လေးငယ်(Double update)(Z+U)

4K 381 63
                                    

Junmyeonတို့လည်း ဘယ်လိုဟာလေး မွေးထားပါလိမ့်...

ပြောတော့ဖြင့် ကိုယ့်ဘက်ကိုကြည့် နားလည်မပေးခဲ့မိလို့ အားနာတယ်တဲ့... ကလေးစုတ်က အဆုံးထိကို သူ့ဘက်ကို မကြည့်ပဲ လုပ်သွားခဲ့တာ...

ဘာစကားမှ ပြောခွင့်မပေး ဘာမှလည်း ညှိနှိုင်းခွင်မပေးပဲ ကွာရှင်းစာချုပ်လေးတစ်ရွက်နဲ့ ပြီးဆုံးသွားခဲ့ရအောင် သူ့အချစ်က အဲ့လောက်ထိ အပေါစားမဆန်ခဲ့ဘူး...

ရှေ့မကြည့် နောက်မကြည့် မစဉ်းမစား မဆင်မခြင်လုပ်တတ်သည့် ခွေးဆိုးလေးကို တွေ့မှ သုံးချက်လောက် ဆင့်ခေါက်ပစ်လိုက်ပါဦးမည်။

နယ်မြို့လေးထဲဝင်လာတော့ ညဆယ့်နှစ်နာရီခွဲတော့မည်။

တနေရာမှ မနားပဲ မောင်းလာခဲ့ရလို့ ပင်ပန်းနေပါသည်။

''Hunnie...! ညတွင်းချင်းကြီးကွယ်... လာ..လာ...! အထဲဝင်...''

''အခုအချိန်မှ အဒေါ့်ကို လာနှိုးရတာ အားနာပါတယ်...''

''မဟုတ်တာ...! မလိုပါဘူးကွယ်...! မဟုတ်ရင်တောင် အဒေါ်က မနက်ဖြန်လောက် Hunnieကို ဖုန်းဆက်ခေါ်တော့မလို့...''

''ဟိုကောင်လေးရော ဒေါ်ဒေါ်...''

''အနောက်ဘက်က အဆောင်လေးမှာရှိတယ်... အဒေါ်လိုက်ပို့ပေးရမလား...''

''အာ____ရပါတယ် အဒေါ်နားပါတော့... ကျွန်တော်ဝင်သွားလိုက်ပါ့မယ်...''

''အေး...အေး.... ဝင်သွားလိုက် Hunnie...! အဲ့ကလေးဆီမှာ အိပ်ယာအဝတ်အစားအပိုရှိတယ် တောင်းလိုက်နော်...'

''ဟုတ်ကဲ့ အေးအေးချမ်းချမ်း အနားယူပါ အဒေါ်...''

''အေး...! အေး... အဲ့ဒါဆို မနက်မှတွေ့မယ်... Hunnie...''

''ဟုတ်ကဲ့...''

Junmyeonမေမေ Jonginရဲ့အဖွားကို အရိုအသေပေးနှုတ်ဆက်ကာ အနောက်ဘက် အဆောင်လေးသို့ လှမ်းလာခဲ့ပါသည်။

°~°~°~°~°~°~°~°~°~°~

|knock...! knock...|

''Kim Jongin.....''

|knock....! knock....!|

''Kim Jongin.....''

သူ့နာမည်ကိုခေါ်ပြီး တံခါးလာခေါက်နေသည့်အသံကြောင့် ဆိုဂျူးသောက်ပြီး အိပ်ပျော်သွားတဲ့ Jongin နိုးလာခဲ့ပါသည်။

လေးငယ်(လေးငယ်)(completed)Where stories live. Discover now