လေးငယ်ရဲ့ဆိုင်အရှေ့ကိုရောက်တော့ နေ့လယ်စာစားချိန်ရောက်နေပြီ
သူတက္ကစီပေါ်ကဆင်းလိုက်ပြီး လေးငယ်ရဲ့ဆိုင်ထဲသို့ ဝင်လာခဲ့ပါသည်။
''လေးငယ်ရှိလား မင်ဝူ..''
''အစ်ကိုလေး...မတွေ့တာကြာပြီ...! သူဌေးမရှိဘူး...! အပြင်သွားလိုက်တယ်...''
နေ့လည်စာ ထမင်းချိုင့်လေးကို မ'ကြည့်လိုက်ပြီး စိတ်ညစ်သွားသည်။
''ကြာမှာလားနော်...''
''အဲ့ဒါတော့ မပြောတတ်ဘူး...! သူ့မိတ်ဆွေနဲ့ ငါးမျှားသွားတယ်ဆိုလား... မိုးချုပ်မယ်ထင်တယ်...''
''အာ_____ အဲ့ဒါဆို နေ့လယ်စာ ဒီထမင်းချိုင့်လေးကို မင်းတို့ကိုပဲ ပေးခဲ့တော့မယ်...! စားပေးကြပါနော်...''
''အားနာစရာ အစ်ကိုလေးရယ်... ကျွန်တောတို့ ကောင်းကောင်းစားပါ့မယ်... သူဌေးပြန်လာရင် ဘာပြောပေးရမလဲ...''
'' ကျေးဇူး မင်ဝူ... ဘာမှမပြောပါနဲ့... ကိုယ်ပြန်ပြီနော်''
''ကောင်းကောင်းပြန်ပါ အစ်ကိုလေး...''
°~°~°~°~°~°~°~°~°~°~°~
သူလေးငယ်ရဲ့ဆိုင်ကပြန်လာတော့ အိမ်မပြန်ချင်သေး၍ Appaရဲ့ ကုမ္ပဏီဘက် ထွက်လာခဲ့ပါသည်။
''ရော့...ကော်ဖီ! ဘယ်ကဘယ်လိုမျက်စိလည်လာတာလဲ သားငယ်...''
Appaက သူ့ဆီသို့ ကော်ဖီခွက်လေး ကမ်းပေးရင်း မေးသည်။
''ဒီလိုပါပဲ... လေးငယ်ဆီ နေ့လယ်စာလာပို့ပေးတာ...! ဒါပေမဲ့ လေးငယ်ဆိုင်မှာမရှိဘူး...! သူ့အသိနဲ့ ငါးမျှားသွားတယ်ဆိုလား မိုးချုပ်မှပြန်ရောက်မယ်ထင်တယ်... အဲ့ဒါနဲ့ အိမ်မပြန်ချင်သေးလို့ Appaဆီ လှည့်ဝင်လာခဲ့တာပါ... ပြီးတော့ ဟိုတနေ့ ကျွန်တော်ပြန်သွားတုန်းကလည်း နှုတ်မဆက်ခဲ့ရဘူးလေ...''
''သားအိမ်ပြန်သွားတာ အဆင်ရောပြေရဲ့လား...''
''အဟင်း.... ကျွန်တော်က အပြစ်လုပ်ထားတာပဲ Appa...''
''လေးငယ်ကိုရော တောင်းပန်လိုက်ရဲ့လား...သား..!''
''အိမ်ပြန်ရောက်ကတည်းက ကျွန်တော်တောင်းပန်ထားပါတယ်''