Chapter 3 ( Unicode)

3.2K 146 2
                                    

ပိုင်ညကရောမနက်ကပါအိပ်ရေးပျက်ထားတာကြောင့် အန်တီမေကမနှိုး။
သို့သော် စောစောစီးစီးနန္ဒာတယောက်ဗိုက်အောင့်ပြီးဂျီကျနေသဖြင့်သူနိုးလာရပြန်သည်။
အန်တီမေ - ဟယ် ပိုင်ပိုင် နိုးလာပြီလာ အန်တီမေကတမင်မနှိုးတာ။
ပိုင် - ဟုတ်အန်တီမေ နန္ဒာဗိုက်အောင့်နေလို့လေ အာ့ပျားရည်နဲ့သံပုရာသီးကိုရေနွေးလေးနဲ့လုပ်ပေးပါဦး ဆေးကတော့အခန်းထဲမှာတိုက်ခဲ့တယ်။ ပီးတော့သူစားဖို့မနက်စာကိုစွပ်ပြုတ်လေးလုပ်ပေးပါအန်တီမေ ။ ဒါနဲ့ ဟိုမဖြူဖွေးရောနိုးပီလား
အန်တီမေ - နိုးပီပိုင် သူညကတော်၂နဲ့မအိပ်ဘူး အန်တီမေလည်းသူ့ကိုချော့မော့ပြီးအိပ်ခိုင်းရတယ်
ပိုင် - အန်တီမေလည်းအိပ်ရေးပျက်နေရောပေါ့
အန်တီမေ - ရပါတယ် ပိုင်ရဲ့ ဒီနေ့ကပိုင်လေးဘုရားသွားရမဲ့ရက်မို့အန်တီမေထလာလိုက်တာ နေ့ခင်းမှခနပြန်အိပ်တာပေါ့ကွယ်
ပိုင် - ရပါတယ် အန်တီမေရယ် ပိုင်ကိုယ့်ဘာသာအဆင်ပြေပါတယ်။ ပြီးတော့ကျန်တဲ့သူတွေလည်းရှိနေတာပဲ
အန်တီမေ - မဖြစ်ပါဘူး ဒီလောက်ဇီဇာကြောင်တဲ့ပိုင် အန်တီနဲ့မှရမှာပါ.....အော် ဟိုမှာပြောရင်းဆိုရင်းဖြူဖွေးတောင်နိုးလာပြီ။
ဖြူဖွေးကိုညကနန္ဒာ့ညဝတ်င်္အကျီတထည်ဝတ်ပြီးအိပ်ခိုင်းထားတာဖြစ်သည်။ သူရုတ်တရက်ကြည့်ပြီးနန္ဒါနဲ့တောင်လူမှားမိသည်။
ပိုင် - ကဲ မဖြူဖွေးနေကောင်းရဲ့လား အိပ်ရေးရောဝရဲ့လား မနက်စာစားလိုက်ပါဦး လိုတာရှိရင် အန်တီမေတို့ကိုပြောလိုက်နော်
ဖြူဖွေးမျက်လုံးအဝိုင်းသားနဲ့ခေါင်းညိမ့်သည်။
ပိုင်ပိုင်လည်းနန္ဒါ့ကိုပျားရည်သွားတိုက်ရင်းရေချိုးရန်အခန်းထဲဝင်လာသည်။
နန္ဒါကတော့ဗိုက်အောင့်ပျောက်ပြီးပြန်အိပ်နေသည်။
ပိုင်ရေချိုးပြီးအကျင်္ီလဲကာမနက်စာစားရန်ပြန်ဆင်းလာသည်။
ပိုင် - မဖြူဖွေး စားလို့အဆင်ပြေရဲ့လား
ခေါင်းငြိမ့်ပြသည်။
ပိုင် - ခနနေပိုင်ဘုရားသွားမှာ မဖြူဖွေးလိုက်ခဲ့ချင်လား
အန်တီမေ - ခေါ်သွားလိုက်ပါ သူရောက်ဖူးသွားတာပေါ့ ပြီးတော့သူ့ကိုလိုအပ်တဲ့ဟာတွေဝယ်ပေးလိုက်ဦးနော်
ပိုင် - ဟမ် ပိုင်ကအဲ့လိုအရမ်းမိန်းမဆန်တာတွေကျမသိဘူးလေ အန်တီမေကလည်း
အန်တီမေ - အေး ဟုတ်သားပဲ မေ့လို့ ဟဟ အန်တီမေမလိုက်တော့ပါဘူး ပြီးတော့ပိုင်သွားနေကျstylist မိုးမိုး ရှိနေတာပဲ
ပိုင် - သူကအလုပ်များတယ်အန်တီမေရဲ့ နန္ဒါတယောက်ဒုက္ခပေးတာနဲ့တင်အားနာလှပြီ
အန်တီမေ - ကဲပါ ဒါဆိုလည်းကြည့်ကြပ်လုပ်ပေးလိုက်ပါ
ပိုင်- အန်တီမေ ပိုင်၂ယောက်တည်းမသွားချင်လို့ တော်ကြာသူလမ်းမှာထငိုတာတွေဘာတွေဖြစ်နေမှာစိုးလို့ လိုက်ခဲ့ပါနော် အန်တီမေကလည်း
တကယ်တည်းကအန်တီမေအပြင်ကိုအပျော်သဘောမထွက်တာကြာလို့သူတမင်ခေါ်တာဖြစ်သည်။ ဒါကိုအန်တီမေကလည်းသိသည်။
အန်တီမေ - ကဲပါလိုက်ခဲ့ပါ့မယ်
ခနနေတော့သူတို့စပြီးထွက်ခဲ့သည်။ ဘုရားသွားမဲ့ planကိုဖျက်ပြီး သူ့ရဲ့ stylist မိုးမိုး ဆီထွက်ခဲ့ကြသည်။ မိုး၂ဆီမှာအကြံဥာဏ်တောင်းပြီးမှဝယ်ရမည်။
မိုး- ဟယ် ပိုင်လေးမတွေ့တာကြာပြီ အန်တီမေရောပါလာတာလား လာထိုင်ကြ
ပိုင် - ကဲမာမီမိုးရေ သူ့ကိုဆင်ပေးချင်တာ အကြံပေးပါဦး မြန်မာဝတ်စုံလေးတွေလည်းချုပ်ချင်တယ်
မိုး - ဘာလဲ ပိုင့်အဆက်လား
ပိုင် - မဟုတ်ပါဘူး မာမီမိုးရယ် သူငယ်ချင်းပါ အခုမှအလည်လာတာမို့လို့ ဘာမှပါမလာလို့ပါ
မိုး - ရုပ်လေးကတော့အချောနော် ပြင်လိုက်ရင်လှသွားမှာ ဒါနဲ့ဒို့သမီးနန္ဒာရောမတွေ့ပါလား
အန်တီစော - မနိုးသေးဘူးလေ ထုံးစံအတိုင်း
ဒါနဲ့ပဲ မာမီမိုးကိုယ်တိုင်းယူပြီးကျန်တာဝယ်ဖို့အတွက်ဝယ်ဝတ်သင့်တဲ့ပုံစံမျိုးတွေ မိတ်ကပ်ပစ္စည်းတွေရေးပေးလိုက်သည်။
အန်တီစောတို့ဝယ်နေစဉ် တဆိုင်ပြီးတဆိုင်သူငုတ်တုတ်ထိုင်စောင့်နေသည်။
ဖြူဖွေးတို့ဝယ်ပြီးတဲ့အခါမှသူတို့မာမီမိုးဆီတခေါက်ထပ်သွားသည်။
မာမီမိုးဆီမှာမိတ်ကပ်လာလိမ်းတဲ့မင်းသမီးတယောက်ရောက်နေလေသည်။
ဖြူဖွေးကသူ့ကိုသိပုံပေါ်သည်။ ဖြူဖွေးလိုက်ကြည့်နေသည်။
အန်တီစော - ဖြူဖွေး သူ့ကိုသိလား
ဖြူဖွေးခေါင်းငြိမ့်ပြသည်။
ထိုစဉ်မင်းသမီးမိတ်ကပ်လိမ်းပြီးထလာသည်။
မင်းသမီး - ဟယ် ပိုင်လေး ကြည့်ပါဦးမတွေ့တာတောင်ကြာပြီ ဖေဖေရာနေကောင်းလား
ပိုင်- ကောင်းပါတယ်မမ မမရောနေကောင်းရဲ့လား
မင်းသမီး - ကောင်းပါတယ် ဒီနေ့ရှုတင်ရှိလို့လေ အာ့မာမီဆီအပြေးလာလိမ်းတာ လိမ်းနေကျလူကနေမကောင်းလို့ ကဲ ဒါဆိုမမကိုခွင့်ပြုဦး နောက်မှမင်းသူငယ်ချင်းနဲ့လည်းတွေ့ကြဦးနော်
သူပြောတဲ့သူ့သူငယ်ချင်းဆိုတာမင်းသမီးကသူ့တူမကိုဆိုလိုချင်းဖြစ်သည်။ သူ့တူမကငယ်ငယ်ကတည်းကပိုင့်ကိုသံယောဇဉ်ရှိပြီးကြီးလာတော့ကြိုက်သည်။ နန္ဒါ့ကြောင့်သာကပ်မရဖြစ်နေခြင်းဖြစ်သည်။
ပိုင့်ကိုကြည့်ပြီးဖြူဖွေးအံ့ဩနေပုံရသည်။ နာမည်ကြီးမငိးသမီးတယောက်ကလာနှုတ်ဆက်တာကဘယ်သူ့အတွက်မဆိုအံ့ဩစရာဖြစ်မည်။
မာမီးမိုးဖြူဖွေးကိုမိတ်ကပ်လိမ်းနည်းသင်ပေးသည်။ အဝတ်အစားတွေဆင်ပေးလိုကါသောအခါ နဂိုကတည်းကကြည့်ကောင်းသောဖြူဖွေးလှနေသည်။
အန်တီစော- ဟယ် လှလိုက်တာ ကြည့်ပါဦးပိုင်ရေ မာမီမိုးလက်ရာ
ပိုင်ပြုံးပြီးကြည့်နေမိသည်။
မာမီမိုး - ပိုင်ကဝယ်တတ်လို့လည်းပါပါတယ်
ပိုင်ဖုန်းမြည်လာသည်။
နန္ဒာ - ပိုင် နင်ဘယ်မှာလဲ ငါအိပ်ယာနိုးတာနင့်ကိုမတွေ့လို့ အိမ်ကလူတွေကိုမေးတော့နင်ကောင်မလေးတယောက်နဲ့အန်တီစောနဲ့ထွက်သွားတယ်ဆို ဘယ်သူလဲအဲ့ကောင်မလေးက
ပိုင် - ဒယ်ဒီ ခိုင်းထားတဲ့ကိစ္စရှိလို့ပါ ကောင်မလေးကဒယ်ဒီ့ဧည့်သည်ပါ ပြီးတော့ငါအခုပြန်လာနေပြီ နင်ကြိုက်တဲ့မနက်စာလုပ်ထားခိုင်းထားတယ် စားလိုက်ဦးနော်
ပိုင်လည်းမာမီမိုးကိုကျသင့်ငွေရှင်းပြီးအိမ်ပြန်ရန်ပြင်လိုက်သည်။
ပိုင် - မာမီမိုး ပိုင်ကဒ်နဲ့ရှင်းလိုက်မယ်နော်
မာမီမိုး - ရတယ် ပိုင် စက်ကပြန်ပြင်ထားပြီးပြီ ကလေးတွေ ဘောက်ချာလုပ်ပေးကြပါဦးကွယ်
ကျသင့်ငွေကိုကြည့်ပြီးဖြူဖွေးမျက်လုံးပြူးနေသည်။
၃၂သိန်း။
ပိုင်ဖုန်းထပ်ဝင်လာသည်။
ပိုင် - ဟုတ်ကဲ့ ပိုင်တို့ပြန်လာနေပြီ ဟုတ်ပြီ အိုကေ
အန်တီစော ဖေဖေ့ရဲ့secretary ဖုန်းဆက်တယ်။ ဖေဖေလေဆိပ်ရောက်ပီတဲ့။ အိမ်မှာတွေ့မယ်တဲ့ ။

Unpredictable FortuneWhere stories live. Discover now