Chapter 5 Unicode

2.4K 132 0
                                    

နန္ဒါရေကူးကန်ထဲမှာထိုင်ရင်းပျင်းနေမိသည်။ pool party ကျင်းပနေသော်လည်း စိတ်ထဲမှာတခုခုလိုနေသလို။ ဒါကသူ့အတွက်ဒီတပတ်ထဲမှာ၃ကြိမ်မြောက်partyပါ။ ပထမအကြိမ်တုန်းကတော့အရမ်းပျော်ပေမဲ့ နောက်တော့ပျင်းလာသည်။ အထူးသဖြင့် တော်မီကအရမ်းကိုစိတ်ရှုပ်ဖို့ကောင်းသည်။ သူမူးလာတဲ့အခါမျိုးမှာပေါ့။ အစကတော့ တော်မီနဲ့နေရတာအပျင်းပြေသလိုလိုရှိပေမဲ့ စိတ်ထဲမှာမလုံခြုံသလိုခံစားလာရသည်။
အခုလည်းတော်မီရောက်လာပြန်သည်။
တော်မီ - ဟေ့ nat နင့်BDအတွက်ဘယ်မှာလုပ်မှာလဲ ဘာစီစဉ်ထားလဲ
နန္ဒါ - မသိသေးဘူး ပုံမှန်ကdaddyပဲစီစဉ်ပေးတာ အခုမွေးနေ့မှသာdaddyကငါ့ကိုဆုံးဖြတ်ခိုင်းတာဆိုတော့
တော်မီ - လာ ငါတို့ရေသွားကူးရအောင်
နန္ဒါ - တော်ပီ ငါထိုင်ချင်သေးတယ်
တော်မီ - လာပါဟာနင်ကလည်း
ပြော၂ဆို၂နဲ့တော်မီနန္ဒါ့ကိုရေထဲဆွဲချလိုက်သည်။ နန္ဒါရေမွန်းသွားပြီးရုတ်တရက်shockဖြစ်သွားသည်။ တော်မီ့ကိုလည်းရေထဲဆွဲနှစ်ထားမိသည်။ မူးနေသည့်တော်မီကလည်းဆွဲထားတဲ့အရှိန်နဲ့ပါရေပြန်မကူးနိုင်။ ကျန်တဲ့သူများကလည်းသီချင်းသံကြောင့်အာရုံမရသလို life guardကလည်းtoilet ခနသွားနေသည်။ မြင်တဲ့သူငယ်ချင်းတွေကလည်းသူတို့ဆော့နေတာလို့ပဲထင်နေကြသည်။
နန္ဒါရုန်းရင်ရပ်သွားသည်။ ခဏကြာသော်
နန္ဒါသတိပြန်လည်လာသည်။ နောက်ဆုံးမှတ်မိတာကသူပိုင့်မျက်နှာကိုမြင်လိုက်တာပဲ။
ဘေးမှာပိုင်နဲ့အန်တီစောအပါဝင် ဖေဖေ့တပည့်များလည်းရှိနေသည်။
ပိုင် - နန္ဒါနင်သတိရလာပြီလား
နန္ဒါ - ပိုင် နင်ပြန်ရောက်နေပီလား ငါရောဘာဖြစ်သွားတာလဲ
အန်တီစော - သမီးသူငယ်ချင်းက သူပြန်ရောက်တော့သမီးpool Party လုပ်တာတွေ့တာနဲ့သမီးအိမ်ဘက်ကိုကူးလာတာအဲ့အချိန်မှာသမီးရေနစ်နေတာကိုသူတွေ့တာနဲ့ဆင်းကယ်လာတာ။ သမီးအသက်ပြန်ရှူအောင်လုပ်ပီးအိမ်ပြန်ခေါ်လာတာ။ ခနကပဲဆရာဝန်ကြီးဆေးလာထိုးပေးသွားတယ် ။
ပိုင် - နင်အခုနေသာပြီလား
နန္ဒါပိုင့်ကိုကြည့်ရင်းပြောလိုက်သည်။
နန္ဒါ - နင်ငါ့ကိုထားသွားလို့ဖြစ်တာ နင်ဘာလို့ကြာနေတာလဲခရီးသွားတာ
ပိုင် - အေးပါ ငါတောင်းပန်ပါတယ် ရော့နင့်အတွက်လက်ဆောင်
နန္ဒါ - ဟယ် လှလိုက်တဲ့ပုလဲလုံးလေး
ပိုင် - ငါကိုယ်တိုင်ရေငုတ်ရှာလာတာ နင်ကြိုက်ရင်ပီးရော
ပိုင့်ဖုန်းထဲကိုmsgတစောင်ဝင်လာသည်။
ပိုင် - နန္ဒါ အာ့ဆိုငါပြန်လိုက်ဦးမယ်နော်
နန္ဒါ - ဟင် နင်ကလည်းနေပါဦးဟာ
ပိုင် - ငါအလုပ်လည်းရှိသေးလို့ပါ ငါအားရင်ပြန်လာခဲ့မယ်နော်
နန္ဒါ - ငါရောလိုက်ခဲ့မယ်လေ
ပိုင် - နင်နေမှမကောင်းဘဲ အေးဆေးနားပါ
နန္ဒါ - မရဘူး အန်တီစောစွပ်ပြုတ်လုပ်ပေး ငါနင့်အိမ်မှာလိုက်အိပ်မှာ
ပိုင် - ကဲ ဒါဆိုလည်းလိုက်ခဲ့
သူတို့ဟိုဘက်ခြံပြန်ကူးလာကြသည်။
ပိုင်တို့အိမ်အဝရောက်လာသောအခါ မိန်းကလေးတယောက်ထွက်လာသည်။
ကောင်မလေး - ပိုင်ပိုင် အမထမင်းခူးလိုက်ရတော့မလား
ပိုင် - ဟုတ် မနှင်း ပိုင်ခနနေလာဆင်းစားမယ်နော် အခုခနအပေါ်တက်လိုက်ဦးမယ်
အန်တီစော - ဖြူဖွေးလေးကလိမ္မာလိုက်တာ အဖော်ကိုရနေတာပဲ
အခန်းထဲကရောက်တာနဲ့နန္ဒါမေးသည်။
နန္ဒါ - သူကဘယ်သူလဲ ဘယ်ကလဲ
ပိုင် - သူ့နာမည်ကနှင်းဥဖြူဖွေးတဲ့ သူ့အဖေကဒယ်ဒီ့companyကအရာရှိတယောက်ပဲ သူ့မိဘတွေကပဲရစ်ပစ်ခတ်မှုမှာမိသားစုအလည်သွားရင်းဆုံးသွားတာ။ သူကonly child ဆွေမျိုးလည်းမရှိဘူး။ သူ့အိမ်မှာမိဘပိုက်ဆံတွေရယ် ပြီးတော့အာမခံပိုက်ဆံတွေရယ်နဲ့တယောက်တည်းနေလို့စိတ်မချရလို့ ။ ပြီးတော့သူမိဘတွေကon the spot ဖြစ်သွားတော့သူshockရနေတာနဲ့ဒယ်ဒီကခေါ်ထားတာ။ တာဝန်ကတော့ငါပဲယူရတာပေါ့။ သူကဒီကမဟုတ်ဖူး မန်းလေးမှာသူ့အိမ်က။ သူကဆေးကျောင်းတက်နေတာ final part 2 ပြီးထားတာ။ အလုပ်သင်ဆင်းတော့မှာ။ အခုလည်းသူကျောင်းနားတုန်းဖြစ်တာ။
နန္ဒါ - နင်ဘာလို့သူနဲ့အဲ့လောက်ရင်းနှီးနေတာလဲ အရင်ကတည်းနင်ဦးလေးကိုကူညီပေးနေတာပါ အဲ့လောက်မရင်းနှီးပါဘူး အခုကထမင်းခူးကျွေးတယ်ဆိုတော့ငါက နင်တို့အိမ်ကိုလူသစ်ရောက်တယ်ထင်တာ
ပိုင် - နင်ကတော့လုပ်ပီ သူကငါ့အမဆိုလည်းမမှားဘူးဟ
နန္ဒါ - ဟင်ဘာလို့လဲ
ပိုင် - သူ့ကို Hongkong မှာနေတဲ့ငါ့မေမေဘက်ကဦးလေးကမွေးစားလိုက်ပြီ။ သူကလည်းဆရာဝန်ပဲလေ။ နင်သိပါတယ် ငါ့ကိုအရမ်းချစ်တဲ့ဦးRichard လေ။ ဒီတခါခရီးသွားတာသူရောပါလာတယ်။ သူကအစကငါ့ကိုပဲအဖေ့ဆီကတောင်းနေတာ အခုတော့သူ့မိန်းမကမနှင်းကိုချစ်လို့မွေးစားချင်လို့ဆိုတော့ အတော်ဖြစ်သွားတာ။ သူတို့လင်မယားနဲ့တောင် ဒီညhot pot သွားစားမလို့။ နင့်ကိုရောခေါ်နေတာ ငါအာ့လာပြောတုန်းနင်ရေနစ်နေတာနဲ့ငါမပြောဖြစ်တာ။ အခုတော့ဖျက်လိုက်ပါပီ။
နန္ဒါ - ဟင် အာ့ဆိုခရီးသွားတုန်းကသူပါသွားတယ်ပေါ့
ပိုင် - အေးဟုတ်တယ် သူပျင်းနေမှာစိုးတာနဲ့ ဒယ်ဒီကခေါ်ခဲ့ခိုင်းလို့
နန္ဒါ - နင်ငါ့ကိုဘာလို့မပြောတာလဲ ပြီးတော့ငါ့ကိုဘာလို့မခေါ်တာလဲ
ပိုင် - ငါတို့ကအလုပ်နဲ့သွားတာဆိုတော့နင်ပျင်းနေမှာစိုးလို့ပါဟာ ပီးတော့အရေးမကြီးလို့ငါမပြောဖြစ်တာပါ
နန္ဒါ - သူကမန်းလေးဘယ်တော့ပြန်မှာလဲ
ပိုင် - မပြန်ဖြစ်လောက်တော့ဘူးဟ။ သူ့ကိုအန်ကယ်richardကရန်ကုန်မှာပဲနေခိုင်းတော့မှာ။ ဟိုမှာစိတ်မချလို့လေ။ သူ့ကိုသူတို့ဝယ်ထားတဲ့condoမှာနေခိုင်းမယ်ပြောတယ် ။ နင်သိတဲ့အတိုင်းပဲ အန်ကယ် Richard ကဆေးပညာအသိုင်းဝိုင်းမှာနာမည်ရှိတော့ သူ့ကျောင်းကိစ္စဘာညာပြောင်းရွေ့တာအဆင်ပြေတယ်။ ငါတို့ကျောင်းတွေလို့မြန်မာကျောင်းတွေကမလွယ်ဘူးဟ။
နန္ဒါ ပိုင့်ကိုစိုက်ကြည့်နေမိသည်။
နန္ဒါ - နင်ဘာလို့သူ့အကြောင်းအဲ့လောက်သိနေရတာလဲ။
ပိုင်မျက်နှာပျက်သွားပြီး
ပိုင် - ငါ့အမပဲဟ မိသားစုအနေနဲ့ငါ့မှာလည်းတာဝန်ရှိတယ်လေ။
တံခါးခေါက်သံနဲ့အတူ
အန်တီစော - ပိုင်ရေ ထမင်းစားမယ်ဟေ့ နန္ဒါ့အတွက်စွပ်ပြုတ်လည်းရတော့မယ်နော်
ပိုင် - ကဲ နန္ဒါသွားကြရအောင်
နန္ဒါ့အတွေးထဲမှာတော့
အင်း သူတို့ကမိသားစုတွေပဲလေ ပြီးတော့ပိုင်ဆိုတာအမြဲငါနိုင်ရတဲ့သူပဲ သူကငါ့ကိုပဲအမြဲဦးစားပေးမေတာပဲ ပူစရာမရှိပါဘူး။
.......................

Unpredictable FortuneWhere stories live. Discover now