လေးငယ်(47)(Z+U)

3.7K 393 75
                                    

''ဒီနေ့ညတော့ Ommaကို တညလောက်ငှားပေးပါ Appa...!''

သားတော်မောင် တစ်ခုခုဖြစ်လာမှန်း Yixingရိပ်မိပါသည်။

''တညပဲနော် သား! Appaက မင်းOmmaနဲ့ ခဏလေးတောင် ခွဲနိုင်တာမဟုတ်ဘူး''

''Yebo...! ကလေးကို ဘာတွေပြောလျှောက်ပြောနေတာလဲ...''

''ရပါတယ် Ommaရဲ့...အဟင်း..ဟင်း...''

''ကဲ မင်းတို့သားအမိတွေ ဒီအခန်းထဲမှာအိပ်! ကိုယ်က တခြားအခန်းမှာ သွားအိပ်မယ်... သားအမိတွေ ညဥ့်နက်တဲ့အထိ စကားတွေပြောမနေနဲ့နော် စောစောအိပ် ကြားလား...!''

''ဟုတ်ကဲ့ Appa! Good nightပါ...''

ဖခင်ဖြစ်သူက သူတို့သားအမိကိုထားခဲ့ပြီး အခန်းထဲမှ ထွက်သွားခဲ့ပါသည်။

''ကဲ...တို့သားအမိလည်း အိပ်ကြစို့...!''

''Omma.......''

မိခင်ဖြစ်သူရဲ့ ရင်ခွင်ထဲ တိုးဝင်ဖက်တွယ်မိတော့ Ommaက သူ့ပခုံးလေးကို ဖွဖွပုတ်လို့ နှစ်သိမ့်ပေးပါသည်။

''အဆင်ပြေသွားမှာပါ သားငယ်ရယ်... အရာအားလုံး အဆင်ပြေသွားမှာပါ...''

''ကျွန်တော်လေးငယ်ကိုချစ်တယ် Ommaရယ်... အရမ်းချစ်တာပါ...''

''Ommaသိတာပေါ့.... ငါ့သားလေးက Hunnieကို သိပ်ချစ်တာ Ommaသိတာပေါ့... အဲ့ဒီလိုပဲ လေးငယ်ကလည်း သားကိုဘယ်လောက်ချစ်လိုက်သလဲ... သားသိပါတယ်...''

''သားဘာပဲလုပ်လုပ် Ommaသားဘက်က ရှိနေမယ်မလား...''

''တလောကလုံးက ငါ့သားကို ခဲနဲ့ဝိုင်းပေါက်ကြရင်တောင် Ommaက ငါ့သားအရှေ့ကနေ အဆုံးထိ ကာကွယ်ပေးနေမှာပါ...''

''Saranghae Omma...''

''အဟင်း...ဟင်း.... သိတာပေါ့... Ommaသိပါတယ်...Ommaလည်း ငါ့သားလေးကို ဘယ်လောက်ချစ်လိုက်သလဲ...''

''သားOmmaဗိုက်ထဲမှာနေတုန်းက အရမ်းဆိုးတယ်ဆို...Appaပြောတာ... ညဆို Ommaဗိုက်ထဲမှာ တအားဆော့တာတဲ့...''

''ဟုတ်ပ... Ommaဆို ဒီကလေး ကြီးလာရင်တော့ ဘောလုံးသမားဖြစ်မယ်ထင်တယ်လို့တောင် ပြောမိခဲ့သေးတာ...''

''အဟင်း..ဟင်း... ကျွန်တော်ဆိုးခဲ့မိရင် တောင်းပန်ပါတယ်...Omma...''

လေးငယ်(လေးငယ်)(completed)Opowieści tętniące życiem. Odkryj je teraz