ထင်ချင်ရာထင်တတ်သည့် အစ်မနဲ့ယောက်ဖ...
ထင်မိပြီဆိုလျှင် မည်သူမှ နားချဖျောင်းဖျ၍ မရတော့သည်မို့ Yixingနှင့် Junmyeonခေါ်မည်ဆိုတော့ သူ မတားဖြစ်တော့...
လူစုံမှ ဖြစ်ကြောင်းရယ်ကုန်စင် ရှင်းပြတော့မည်ဆိုပြီး Sehun ပါးစပ်ပိတ်ထားလိုက်ပါတော့သည်။
လူစုံသည်အထိ စောင့်မိလိုက်တာကို နောင်တရမဆုံး ဖြစ်ခဲ့ပါသည်။
''သား..! သားလေး.... အားရီးဂူး... မိုးနတ်မင်း...! ကယ်ပါ...! Yerrr! Oh Sehun...! နင်ငါ့သားလေးကို ပန်းကောင်းအညွှန့်ချိုး နွားအို မြက်နုကြိုက် လုပ်လိုက်တာပေါ့လေ...''
''Yebo..! အဲ့လောက်ကြီး မပြောပါနဲ့... သူလည်းလေ လောကီသားပေးမို့ ရချင်ရှာမှာပေါ့... Yeboရယ်....''
''ငါနဲ့ နင်တို့သား ဘာမှမဖြစ်ဘူး Junmyeon...!''
''အော်ဟော်...! နင်က ပန်းကောင်းအညွှန့်ချိုးရုံမကဘူး! ကျောရရုံကြံလိုက်တာပေါ့လေ... ဒီမှာ...! Kim Junmyeonတဲ့...! တMyeonတည်းရှိတယ်... ငါ့သားက လူပျိုနုနုထွဋ်ထွဋ်လေး... ငါ့သားလေးကို မျက်နှာလွှဲခဲပစ်လုပ်လို့ကတော့ နင်တို့မိသားစုနဲ့ ငါနဲ့ ငယ်သူငယ်ချင်းစာရင်း အပြတ်ပဲ Oh Sehun...!''
အဲ့ဒီလို ထင်ရာမြင်ရာဇွတ်ပြောတတ်တဲ့ Junmyeonက ငယ်ငယ်ကအတိုင်း ဘာမှမပြောင်းလဲပဲ ပိုတောင်ဆိုးလာပါသေးသည်။
Yixingကတော့ မိန်းမကြောက်ပီပီ ဘာမှဝင်မပြောပဲ နံဘေးကနေသာ နှုတ်ဆိတ်၍ နေပါသည်။
ဟိုကလေးKim Jonginကို လှမ်းကြည့်လိုက်တော့လည်း မျက်နှာငယ်လေးနှင့် ဘာမှဝင်မပြော...
သူသိသည်။
ဒီကိစ္စ စ,လယ်,ဆုံး... အဲ့ဒီကောင်လေးနဲ့ တူတော်မောင် Byun Baekhyunမွှေတာ...
''ငါတို့ မောင်အစား ငါကပဲ အနူးအညွှတ် တောင်းပန်ပါတယ် Myeonရယ်...''
''ဟုတ်ပါတယ်...! ငါတို့ဘက်က တာဝန်ရှိတဲ့အတိုင်း ယောက်ဖကိုယ်စား... နင်တို့စိတ်တိုင်းကျ အားလုံးစီစဉ်ပေးမှာပါ...''
အစ်မတို့ကတော့ မျက်နှာပျက်မှာစိုး၍ထင် Yixingနှင့် Junmyeonကို အနူးအညွှတ် တောင်းပန်ပေးရှာပါသည်။