လေးငယ်(3)(Z+U)

3.9K 409 25
                                    

နံနက်စာ ထမင်းစားဝိုင်းတွင် လေးငယ်နှင့်Baekhyun ဆုံဖြစ်ပါသည်။

''သားBaek!''

''ဟုတ် လေးငယ်...! ဘာလိုချင်လို့လဲ...''

''မလိုချင်ပါဘူး! သားကိုပြောစရာရှိလို့... လာမဲ့ Sandayကျရင် သားMommyနဲ့ Daddyတို့ ပြန်လာမယ်တဲ့...''

''အပြီးတဲ့လား လေးငယ်...''

''သားBaek...! အဲ့ဒါက...''

''အဟက်! ကျွန်တော်သိပါတယ်... ခဏပြန်လာတာမလား...''

''သားလိုချင်တာ ဖုန်းဆက်မှာပါတဲ့... သားဖုန်းမကိုင်လို့ လေးငယ်ကို ပြောခိုင်းတာ..''

''ကျွန်တော် လိုချင်တာကို Mommyတို့ မပေးနိုင်ပါဘူး လေးငယ်ရာ...''

''ပြီးတော့ လေးငယ်ကိုမေးတယ်...! သားမှာ ချစ်သူရှိနေပြီလားတဲ့...''

''လေးငယ် ဘယ်လိုဖြေလိုက်လဲ...''

''ချစ်သူမကျ သူငယ်ချင်းမကျတာတော့ ရှိမယ်ထင်လို့ ဖြေလိုက်တယ်...''

''………………''

''သားBaek!''

''ပြောပါ လေးငယ်...''

''သားက ငယ်သေးတယ်နော်...! ပညာရှာရမဲ့အရွယ်မှာ ပညာပဲရှာပါ...''

''ဟုတ်...! သားနားလည်ပါတယ် လေးငယ်...''

''Kim Jonginဆိုတဲ့ကလေးနဲ့ အသွားအလာ အနေအထိုင် ဆင်ချင်ပါ... သားကိုလေးငယ် အဲ့ဒါပဲပြောချင်တယ်..''

''ကျွန်တော်တို့က ငယ်သူငယ်ချင်းတွေပါ ရိုးသားပါတယ် လေးငယ်ရယ်... ''

''အွန်းပါ လေးငယ်နားလည်ပါတယ်... လေးငယ်တို့လူကြီးခြင်း မျက်နှာပျက်စရာတွေ မဖြစ်ချင်ဘူး...''

''ကျွန်တော်မှတ်ထားပါ့မယ်... သွားတော့မယ် လေးငယ်... ညနေ ဆိုင်ကိုပဲလိုက်လာခဲ့မယ်...''

''Ok..! သားဆိုင်ကိုလာမှ လေးငယ်တို့အတူတူ အိမ်ပြန်ကြတာပေါ့...''

''ဟုတ်..! သွားပြီ...Bye Bye''

တူတော်မောင်က သူ့ကို နှုတ်ဆက်ပြီး ထွက်သွားခဲ့ပြီမို့ သူလည်း ထမင်းစားခြင်းကို မြန်မြန်လက်စသတ်လိုက်ပြီး ဆိုင်သို့ ထွက်လာခဲ့ပါသည်။

°~°~°~°~°~°~°~°~°~

''Baekhyun...!''

''သြော် Jongin... မင်းရောက်လာပြီလား...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now