လေးငယ်(Double part)(Z+U)

3.7K 323 40
                                    

''ဟေး... ကိုယ်မင်းစားဖို့ လုပ်နေတယ်လေ... ငြိမ်ငြိမ်ထိုင်နေစမ်းပါ...''

''ချစ်လိုက်တာ လေးငယ်ရယ်...''

လေးငယ်ရဲ့ခါးကို ဖက်ထားပြီး ပခုံးပေါ် မေးတင်ထားတော့ လေးငယ်က ဘာမှဆက်မလုပ်ပဲ ငြိမ်နေပါသည်။

''အရမ်းပင်ပန်းနေလား Baby...''

''အွန်း... ပင်ပန်းပေမဲ့ အနားမှာ လေးငယ်ရှိလို့ ပျော်ပါတယ်...''

လေးငယ်ရဲ့ ဘယ်ဘက်လက်ကိုယူကာ လက်သူကြွယ်၌ လက်စွပ်လေးကို စွပ်ပေးလိုက်ပါသည်။

''Kim Jongin... ဒါ... ဒါက....''

''Couple ringလေ....! ဒီမှာ ကျွန်တော်လည်း ဝတ်ထားတယ်...''

''ပိုက်ဆံတွေ အလကားကုန်အောင် Kim Jonginရယ်...''

''လေးငယ်ကလည်း စုံတွဲလက်စွပ် ဝတ်ချင်လို့ပါဆို...''

''အွန်းပါ... ကိုယ်ကမင်းကို အပြစ်တင်တာ မဟုတ်ပါဘူး ကလေးရယ်...''

''သဘောကျရဲ့လားလေးငယ်...''

''မကျပါဘူး...''

''ဘာလို့လဲ လေးငယ်ရယ်...ဒီဇိုင်းမကြိုက်လို့လား...''

''မဟုတ်ပါဘူး...! မင်းလက်စွပ်ကျတော့ အကြီးကြီးပဲ... ငါ့လက်စွပ်ကျတော့ သေးသေးလေး...''

''အဟား... ဘာများလဲလို့ လေးငယ်ရယ်...! စုံတွဲလက်စွပ်တွေက အဲ့ဒီအတိုင်းပဲလေ... မိန်းကလေးအတွက်က သေးသေးလေးပဲ...''

''လခွမ်း... သောက်ကျိုးနဲ... ငါကမိန်းကလေးမှ မဟုတ်တာ...''

''လေးငယ်က လိမ္မာပါတယ် အဲ့ဒါလေးပဲဝတ်ပါ...''

''ဒီမှာ မင်းလည်းယောက်ျား..! ငါလည်းယောက်ျား... အဲ့ဒီတော့ မင်းဝတ်ထားတဲ့လက်စွပ်ကိုငါဝတ်မယ် မင်းကငါဝတ်ထားတဲ့လက်စွပ်ကိုဝတ်...''

''ဘာဆိုင်လို့လဲ လေးငယ်ရယ်...''

''ဟေး.... ငါက မင်းထက်အသက်ကြီးတယ်... အဲ့ဒီအချက်နဲ့တင် ငါဝတ်လို့ရတယ်...''

''တကယ်ကလေ... couple ringတွေက အသက်အရွယ်နဲ့ ဆုံးဖြတ်လို့ မရဘူး...! သူ့ပုံသေက ထည့်တဲ့လူက အကြီးဝတ်ပြီး.... အထည့်ခံရတဲ့လူက အသေးလေးဝတ်ရတာပဲ လေးငယ်ရဲ့...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now