Chapter 6 unicode

2.1K 131 0
                                    

နန္ဒါ - ဒယ်ဒီရေ သမီးအမှတ်ထွက်ပြီ သမီးအမှတ်ကဟိုမှာတက္ကသိုလ် တက်ဖို့မီတယ် All B ပဲ C+တလုံးပဲပါတာ
နန္ဒါ့ဒယ်ဒီ - congratulations သမီးလေး ဘာလိုချင်လဲ ဒယ်ဒီပြန်လာတဲ့အခါကျရင်လည်းသမီးအတွက်လက်ဆောင်ဝယ်ခဲ့မယ်နော် ဒါနဲ့ ပိုင်ပိုင်ရောဘယ်လိုလဲ
နန္ဒါ - သမီးသူနဲ့မတွေ့ရသေးဘူး သူလာမပြောပြသေးဘူး
တဖက်ခြံမှာတော့.....
ဖြူဖွေး - ပိုင်ပိုင် ဒီနေ့resultရမှာဆို သိရပီလား
ပိုင် - သိရပြီ မနှင်း science တခုပဲ B+ ကျန်တာအကုန် Aရတယ် A+ကတော့English တဘာသာပဲရတယ်
မနက်စာစားပွဲမှာစုံညီပြောနေကြခြင်းဖြစ်သည်။
အန်တီစော - ဖြူဖွေးမသိသေးလို့ ပိုင်ကစာဆိုသိပ်တော်တာ သူ့ကျောင်းရဲ့ ထိပ်တန်းကျောင်းသားထဲကတယောက်ပဲ အဲ့တုန်းကလည်းစာမေးပွဲရှိနေရက်နဲ့ Karate သွားပြိုင်တာလေ။ အာ့ကြောင့်နည်းသွားတာ။
ဖြူဖွေး - ဟယ် ပိုင်ပိုင်ကတော်လိုက်တာ
ပိုင် - ကျောင်းကြောင့်လည်းပါပါတယ်မနှင်းဥ ကျောင်းကနဂိုကတည်းကအဲ့လိုအဖြေကောင်း၂ရအောင်ငယ်၂ကတည်းကသေချာtrainပီးစီစစ်တဲ့ကျောင်းမို့ပါ
ဖြူဖွေး - ဒါပေမဲ့ပိုင်ကဘက်စုံတယ်တာနော် ဟိုနေ့ကမမကြည့်တာတူရိယာတွေလည်းတီးတတ်တယ်နော်
အန်တီစော - သူ့မေမေပေါ့ ပိုင်လေးကိုငယ်၂ကတည်းကအချိန်နဲ့သေချာသင်ပေးထားတာ သူငယ်၂ကဆိုနားချိန်ဆိုတာအိပ်ချိန်ပဲရှိတယ် စာလည်းသင်ရ အိမ်စာတွေလုပ်ရ တူရိယာတွေသင်ရနဲ့ ပီးတော့စာဖတ်တဲ့အလေ့ကျင့်ကိုလည်းလုပ်ပေးထားတာ ဘုရားလည်းရှိခိုးရသေးတယ်
ဖြူဖွေး - ဟင် ပိုင့်မေမေကတော်လိုက်တာ
ပိုင် - မေမေထက်တော်တယ် ကောင်းတယ်ဆိုတဲ့မိန်းကလေးမျိုးကိုဒီကမ္ဘာမှာမတွေ့သေးဘူး
ပိုင့်မျက်နှာညှိုးသွားတာကိုသတိထားမိသည်။ ရုတ်ရက်တိတ်ဆိတ်နေတဲ့စကားဝိုင်းကိုအန်တီစောကဖြိုခွင်းရန်ကြိုးစားလိုက်သည်။
အန်တီစော - ဘာပဲဖြစ်၂ဖြူဖွေးကိုကျေးဇူးတင်ရမယ် စာမေးပွဲကိစ္စသိပီးကတည်းကဖြူဖွေးကဖိဖိစီးစီးနဲ့သေချာဆုတောင်းပေးနေခဲ့တာ သူဆယ်တန်းတုန်းကသူ့အမေလုပ်ပေးခဲ့တာကိုသတိရလို့တဲ့
ပိုင် - ကျေးဇူးတင်ပါတယ် မနှင်း မနှင်းကြောင့်အိမ်မှာလည်းအရင်ထက်စာရင်ပိုပီးအဆင်ပြေလာတာတွေအများကြီးပါ ဒါပေမဲ့မနှင်းအိမ်ကိစ္စပဲလုပ်မနေပါနဲ့ စာပဲလုပ်ပါ ပီးတော့အိမ်အလုပ်တွေကလုပ်မဲ့သူတွေအများကြီး ဒါနဲ့ ဆေးရုံကရောကျပီလား
ဖြူဖွေး - အင်းနောက်လထဲလောက်တော့ကျပီးစဆင်းရတော့မယ်ထင်တယ်
ပိုင် - ပင်ပန်းတော့မှာပေါ့
ဖြူဖွေး - final တုန်းကလောက်တော့မပင်ပန်းလောက်ပါဘူး final တုန်းကဆိုsupplyမထိအောင်မနည်းကြိုးစားခဲ့ရတာ အခုhouse ဆင်းရတာကလူပင်ပန်းတာပဲရှိတာပါ စာအဲ့လောက်မလုပ်ရတော့ဘူးပေါ့
ပိုင် - မနှင်းအဆင်မပြေတာလိုအပ်တာရှိရင်ပြောနော်
နန္ဒါ - ဟဲ့ပိုင်ပိုင် နင်ငါ့ဆီမလာဘဲဘာလုပ်နေတာလဲ
ရုတ်တရက်ကြားလောက်ရတဲ့အသံကြောင့် အကုန်လုံးအသံလာရာကိုကြည့်မိသည်။
အန်တီစော - သမီးနန္ဒါလာလေ ဒီမှာမနက်စာစားသွား မနက်ကပိုင်ထမင်းကြော်စားချင်တယ်ဆိုလို့ ဖြူဖွေးကိုယ်တိုင်ကြော်ထားတာ သမီးအတွက်မနက်စာကိုသမီးနိုးပီးလာမှလုပ်ပေးမလို့
နန္ဒါ ကပိုင့်ကိုပဲစူးစိုက်ကြည့်နေပီး
နန္ဒါ - ဟဲ့ နင်ငါ့မေးတာဖြေဦးလေ
ပိုင် - အော် နင်ကလည်းဖြေး၂ပေါ့ ငါစားနေတုန်းမို့ပါ ငါလာပြောမလို့ဘဲ နင်မနိုးသေးမှာစိုးလို့လေ
နန္ဒါ - နင်ဖုန်းဆက်လို့ရတာပဲ
ပိုင် - အော် ငါကနင်နိုးသွားမှာစိုးလို့ပါ
နန္ဒါ - နင်ဆင်ခြေတွေပေးမနေနဲ့ ပြောနင့်result
ပိုင် - ငါနင့်ကိုemailပို့လိုက်တယ်
နန္ဒါ - ဟင် ဟုတ်လို့လား
နန္ဒါအခုမှemailစစ်ကြည့်မိသည်။ ပိုင်ပို့ထားတာမနက်စောကတည်းကဖြစ်သည်။
နန္ဒါ - ငါ့result ရောနင်မမေးတော့ဘူးလား
ပိုင် - ငါသိပီးပါပီ ငါ့computerထဲမှာနင့်emailဝင်ထားတာလေ အာ့ငါဖတ်ကြည့်လိုက်တယ်
နန္ဒါ - အော် ဒါနဲ့တောင်နင်ကငါ့ကိုအဖက်မလုပ်ဘူးပေါ့လေ
ပိုင် - နင်ကလည်းဟာ ငါပြောပီးပီပဲ နင်နိုးသွားမှာစိုးလို့ပါ ပီးတော့စိတ်လျှော့ပါဟာ မနက်စာစားလိုက်နော်
နန္ဒါ မသိသာဖြူဖွေးကိုမျက်စောင်းထိုးရင်း ပိုင့်ဘေးမှာဝင်ထိုင်လိုက်သည်။
အန်တီစော - ကဲသမီးဘာစားချင်လဲ
နန္ဒါ - pan cake စားချင်တယ်
အန်တီစော - ဟင် အာ့ဒီနေ့မရဘူး စာဖိုမှူးကဒီနေ့ခွင့်ယူထားလို့အန်တီစောချက်မှာ အန်တီစောမလုပ်တတ်ဘူး
နန္ဒါ - ပိုင့် အဲ့ဒါဆိုနင်လုပ်ပေး နင်လုပ်ပေးတာစားချင်တာ
ပိုင် - ငါ အဖေ့ကိုဖုန်းဆက်ဖို့ရှိသေးတယ်ဟာ နင်ကလည်းတခြားဟာစားလိုက်ပါ
နန္ဒါ - မရဘူး နင်ပဲလုပ်ပေးဟာ
ဖြူဖွေး - နန္ဒါစားချင်ရင် မမလုပ်ပေးမယ်လေ မမလုပ်တတ်တယ်
ဖြူဖွေးဝင်ပြောတာကိုဂရုမစိုက်ဘဲ
နန္ဒါ - ပိုင် နင်လုပ်ကျွေးမလားမလုပ်ကျွေးဘူးလား နင်မလုပ်ကျွေးရင်ငါစိတ်ဆိုးပီးကန့်လန့်တိုက်မှာနော်
နောက်ဆုံးမတတ်သာတဲ့အခါ
ပိုင် - အေးပါဟာ ငါလုပ်ပေးပါ့မယ်
စားလက်စထမင်းပန်းကန်ကိုချခဲ့ပီး ပိုင်တယောက်မီးဖိုခန်းထဲဝင်သွားသည်။ နန္ဒါတယောက်အဓိပ္ပါယ်ပါပါပြုံးပီးဖြူဖွေးကိုကြည့်လိုက်သည်။
အသံတိတ်နဲ့သတိပေးလိုက်သလိုပင်.......

Unpredictable FortuneWhere stories live. Discover now