Chapter 13

1.8K 109 6
                                    

ပိုင် - အန်တီစောရေ ပန်းစည်းရပီလား မြန်မြန်လုပ်နောက်ကျနေမယ်
အန်တီစော - ရပါပီဟယ် သွားပါသွားပါ
ရန်ကုန်ဆေးရုံကြီးရဲ့corridor အောက်မှာကားအကောင်းစားကြီးနဲ့နေ့စဉ်လာကြိုတတ်သူကိုhouse ဆေးကျောင်းသူလေးနှင်းဥဖြူဖွေးနဲ့လူတွေကတွဲပြီးသိနေကြပြီ။
ပိုင် - မ duty ပီးပီလား ရော့ မအတွက်
ဖြူဖွေး - ဟာလှလိုက်တာပန်းလေးတွေက မောင်ကသိပ်တော်တာပဲ မောင် ဒါနဲ့ဒီညသူငယ်ချင်းတွေနဲ့မုန့်သွားစားမလို့ အာ့ခွင့်ပြုပါလားဟင်
ပိုင် - ခွင့်ပြုတာပေါ့ မောင်လိုက်ပို့ပေးမယ်နော် ပီးမှမောင်လာကြိုမယ်
ဖြူဖွေး - ဟောဟိုမှာပြောနေရင်းနဲ့သူတို့ဖုန်းခေါ်နေပြီ
"ဟယ်လို အေး ဟုတ်တယ် ကားကအမဲရောင်လေး Posrche" "ငါ့ကားမဟုတ်ပါဘူးဟယ် မောင့်ကားပါ" "အင်းအင်း လိုက်ခဲ့မယ်နော်ရှေ့ကသွားလိုက်" "အေးအေး ငါမေးလိုက်ဦးမယ်"
ဖြူဖွေး - မောင် မောင်လူအသစ်တွေနဲ့တွေ့ရတာမကြိုက်မှန်းတော့သိပါတယ် ဒါပေမဲ့မောင့်ကိုမသူငယ်ချင်းတွေကမုန့်စားတာလိုက်ခဲ့မလားတဲ့
ပိုင် - ဟင် ရုတ်တရက်ကြီး မောင်ကသေချာလေးမိတ်ဆက်ပေးတဲ့အချိန်ကိုစီစဉ်ထားတာ အခုလိုရုတ်ရက်ဆိုတော့လည်းကောင်းပါတယ် မသဘောလေ မ လိုက်စေချင်ရင်လိုက်မယ်
ဖြူဖွေး - လိုက်စေချင်တာပေါ့မောင်ရယ် တခုပဲ မောင့်ကိုလူတွေပြောမှာကိုပဲစိုးရိမ်တာ
ပိုင် - မစိုးရိမ်နဲ့နော် မ
ဆိုင်ထဲမှာအားလုံးလူစုံသွားကြသည်။
ဖြူဖွေး - မောင်နဲ့မိတ်ဆက်ပေးမယ် ဒါကမသူငယ်ချင်း သီရိ လင်းလင်း သူသူ အေးချမ်း ဟိုက သူရ နဲ့ ပြည့်စုံ ဒါကငါပြောပြောနေတဲ့ငါ့ရဲ့ချစ်သူ ပိုင်ပိုင်တဲ့
ပိုင် - ဟုတ်ကဲ့တွေ့ရတာဝမ်းသာပါတယ် ဒါကပိုင့်လိပ်စာကဒ်ပါ အချိန်မရွေးဆက်သွယ်နိုင်ပါတယ်
ပြည့်စုံ - ဟင် ပိုင်ပိုင့်ရဲ့နာမည်အရင်းက ပိုင်ခသူရဆိုတော့ ဟိုဦးသူရရဲ့တဦးတည်းသောသမီးဆိုတာများလားလို့ပါ
ပိုင် - ဟုတ်ပါတယ် ဒယ်ဒီနဲ့ရင်းနှီးတာလားမသိဘူး
ပြည့်စုံ - ရင်းတော့မရင်းနှီးပါဘူးကြားဖူးတာပါ
လင်းလင်း - နင်တော့ရည်းစားရကံကောင်းတာပဲနော် အစကပိုင်ပိုင့်ကိုonlineပေါ်မှာပဲမြင်ဖူးတာ အပြင်မှာပိုအရပ်ရှည် ပိုချောတာပဲ
ဖြူဖွေး - ငါကအဲ့လောက်မောင်နာမည်ကြီးမှန်းမသိခဲ့ဘူး
ပြောရင်းနဲ့သူတို့ဝိုင်းကိုဦးထုပ်ခပ်ငိုပ်ငိုပ်ဆောင်းထားတဲ့ကောင်မလေးတယောက်လာနှုတ်ဆက်သည်။
ကောင်မလေး - ဟေ့ ပိုင် ထူးထူးဆန်းဆန်းအပြင်တွေဘာတွေလာလို့ပါလား
ပိုင် - ဟာ ရတီ မတွေ့တာကြာပြီ မမှတ်လိုက်လိုက်ဘူး
ဆောင်းထားတဲ့ဦးထုပ်ချွတ်လိုက်တဲ့အခါပတ်ဝန်းကျင်တခုလုံးလှုပ်လှုပ်ခပ်ခပ်ဖြစ်လာသည်။
သီရိ - ဟယ် အာ့မင်းသမီးနွယ်ရတီမဟုတ်လား
အားလုံးကစိတ်လှုပ်ရှားနေပေမဲ့ မလှုပ်ရှားနေနိုင်သူကတော့ဖြူဖွေး။
ကားပေါ်ရောက်တော့
ဖြူဖွေး - မောင်ဒီနေ့ဖြူဖွေးတို့မောင့်အိမ်မှာပဲသွားနေကြရအောင်။ ဖြူဖွေး အန်တီစောနဲ့စကားပြောချင်လို့။
ပိုင် - မ ဘာဖြစ်လို့လဲ မျက်နှာလည်းမကောင်းသလိုပဲ နေမကောင်းဘူးလား ပီးတော့မနက်ကိုစောစောထနေရမှာပေါ့ အိမ်ကနေသွားမယ်ဆို
ဖြူဖွေး - မနက်ဖန်dutyနားတယ်မောင်
အိမ်ရောက်တော့..........
ဖြူဖွေး - မောင် ရေသွားချိုးနှင့်ပါလား မစကားပြောလိုက်ဦးမယ်
ပိုင် - မရဘူး မနဲ့ပဲတူတူချိုးချင်တာ
အန်တီစော - ဟယ် ဒီကလေးတွေ လူကြီးတွေ့ရှေ့မှာဘာတွေပြောနေတာလဲ
ဖြူဖွေး - အာ့ဆိုလည်းဂိမ်းသွားဆော့နှင့် မ လိုက်ခဲ့မယ်နော်
ပိုင်ထွက်သွားတော့....
အန်တီစော - သမီးဖြူဖွေးဘာပြောမလို့လဲ
ဖြူဖွေး - ပိုင်ကဘာဖြစ်လို့အဲ့လောက်ကောင်မလေးတွေနဲ့တရင်းတနှီးဖြစ်နေရတာလဲ ပီးတော့အထူးသဖြင့်နာမညိကြီးတဲ့သူတွေနဲ့
အန်တီစော - အော် ဒီလိုသမီးရဲ့ ပိုင့်အမေဘက်ကဘိုးဘွားတွေကရုပ်ရှင်ထုတ်လုပ်ရေးလုပ်ကြတာလေ။ အခုထိလည်းလုပ်ကြတုန်းပဲ။ အခုတော့ပိုင့်ဦးလေးတွေလုပ်ကြတာပေါ့။ အဲ့တုန်းကပိုင့်မေမေတို့မမလေးက share တွေအများကြီးထည့်လိုက်တယ်။ အဲ့တုန်းကပိုင့်မေမေကရှုတင်ကိုအလည်သွားတိုင်းပိုင့်ကိုခေါ်သွားလေ့ရှိတယ်။ နောက်တချက်ကတော့ အဲ့လုပ်ငန်းကိုအခုထိပိုင်ကလုပ်နေသေးတယ်။ ပိုင့်ဖေဖေ့ကတော့ပိုင်စိတ်ချမ်းသာအောင်ဘာမှမပြောဘူး ပေးလုပ်ထားတယ်။ ပိုင်ကလည်းသူ့အမေလုပ်ခဲ့တာဆိုတော့သေချာတမင်လုပ်နေတာ။ လုပ်ငန်းကအရမ်းကြီးလုပ်ထားတော့ သူ့ဦးလေးတွေကလည်း တခြားလုပ်ငန်းတွေနဲ့ ဒီလုပ်ငန်းမှာပိုက်ဆံသိပ်မထည့်နိုင်ကြဘူး။ ဆိုလိုရင်းကတော့ အဓိကဒီလုပ်ငန်းပိုင်ရှင်ကပိုင်ဖြစ်တယ်။ သမီးကြားဖူးလား ရွှေမြန်မာ ထုတ်လုပ်ရေးဆိုတာလေ။ အဲ့တော့ပိုင်ကမင်းသား မင်းသမီးတွေနဲ့ရင်းနှီးတယ်။ အထူးသဖြင့်မင်းသမီးတွေကပိုကပ်ချင်ကြတယ်။ သူတို့တိုက်ကရိုက်တဲ့ကားတွေကအရမ်းနာမည်ကြီးပြီးစျေးကောင်းပေးနိုင်လို့လေ။ အရင်ကတော့နန္ဒာ့ကိုကြောက်လို့ဘယ်သူမှအနားမကပ်ရဲ့ကြဘူး။ အခုနန္ဒာကလည်းအမေရိကထွက်သွားတော့ပိုဆိုးတာပေါ့လေ။
ဖြူဖွေး - ဟင် နန္ဒာဆိုမှ နန္ဒာလေးလည်းသနားတော့သနားပါတယ်
ပိုင် - ဘာလို့လဲသမီးရဲ့
နန္ဒာ - နန္ဒါကသူမသွားခင် ပိုင်နဲ့လာတွေ့တယ်။
အဲ့နေ့က............
သူဆေးရုံကဆင်းလာတဲ့နေ့။
နန္ဒါဖုန်းဆက်နေသည်။ ညနေတွေ့ဖို့ပြောထားတာအခုထိဖုန်းမကိုက်သေး။
ပိုင် - ဟယ်လို
နန္ဒါ - နင်ဘယ်မှာလဲ နင်ဘယ်သွားတာလဲ နင်ကားမမောင်းရဘူးလေဟာ ငါနဲ့ချိန်းထားတာကိုအခုလည်းဘယ်သွားတာလဲ။
ပိုင် - ငါအခုမြို့ထဲရောက်နေတာ နင်အခုလာခဲ့နော် Shangrila ကို ငါ dinner ကျွေးရင်းပြောမယ်
နန္ဒါ - အေးပါငါလာပြီ
နန္ဒါ့အတွေးထဲမှာတော့။
"ပိုင့်ကိုငါမသွားခင်တော့ဖွင့်ပြောခဲ့ရမယ် သူငါ့ကိုသေချာပေါက်ပြန်ချစ်မှာပဲ ငါသူနဲ့တူတူဟိုသွားမယ် ငါတို့ဘဝအသစ်တူတူစကြမယ်"
သူဖွင့်ပြောရန်ရည်ရွယ်ထားတဲ့ သူ့ခံစားချက်တွေရေးထားတဲ့စာလေးတစောင်ကိုသူပိုင့်အတွက်ဝယ်ထားတဲ့ဆွဲကြိုးလေးကိုအသာလေးယူလိုက်သည်။
ဟိုတယ်ထဲရောက်တော့
ပိုင်ထိုင်နေတာမြင်တော့ပျော်ပီးအမြန်ဝင်သွားလိုက်သည်။
ပိုင် - ဟဲ့နန္ဒာ နင်ပင်ပန်းနေပီလား ဆောတီးပါဟာ အဝစားနော် ငါနင့်ကိုပြောစရာရှိတယ်
နန္ဒါ - အေးငါလည်းပြောစရာရှိတယ်
ပိုင် - ကဲပါ နင်အရင်ပြောဘာပြောမှာလဲ
ထိုစဉ်ဖြူဖွေးရောက်လာသည်။
နန္ဒါမထင်ထားတာမို့မျက်နှာပျက်သွားတာအမှန်။
ပိုင် - မ ပြန်လာပြီလား အဆင်ပြေရဲ့လား ဒီမှာနန္ဒါတောင်ရောက်နေပြီ ဟဲ့နန္ဒါ ပြောလေဘာပြောမလို့လဲ
နန္ဒါ - နင်အရင်ပြောပါ ငါ့ကိစ္စကိုမေ့သွားပီ
ပိုင် - ကဲ ငါပြောချင်တာကဒီနေ့ပဲ ငါနဲ့မနှင်းနဲ့ကရည်းစားတွေဖြစ်သွားပြီ
နန္ဒါ - နင်တို့ကcousinတွေဆို
ပိုင် - မွေးစားထားတာပဲကွာ ပီးတော့ငါ့ကိုချစ်ပေးမဲ့သူလည်းလိုနေပီဟုတ် နင်သွားရင်အထီးကျန်နေမဲ့ငါ့ကိုနင်မသနားဘူးလား
နန္ဒါ - ဟင် နင်အာ့ဆိုဒီမှာပဲနေတော့မှာပေါ့
ပိုင် - အင်းဟုတ်တယ် ငါGAP year ယူချင်သေးလို့ ကဲအာ့ဆိုငါပြောချင်တာပီးပီ နင်ပြောမဲ့ဟာကရော
နန္ဒါ - ဘာမှမဟုတ်ပါဘူးဟာ ထားလိုက်ပါတော့ congratulations နော်
ပိုင် - ကျေးဇူးပဲ ကဲလာ မ စားစရာတွေသွားယူရအောင်
ပျော်ရွှင်ကြည်နူးနေပြီး လူအသစ်တယောက်လိုပြောင်းလဲနေတဲ့ပိုင့်ကိုကြည့်ရင်း
"နင်ကတော့ပျော်နေလိုက်တာပိုင်ရယ် ငါ့အချစ်တွေကနင့်ကိုမပျော်စေနိုင်တော့ထင်ပါတယ်ဟာ"

Unpredictable FortuneWhere stories live. Discover now