Chapter 9

2K 119 0
                                    

အဖြစ်ပျက်အားလုံးကိုပြောပြရင်းပိုင်တယောက်ဒေါသလည်းမထွက်သလိုဝမ်းလည်းနည်းသည့်ပုံမပြ။ ပုံမှန်ဆိုဒေါသအရမ်းထွက်ပီးသူနဲ့ပတ်သက်လာလျှင်တခုမီဆတ်ဆတ်ထိမခံနိုင်သည့်သူ။
နန္ဒါကသူ့ကိုပုံမှန်လိုဆိုးပစ်လိုက်ဖို့စဉ်းစားထားပေမဲ့ အခုလိုပုံစံမျိုးကိုတုန့်ပြန်ရခက်နေလေသည်။
နန္ဒါရုတ်တရက်အကြံရပြီးပိုင့်ကိုပြေးဖက်ရင်းငိုလိုက်သည်။
နန္ဒါ - ပိုင်ရယ် ငါတောင်းပန်ပါတယ်ဟာ အဲ့နေ့ကငါအရမ်းမူးနေလို့ပါဟာ ပီးတော့သူအတင်းကြပ်လုပ်လို့ပါဟာ နောက်မဖြစ်စေရပါဘူး
ပိုင် - ထားလိုက်ပါတော့ဟာ ငါ့လိုဘောပြားတယောက်ကိုနင်ဘာတွေတောင်းပန်နေတာလဲ
နန္ဒါ - အာ့သူပြောတာပါဟာ
ပိုင် - ငါပြန်မငြင်းချင်တော့ပါဘူး ပြီးတော့ငါနဲ့နင်နဲ့ကဘာမှမှမဟုတ်တာနင်ပြောသလိုပဲလေ
ပိုင် သူ့ကိုဖက်ထားတဲ့နန္ဒါ့လက်ကိုဖြုတ်ချလိုက်ပြီးနန္ဒါ့ဖုန်းကိုကိုင်လိုက်သည်။
နန္ဒါ - နင်ဘာလုပ်မလို့လဲ
ပိုင် - ငါ့ဖုန်းခနလောက်ခေါ်ချင်လို့
နန္ဒါ - ဘယ်သူ့ကိုလဲ နင်ဘာလုပ်မလို့လဲ
ပိုင် နန္ဒါ့မျက်နှာနဲ့password ဖွင့်လိုက်ပြီး ဖုန်းcontactကိုဖွင့်ကာတိုနီ့ကိုဖုန်းဆက်လိုက်သည်။
နန္ဒါ ကဖုန်းကိုလှမ်းတားသော်လည်းပိုင့်ဆံကလုမရ။
တိုနီ - ဟယ်လို Natalie ပြောလေ ဘေဘီ ကျောင်းတက်မဲ့ကိစ္စလား
ပိုင် - မဟုတ်ပါဘူးတိုနီ ငါပါ ပိုင် ပါ မင်းအခေါ်ဆိုရင်ဘောပြားပိုင်ပေါ့ကွာ
တိုနီ - ငါတောင်းပန်ပါတယ်ကွာ အဲ့နေ့ကငါတို့မူးနေကြလို့ပါ ပီးတော့Natalie ပြောတာတွေကိုမင်းအထင်လွဲပီးငါ့ကိုစိတ်မဆိုးပါနဲ့ကွာ
ပိုင် - မင်းငါ့ကိုမတောင်းပန်ပါနဲ့ မင်းကြောင့်အလုပ်ပြုတ်သွားရှာတဲ့clubကဝန်ထမ်းလေးကိုမင်းတာဝန်ယူပေးလိုက်ပါ အလုပ်ခန့်ချင်လည်းခန့် မင်းယုံတယ်ဆိုရင်ပေါ့ ငါမင်းကိုဆက်ရတဲ့အကြောင်းရင်းက ငါနဲ့နန္ဒါ....အော် မင်းရဲ့ဘေဘီ Natalie နဲ့ငါကဘာမှမဟုတ်ဖူး ငယ်သူငယ်ချင်းတွေပါပဲ သူကstraight တယောက်ပါ မင်းကိုအဲ့ဒါလှမ်းပြောတာ ဒါကြောင့်မို့သူ့ကိုအထင်မလွဲပါနဲ့
တိုနီ - မဟုတ်ပါဘူးကွာ ငါကသူငယ်ချင်းအချင်း၂ စတာပါကွာ မင်းချစ်သူကိုငါလုပ်စရာမရှိပါဘူး prank လုပ်တာပါbroရာ
ပိုင်ဖုန်းချလိုက်သည်။ နန္ဒါတယောက်ဒေါသထွက်ပြနေသည်။
နန္ဒါ- ပိုင် နင်စိတ်လျှော့ပါတော့ဟာ ငါတောင်းပန်ပါတယ်နော် ငါပြီးတော့အခုလိုဖြစ်တာလည်းတမင်မဟုတ်ပါဘူးဟာ
ပိုင် - နင်သွားတော့နန္ဒါ နင်သွားလိုက်တော့
နန္ဒါ ပိုင့်ရဲ့ဒေါသကိုသိတာမို့ ခေါင်းလည်းမမာချင်တော့ဘဲထွက်လာရသည်။
အန်တီစောကအဝကနေပြီးအခြေနေစောင့်ကြည့်နေသည်။ နန္ဒါငိုပြီးထွက်သွားတော့အားလုံးကတိတ်တဆိတ်ကြည့်နေရသည်။ အန်တီစောလည်းမတတ်သာ။
ညရောက်တော့အန်တီစောတံခါးခေါက်သည်။ အသံမကြား။ ဒါနဲ့ဖြူဖွေးလည်းသွားပြီးခေါက်သည်။ သို့သော်ဘာမှမထူးခြား။
ဖြူဖွေး အကြံရပြီးဖုန်းဆက်ကြည့်သည်။ ဒီတော့မှဖုန်းကိုင်သည်။
ပိုင် - ဟယ်လို မနှင်း
ဖြူဖွေး - ပိုင် အခုအခန်းထဲမှာလား မမတို့တံခါးခေါက်တာမရလို့
ပိုင်တံခါးလာဖွင့်သည်။
ပိုင် - ဆောတီးပဲ ပိုင်အိပ်ပျော်သွားတယ်
အန်တီစော - ဒီမှာသွားလှူမဲ့ဟာတွေရပြီလို့လာပြောတာ
ဖြူဖွေး - ပိုင်ပင်ပန်းနေရင်နားလိုက်လေ မမလုပ်လိုက်မယ်
ပိုင် - ရပါတယ် မမ ပိုင်အိပ်ရေးဝနေပါပီ ရေချိုးပြီးထွက်ခဲ့လိုက်မယ်လေ မမလည်းready လုပ်ထားလိုက်နော် အန်တီစောကတော့ချက်ထားရတော့ပင်ပန်းနေမှာမလိုက်နဲ့တော့နော်
တခနကြာတော့ပိုင်နဲ့ဖြူဖွေးအိမ်ကနေထွက်လာသည်။
Homeless တွေရှိနိုင်မဲ့နေရာတွေကိုလမ်းမှာမေးမြန်းပြီးသေချာလိုက်လှူပေးသလို စည်ပင်ကသန့်ရှင်းရေးဝန်ထမ်းတွေကိုလည်းဝေနေသည်။
ဖြူဖွေး - ရန်ကုန်ကညဘက်တွေလည်းစည်တယ်နော်
ပိုင် - ဟုတ်တယ် မနှင်း အခုလို သောကြာညမျိုးဆိုရင်ပိုစည်တယ် မနှင်းကအရင်ကရန်ကုန်မရောက်ဖူးဘူးလား
ဖြူဖွေး - ဟင့်အင်း လေဆိပ်လာတဲ့တခါပဲရောက်ဖူးတာ မမကငယ်၂ကတည်းကအပြင်လည်းသိပ်မထွက်ဘူး အဝတ်အစားကအစပဲ အမေကအကုန်ထိန်းချုပ်ထားတာ စာကလွဲရင်ဘာမှမလုပ်ရဘူးလေ မိတ်ကပ်တောင်မှအရင်တုန်းကအခုလောက်မပြင်တတ်ဘူး ဟိုနေ့ကပိုင်လိုက်လုပ်ပေးမှပဲပိုပြင်တတ်ပိုဝတ်တတ်သွားတာ အာ့ကြောင့်ဒီနှစ်ကိုဖေဖေကအလည်ခရီးလိုက်ပို့ပေးခဲ့တာပေါ့ ဒါပေမဲ့လည်းတွေးမိတယ် မသွားခဲ့ရင်ကောင်းမှာပဲလို့ အာ့ဆိုရင်......
ပျက်သွားတဲ့ဖြူဖွေးမျက်နှာကိုပိုင်အကဲခတ်လိုက်သည်။
ပိုင် - မနှင်း ညစာစားပြီးပီလား ပိုင်ဗိုက်ဆာတယ်
ဖြူဖွေး - ဟုတ်သားပဲ ပိုင်မှမစားရသေးတာ အိမ်ပြန်စားကြမယ်လေ
ပိုင် - အိမ်တော့မပြန်တော့ပါဘူး မနှင်းလည်းရန်ကုန်ညမလည်ဖူးသေးဘူးဟုတ် လာပိုင်နဲ့မုန့်တူတူစားကြမယ်
ဖြူဖွေး - ဟင် ဘာစားမှာလဲ....
သူတို့ဝက်စားတုတ်ထိုးဆိုင်ကိုရောက်သွားသည်။
၂ယောက်သားမုန့်စားပြီးပြန်ထွက်လာစဉ် ရုတ်တရက်ကားတစီးခပ်ကြမ်း၂ဖြတ်မောင်းသွားသည်။ ကားကဖြူဖွေးကိုဖြတ်တိုက်သွားသော်လည်း ပိုင်ဆွဲပီးတွန်းထုတ်လိုက်တဲ့အတွက် ကားကပိုင်ကိုတိုက်မိလေသည်။
ဒုန်း.......
ဟာ......

Unpredictable FortuneWhere stories live. Discover now