်လျှောက်ဖွပြီး အင်တာဗျူးများတွင်သူအရှက်ခွဲခံရသလိုတွေပြောလေသည်။ အဓိကကတော့ပိုင့်ဘက်ကအဲ့လ်ုမိန်းကလေးတိုင်းနဲ့ရှုပ်တာပါ ပီးတော့သူကstraightမှာ အားနာလို့လက်ခံရတာပါ အလုပ်သဘောအရပါ စသဖြင့် ပိုင်နံပါတ်ပျက်စရာများကိုဖွကာသူ့တက်လမ်းကိုရှာခဲ့သည်။

FBပေါ်ကကိစ္စကိုလည်းထွက်မရှင်းပြဖြစ်။ သူနောက်ဆုံးUSAကိုပဲထွက်သွားခဲ့သည်။ မနဲ့လည်းစကားမပြောဖြစ်။ မြန်မာနိုင်ငံကိုလည်းပြန်မလာဖြစ်ခဲ့ပါ။ ဟိုမှာပဲ ဘွဲ့လွန်ဆက်တက်ရန်စဉ်းစားလိုက်သည်။ အန်တီထားအပါဝင်တအိမ်သားလုံးစိတ်မကောင်းကြ။ အဲ့မင်းသမီးပေါက်စကလေးကိုလည်းအပြစ်မတင်လို။ သူ့မှာယောင်္ကျားပရိသတ်များတာကြောင့်လို့ပဲပိုင်ဖြည့်တွေးလိုက်သည်။
ဟိုရောက်တော့ နန္ဒာနေခဲ့တဲ့အခန်းလေးကိုပဲသူငှါးနေလိုက်သည်။
ပြဇာတ်ကလပ်နဲ့အချိန်ဖြုန်းနေတတ်ပြီး နန္ဒာ့အုတ်ဂူလေးဆီကိုမကြာခဏသူဝယ်ထားတဲ့ကားလေးနဲ့သွားတတ်သည်။ ကျောင်းပီးတော့လည်းအလုပ်တွေဝင်လုပ်ခဲ့သည်။ ကျောင်းကပြဇာတ်ကလပ်ကိုအမြဲကူညီပေးဆဲ။
တရက်တော့သူနဲ့ရင်းနှီးတဲ့ကောင်လေးက ပြဇာတ်တိုက်ဖို့အကူညီတောင်းတာနဲ့ သူကျောင်းကိုသွားခဲ့သည်။ ကျောင်းကိုရောက်တော့ သူကအသစ်ရောက်တဲ့ကလေးတွေကိုပြဇာတ်အတွက်auditionကူလုပ်ပေးရမည်ဖြစ်သည်။
ဒီလိုနဲ့ပြဇာတ်အတွက်သေချာရွေးကြရင်း နောက်ဆုံးတယောက်အလှည့်ရောက်လာသည်။
သေချာကြည့်လိုက်တော့နန္ဒာနဲ့တရုပ်တည်း။ ဆံပင်အရောင်ပဲကွာသည်။ သူလည်းအံ့ဩပီးသူ့ရဲ့ဖျော်ဖြေမှုအပီးမှာမေးလိုက်သည်။
"ညီမလေးကမြန်မာလား"
"ဟူတ်ပါတယ် မြန်မာစပ်ပါတယ် အမေကမြန်မာပါ"
"မြန်မာလိုရောပြောတတ်လား"
"သိပ်မပြောတတ်ပါဘူး"
သူမရဲ့နာမည်က Charlotte.
သူမကတကယ့်ကိုတော်တဲ့သူတယောက်ဖြစ်လို့ သူတို့ရွေးလိုက်ပါတယ်။ နောက်ပိုင်းအားလပ်ရက်တွေမှာသူတို့ဇာတ်တူတူတိုက်ကြတယ်။ သူတို့တဖြေးဖြေးနဲ့ရင်းနှီးလာခဲ့တယ်။ နန္ဒာ့ကိုအစားပြန်ရလိုက်တဲ့ခံစားချက်မျိုးနဲ့ သူcharlotteကိုသဘောကျခဲ့မိတယ်။ သူတို့တွေတဖြေး၂ရင်းနှီးလာခဲ့ကြတယ်။ ခေါင်းဆောင်နေရာရတဲ့အတွက်အရမ်းကြိုးစားလွန်းတဲ့ချားလော့ကိုနောပ်ကျတဲ့အထိဇာတ်တိုက်ပေးဖြစ်တယ်။ ချားလော့မှာရည်းစားရှိပါတယ်။ ဒါကြောင့်သူသဘောကျတာတွေကိုအမြဲမျိုသိပ်ထားခဲ့မိပါတယ်။ ချားလော့ကသူ့ရည်းစားနဲ့အဆင်ပြေပုံသိပ်မရပါဘူး။ သူ့ကိုတူတူသောက်ဖြစ်တဲ့အခါတိုင်းရင်ဖွင့်လေ့ရှိပါတယ်။ တနေ့တော့ မမသူ့ဘဝထဲကိုပြန်ရောက်လာပါတယ်။
မမ USကိုလာလည်ပါတယ်။ သူအထူးကုဘွဲ့ရပြီလို့လည်းပြောပါတယ်။ အန်တီစောနဲ့ဖေဖေရဲ့ဆန္ဒအရ မမကိုသူအိမ်ရှင်တာဝန်ကျေဖို့ဆုံးဖြတ်လိုက်ပါတယ်။
မမရောက်တဲ့နေ့ကသွားကြိုတယ်။ ၂ယောက်လုံးစကားသိပ်မပြောဖြစ်ကြပါဘူး။ မမကပဲစပြောပါတယ်။
မမ - အဆင်ပြေတယ်မဟုတ်လား ပိုင်
ပိုင် - ဟုတ်။ မမရော
မမ - အင်းပြေပါတယ် ဒါနဲ့မမလာတော့ပိုင်ရောအဆင်ပြေလားအိမ်က
ပိုင် - အိမ်ကပြေပါတယ် အစက နန္ဒာနေခဲ့တဲ့အခန်းကိုပဲငှါးနေဖြစ်တာ။ အာ့လေးကနည်း၂ကျဉ်းတော့ အခု ပိုကျယ်တဲ့အခန်းကိုဝယ်ထားတယ်။ မကြာသေးဘူး။ အခုမမလာတောြအဆင်ပြေတာပေါ့
နန္ဒာ့နာမည်ကြားလိုက်တော့မမ မျက်နှာလုံးဝမကောင်း။ ဒါနဲ့စကားလမ်းကြောင်းလွှဲလိုက်ရသည်။
မမနဲ့သူနဲ့ နေ့ရက်တွေက တူတူဖြတ်သန်းဖြစ်ကြသည်။ မမကတော့အရင်ကထက်တောင်သူ့ကိုပိုပြီးချစ်ပေး ဂရုစိုက်ပေးသည်။ သူလည်းအရင်ကနေ့ရက်တွေကိုသတိရမိသည်။ အချစ်ဆိုတာပျောက်ပျက်သွားတာမျိုးမှမဟုတ်တာဘဲ။
မမ မပြန်ခင်ညကသူတို့တူတူညစာစားရင်းသောက်ဖြစ်ကြသည်။
မမ - ပိုင် မမပြောစရာရှိတယ်
ပိုင် - ပြောပါမမ
မမ - မမတို့ပြန်ပြီးချစ်လို့မရဘူးလားဟင် မမ မောင့်ကိုသတိရတယ် မမစာနဲ့အလုပ်ကိုပဲအချိန်ပေးခဲ့မိတာကိုတောင်းပန်ပါတယ် အထူးသဖြင့်နန္ဒာ့ကိစ္စကိုရောပါအဲ့တုန်းမောင်ထွက်သွားမှာကို ကြောက်တဲ့စိတ်နဲ့လုပ်ခဲ့မိတာပါ။ တောင်းပန်ပါတယ်မောင်။ မတို့အစကနေပြန်စရအောင်
ပိုင် - ပိုင့်ကိုအချိန်တခုပေးပါမ။ မကပိုင့်ရဲ့cousin တယောက်အနေနဲ့တော့အမြဲတမ်းချစ်နေမှာပါ။ ဒါပေမဲ့ချစ်သူအနေနဲ့ဆိုတာကတော့ ပိုင့်ကိုအချိန်ပေးပါနော်။ မနဲ့ပြန်ချစ်မယ်ဆို အရာအားလုံးကို ရင်ဆိုင်ရမှာလေ။ အထူးသဖြင့် မရဲ့မအားလပ်တဲ့အလုပ်တွေကိုပေါ့။
ဒီလိုနဲ့ နောက်ရက်လေဆိပ်ကိုပြန်ပို့ခဲ့သည်။ မကပိုင့်ကိုအထဲမဝင်ခင်တချက်လှည့်ကြည့်လိုက်သည်။ ပီးတော့နှုတ်ခမ်းကိုနမ်းလိုက်သည်။
"သိပ်မကြာထင်ပြန်တွေ့မယ် မောင်"
အဲ့နေ့ညကသူ့ဆီကိုmessage တကြောင်းဝင်လာသည်။ ချားလော့ ဆီကဖြစ်သည်။
"ဟေ့ ဒီနေ့ဝမ်းနည်းနေလား"
"မဖြစ်ပါဘူး ဘာလို့လဲ"
"မင်းချစ်သူပြန်သွားလို့လေ"
"ဟင် မင်းဘယ်လိုသိလဲ"
"မင်းသူနဲ့နမ်းနေတာငါတွေ့လိုက်တယ်"
"သူကငါ့ရဲ့cousinပါ ပီးတော့ရည်းစားဟောင်းပေါ့"
"အခုထိချစ်တုန်းပဲလား"
"ဘာလို့သိချင်ရတာလဲ"
"ဒီအတိုင်းပါပဲ မပြောချင်လဲ ထားလိုက်ပါတော့"
"ငါ့စိတ်ထဲမှာသူ့ကိုမရှိတော့ပါဘူး ဒါပေမဲ့ မင်းမသိတဲ့ကိစ္စတွေအများကြီးရှိနေတယ်"
"ကောင်းပါပီ နောက်မှတွေ့ကြတာ့ပေါ့"
နောက်နေ့တွေပြဇာတ်မှာတွေ့တော့ သူ့ကိုချားလော့ကကောင်း၂မဆက်ဆံတော့။ သု့သူငယ်ချင်းလည်းသတိထားမိသည်။
"ဟေ့ မင်းနဲ့ချားလော့ပြသနာတက်သေးလား"
"မတက်ပါဘူး သူစိတ်မကြည်နေလို့ဖြစ်မှာပါ"
ဒီလိူနဲ့ပြဇာတ်ပီးတဲ့ညကိုရောက်ခဲ့သည်။ သူတို့အပြီးမှာ ပါတီလုပ်ကြသည်။ ပါတီလုပ်တဲ့ဆိုင်ကနေအသီး၂အိမ်ပြန်ကြသည်။ ချားလော့ကတော့အသည်းသန်မူးနေသည်။ သူ့အိမ်လိပ်စာကိုမေးပီးလိုက်ပို့ဖို့လုပ်သည်။ သူ့အိမ်လိပ်စာကိုသူ့သူငယ်ချင်းတွေကပြောပြသညါ။ သို့သော်လိုက်ပို့ပေးမဲ့သူကမရှိ။ သူနဲ့သူ့သူငယ်ချင်းပဲပြန်လိုက်ပို့ဖြစ်သည်။ သူလည်းအိမ်ပြန်ခဲ့လိုက်သည်။
သူအိမ်ပြန်ရောက်တော့သူ့ဆီမှာချား​လော့ရဲ့ဖုန်းမှားပါလာတာကိုသတိထားမိသည်။ နောက်နေ့မနက်မှပြန်ပေးမည်ဟုတွေးကာသူအိပ်နေလိုက်သည်။
နောက်နေ့ကျချားလော့နိုးလာပီးဖုန်းကိုမတွေ့။ သူlaptopကနေတဆင့် လိုင်းပေါ်တက်ကြည့်တော့မှ သူ့ဖုန်းကျန်ခဲ့ကြောင်း လာပို့ပေးမည်ဖြစ်ကြောင်း ပိုင်ပြောထားတာကိုတွေ့သည်။ ဖုန်းရဖို့အရေးကြီးနေသလိုအားလည်းနာနေတဲ့ချားလော့ကဖုန်းကိုသူလာယူမည်ဖြစ်ကြောင်းဖုန်းဆက်သည်။ သို့သော် ပိုင်ကအိပ်ပျော်နေသည်။ ချားလော့ဖုန်းဆက်မရဖြစ်နေစဉ် ညကပိုင့်သူငယ်ချင်း ပိုင့်အိမ်မှာညကအိပ်တဲ့story တင်ထားတာတွေ့လိုက်သည်။ သူအဲ့တေယောက်ကိုဖုန်းဆက်ကြည့်တော့ ဖုန်းကိုင်သည်။ ဒါနဲ့ သူပိုင့်အိမ်ကိုလိုက်သွားတော့ ပိုင့်သူငယ်ချင်းကတံခါးလာဖွငိ့ပေးသည်။
"ဟေး ပိုင်ကအိပ်နေတယ် သူ့အခန်းထဲမှာ ငါကောင်မလေးနဲ့ချိန်းထားလို့သွားပီနော် ကော်ဖီသောက်ရင်းစောင့်လည်းရတယ် ဖုန်းကရှာကြည့်လိုက်နော် ဘိုင့်"
ချားလော့လည်းတယောက်တည်းကျန်ခဲ့ရင်း ဖုန်ူကိုလိုက်ရှာသည်။ သူ့သူငယ်ချင်းဆိုဖာပေါ်မှာအိပ်ပုံရသည်။ သူလည်းဖုန်းရှာမတွေ့တာနဲ့ ပိုင့်အခန်းတံခါးကိုဖွင့်ကြည့်ပြီးရှာလိုက်သည်။ သူဖုန်းကိုအရေးတကြီးလိုနေသည်။
ပိုင့်အခန်းထဲရောက်တော့ အံ့ဩစရာတခုတွေ့လိုက်သည်။ သူနဲ့ရုပ်ချင်းအရမ်းတူတဲ့မိန်းကလေးတယောက်ကိုတွေ့ရသည်။ ဆံပင်ပဲမတူတာဖြစ်သည်။ သူအံ့ဩနေတုန်း ပိုင်နိုးလာသည်။
ပိုင် - ဟေ့ မင်းငါ့အခန်းထဲမှာလုပ်နေတာလဲ
ချားလော့ - ဖုန်းလာယူတာပါ
ပိုင်လည်းအိပ်ယာဘေးခုံပေါ်က အားသွင်းပေးထားတဲ့ဖုန်းကို ယူပေးလိုက်သည်။
ပိုင် - ရော့ မင်းဖုန်းအားသွင်းပေးထားတဲ့ ဒါနဲ့မင်းဘယ်လိုရောက်နေတာလဲ
ချားလော့ - ရှင့်သူငယ်ချင်းဖွင့်ပေးသွားတာ
ပိုင် - မင်းအံ့ဩနေတာလား ငါရှင်းပြမယ်
ချားလော့ကိုအကြောင်းစုံရှင်းပြလိုက်တော့ ပိုင့်ကိုချားလော့သနားသွားသည်။ ငိုနေတဲ့ပိုင့်ကိုဖက်ထားလိုက်သည်။
ပိုင် - မင်းကိုပြန်တွေ့တဲ့အချိန်မှာ ငါအရာရာပြန်ရှင်သန်ခဲ့ရတယ် မင်းမှာကရည်းစားလည်းရှိနေသလို မင်းကstraight တယောက်ဖြစ်နေတော့ ငါ့မှာအခွငိ့အရေးမရှိခဲ့ပါဘူး မင်းကိုငါစတွ့ကတည်းကချစ်ခဲ့မိတယ်
ချားလော့ - ဒါဆိုလည်း ငါ့ကိုချစ်ပါ ငါလည်းမင်းကိုချစ်ပါတယ် မင်းတခြားသူကိုနမ်းနေတဲ့အချိန်မှာငါသိသွားတာပဲ
ပိုင် ချားလော့အဖြေကြောင့်အံ့ဩသွားသည်။ ချားလော့သူ့ကိုနမ်းလိုက်သည်။ သူလည်းပြန်နမ်းလိုက်သည်။ အဲ့နေ့ကတည်းကသူတို့အချစ်ဇာတ်လမ်းကိုစတင်ခဲ့သည်။
ချားလော့ကျောင်းပြီးတဲ့အခါမှာ သူတို့မြန်မာနိုင်ငံကိုပြန်လာကြသည်။
သူတို့မြန်မာနိုင်ငံကိုပြန်ရောက်နေတဲ့အချိန်မှာ ချားလော့အရေးပေါ်ခွဲစိတ်ခန်းဝင်ရသည်။
"လူနာကခွဲရပါမယ် ဒါပေမဲ့ သူကနိုင်ငံခြားသားဖြစ်နေတော့ဒုက္ခများနေပါတယ်ရှင်"
အကြပ်ရိုက်နေတုန်းဆရာဝန်တယောက်ရောက်လာသည်။
"ဟင် မမ"
ဖြူဖွေး - ဘာတွေဖြစ်နေတာလဲဆရာမ
သူနာပြု - ဒေါက်တာ လူနာကောင်မလေးကခွဲရမှာ အာ့နိုင်ငံခြားသူဖြစ်နေတော့.....
ဖြူဖွေး - ကောင်းပြီလေ မမခွဲပေးလိုက်ပါမယ် မမဂျူတီလည်းမပီးသေးဘူးပဲ မမလက်မှတ်ထိုးပေးမယ်ဟုတ်ပီလား မမတာဝန်ထား
သူနာပြုထွက်သွားတော့
ပိုင် - ကျေးဇူးပါမမရယ်
ဖြူဖွေး - ဟင် ကျေးဇူးတင်စရာလားမောင် ကျေးဇူးတင်ရမဲ့လူတွေလား အဲ့လောက်လည်းစိတ်မပူပါနဲ့ caseအရဆို သူကအူအတက်ပေါက်ရုံပဲ ခွဲလိုက်ရင်ကောင်းသွားမှာပါ ကဲ မမခွဲခန်းဝင်လိုက်ဦးမယ် မမဂရုစိုက်လိုက်ပါ့မယ်
ခနနေတော့ခွဲခန်းထဲကမမထွက်လာသည်။
ဖြူဖွေး - လူနာကသက်သာပါတယ် စိတ်မပူနဲ့နော် ခနနေထွက်လာလိမ့်မယ် ကဲမမ သွားတော့မယ် မနက်လည်းဆေးရုံကြီးဂျူတီရှိသေးလို့ ညနေမှလာကြည့်တော့မယ်
ပိုင်လည်းချားလော့နားမှာသေချာရှိနေပေးသည်။ အနားမှာဂရုစိုက်ပေးနေသည်။ ဖြူဖွေးကတော့ ပိုင့်ကိုမသိမသာခိုးကြည့်ရင်း အမြဲဝမ်းနည်းနေသည်။ မောင့်ကိုဆုံးရှုံးလိုက်ရပြီဆိုတဲ့အသိနဲ့ သူတော်၂ဝမ်းနည်းနေမိသည်။
ဖြူဖွေး - ကဲ ချားလော့သက်သာပီလား ပိုင် မမနဲ့စကားခနလောက်ပြောရအောင်
ပိုင်လည်းအခန်းရှေ့ခနထွက်လာသည်။
ပိုင် - ပြောပါမမ ပိုင်တခုအရင်ပြောပါရစေ ချားလော့နဲ့ကိစ္စကိုမမတမျိုးထင်နေမယ်ဆိုတာသိပါတယ် ပိုင်လည်းအမြဲဒွိဟဖြစ်နေပါတယ် မမနဲ့ချားလော့၂ယောက်ကြားထဲမှာ ပိုင်အပြစ်ရှိသလိုခံစားနေရတယ်
ဖြူဖွေး - မောင် မကိုမေ့လိုက်ပါတော့ အပြစ်ရှိသလိုလဲမခံစားပါနဲ့နော် မောင်ချားလော့ကိုသိပ်ချစ်တာကိုမ ခံစားမိနေပါတယ် ပီးတော့မ မောင့်ကိုချစ်တဲ့အချစ်တွေကိုသက်သေပြတဲ့အနေနဲ့လို့သဘောထားလိုက်ပါ မောင့်လွတ်၂လပ်၂နဲ့ချစ်ပါတော့ ရွေးချယ်ပါတော့
နောက်ဆုံးအနေနဲ့နဖူးပေါ်မှာအနမ်းတပွင့်ခြွေသွားခဲ့သည်။
အနာဂတ်မှာဘာတွေဖြစ်နိုင်မလဲ ဘယ်သူမှခန့်မှန်းလို့မရပါဘူး။ ဘာတွေပဲဖြစ်လာဖြစ်လာ ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ကိုယ်ကိုထက်ပိုချစ်ပေးချင်ကြတာတော့ နှလုံးသားရဲ့အမှန်တရားပါပဲ။

Unpredictable FortuneWhere stories live. Discover now