လေးငယ်(12)++(Z+U)

5.6K 374 36
                                    

လေးငယ်က အမျိုးသမီးတစ်ယောက်နှင့်အတူ ရုပ်ရှင်ရုံထဲ ဝင်သွားခဲ့သည်။

နှစ်ယောက်သား ကားပေါ်ကမဆင်းဖြစ်ပဲ ငြိမ်သက်နေကြဆဲ

''အဲ့ဒါ လေးငယ်လက်ထပ်မယ်ဆိုတဲ့ အမျိုးသမီးပဲ Kim Jongin...''

လေးငယ်ရဲ့ရှားပါးလွန်းလှသည့် အပြုံးတွေကို မြင်ကတည်းက သူမဟာ လေးငယ်အတွက်အရေးပါတဲ့အမျိုးသမီးမှန်း သူသိလိုက်ပါသည်။

တဆက်တည်းမှာလည်း မနာလိုဖြစ်သွားမိပြန်တယ်...

ရင်ဘတ်ထဲမှာ ဟာတိဟာတာ ငိုရခက် ရယ်ရခက်...နာကျင်ရသည်။

''အဲ့ဒီ Noonaက ချောတယ်နော်Baekhyun...လေးငယ်နဲ့ဆို ဘယ်လောက်လိုက်ဖက်လိမ့်မလဲ...''

''အဲ့ဒါဆို လေးငယ်ကို မင်းကွာရှင်းပေးလိုက်လေ...! ပြီးတော့ ကျွန်တော်နောက်ဆုတ်ပေးပါတယ်ဆိုပြီး သူတို့နှစ်ယောက်ကို တစ်ခါတည်း မင်္ဂလာဆောင်ပေးလိုက်...!''

''မင်းကလည်း ငါမှလေးငယ်ကို ဘယ်သူ့မှမပေးနိုင်တာ...''

''ငါသိတယ်လေ... အဲ့ဒါကိုမင်းက ဘာ-င်ယားပြီး အဲ့ဒီNoonaချောတယ်နော် လေးငယ်နဲ့ဆို ဘယ်လောက်လိုက်ဖက်လိမ့်မလဲဆိုပြီး ဇာတ်နာတဲ့ပုံလုပ်နေတာလဲ...! ဒီမှာ Kim Jongin...! ငါတို့က Dramaရိုက်နေတာမဟုတ်ဘူး...! လိုချင်တာကို ရအောင်ယူရမှာပဲ...! ပြီးတော့ လေးငယ်အပေါ် မင်းချစ်တဲ့အချစ်ကို ဘယ်သူမှမယုံရင်တောင် ငါယုံတယ် ရှင်းလား...''

သူ့အတွက် သေတူရှင်ဘက် ရဲဖော်ရဲဘက်ပီသသည့် သူငယ်ချင်းကြီးကြောင့် သူအားတက်ရပါသည်။

''မင်းကငါ့အတွက် တကယ့်ကိုအဖိုးမဖြတ်နိုင်တဲ့ သူငယ်ချင်းကောင်းပဲ...Baekhyun...''

''မင်းဘာလုပ်ချင်လဲ Kim Jongin... အထဲကို လိုက်ဝင်သွားချင်လား...''

''အာ_____ ငါမလိုက်ချင်ပါဘူး.... အခုလောလောဆယ် အရာအားလုံးကို မေ့ပစ်လိုက်ချင်တယ်...''

~°~°~°~°~°~°~°~°~°~°~

နှစ်ယောက်သား အရက်တွေသောက် ကာရာအိုကေတွေသွားဆိုပြီး ပြန်လာတော့ ညဆယ့်နှစ်နာရီထိုးတော့မည်။

တစ်အိမ်လုံး မှောင်မည်းကာ တိတ်ဆိတ်နေပါသည်။

''လေးငယ်က အရက်သောက်တာ မကြိုက်ဘူး Kim Jongin... မျက်နှာသစ် သွားတိုက်ပြီးမှ အိပ်ယာဝင်ကြားလား...''

လေးငယ်(လေးငယ်)(completed)Where stories live. Discover now